ရှေ့သို့
Image

ရော်နယ်ဒိုရဲ့ ခြေစွမ်းကောင်းတွေအတွက် အထူးတလည် ချီးကျူးနေစရာတောင် မလိုတော့ပါဘူးလို့ ဆန်းတို့စ်ဆို

10:30 AM, 6 June

ပေါ်တူဂီနည်းပြ ဖာနန်ဒို ဆန်းတို့စ်က ယမန်နေ့ည ဆွစ်ဇာလန်နဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ၂ဂိုးသွင်းခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို အကြောင်း အထူးတလည် ချီးကျူးနေစရာ မလိုတော့ပါဘူးလို့ ဆိုခဲ့ပါတယ်။

ရော်နယ်ဒိုဟာ စပိန်နဲ့ နေးရှင်းလိဂ် အဖွင့်ပွဲမှာ အရန်ခုံမှာသာ ပါလာခဲ့ပြီး ယမန်နေ့ညပွဲမှာတော့ အသင်းတိုက်စစ်ကို ဦးဆောင်လာကာ ၂ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာ ယူရို ၂၀၁၆ဖလားကို ရော်နယ်ဒိုနဲ့အတူ ရယူခဲ့တဲ့ ဆန်းတို့စ်က ဝါရင့်တိုက်စစ်မှူးကို ချီးကျူးဖို့ စကားလုံးတောင် ရှာမရတော့ပါဘူးလို့ ဝန်ခံခဲ့ပါတယ်။

ဆန်းတို့စ်က “ကျွန်တော် ဘာပြောရမှန်းတောင် မသိပါဘူ။ သူက ကမ္ဘာ့အကောင်းဆုံး ကစားသမားဆိုတာပဲ ထပ်ပြောချင်ပါတယ်။ ဘာထပ်ပြောရဦးမှာလဲ။ ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ စကားထဲ အားလုံးပါသွားပြီထင်ပါတယ်” “ကျွန်တော်တို့ အသင်း လေ့ကျင့်ထားတဲ့အတိုင်း ကစားပြီး နိုင်ပွဲရရင် ကျေနပ်နေတဲ့ နည်းပြ၁ဦးပါ။ ပထမပိုင်းအစမှာတင် ကျွန်တော်တို့ ဘောလုံးယူပြီး ပွဲကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ပထမပိုင်းမှာ ၁ဂို၊ ၂ဂိုးလောက် ပိုသွင်းနိုင်ခဲ့သင့်ပါတယ်” “ဒုတိယပိုင်းမှာ ကစားအားကျသွားပေမဲ့ ကစားသမားတွေက စက်တွေမဟုတ်ပါဘူး။ အဲ့ဒီအချိန်မှာပဲ ကျွန်တော်တို့ ဂိုးထပ်သွင်းနိုင်ခဲ့ပါတယ်။ ဆွစ်ဇာလန်က ပြဿနာဖြစ်ပေမဲ့ ကျွန်တော်တို့ မှန်ကန်တဲ့ အဖြေတွေ အမြဲရှာတွေ့ခဲ့ပါတယ်။ ဒါက ပေါ်တူဂီ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုရမှာပါ”လို့ ဆိုခဲ့ပါတယ်။

#နေးရှင်းလိဂ် #ရော်နယ်ဒို #ဆွစ်ဇာလန် #ဖာနန်ဒိုဆန်းတို့စ်