ဟန်ဂေရီ လူငယ်ပရိသတ်တွေ လူမျိုးရေးခွဲခြားပေမယ့် အင်္ဂလန်က ဒူးဆက်ထောက်နေမယ်လို့ ကိုအာဒီ ပြောကြား
10:26 AM, 6 June
အင်္ဂလန်စတား ကိုအာဒီက ပွဲမတိုင်ခင် ဟန်ဂေရီကျောင်းသားလူငယ်ပရိသတ်တွေ လူမျိုးရေးခွဲခြားခဲ့ပေမယ့် အင်္ဂလန်အသင်းက ဒူးဆက်ထောက်မှာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ စနေနေ့တုန်းက အင်္ဂလန်အသင်းနဲ့ပွဲကို ဟန်ဂေရီလူငယ်ပရိသတ် ၃ သောင်းကျော် တက်ရောက်အားပေးခဲ့ပေမယ့် ပွဲမတိုင်ခင် ဒူးထောက်ရာမှာ အချို့တွေက အင်္ဂလန်ကစားသမားတွေကို booed လုပ်ခဲ့ကြတာဖြစ်ပါတယ်။
ဟန်ဂေရီပရိသတ်တွေ အရင်ပွဲတုန်းက လူမျိုးရေးခွဲခြားခဲ့တာကြောင့် ပြစ်ဒဏ်အနေနဲ့ တံခါးပိတ် ကစားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ဘောလုံးအဖွဲ့အစည်းက ယူအီးအက်ဖ်အေရဲ့ စည်းမျည်းအတိုင်း လူငယ်တွေကို ကွင်းထဲဝင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အင်္ဂလန်ဟာ အဆိုပါပွဲမှာ ခြေစွမ်းကောင်းတွေမပြသနိုင်ခဲ့ပဲ ၁-၀ ဂိုးနဲ့ ဟန်ဂေရီအသင်းကို အရေးနိမ့်ခဲ့ပါတယ်။ သတင်းဌာနနဲ့အင်တာဗျူးမှာ ကိုအာဒီက “ကျွန်တော်တို့ အဲ့တာကို ကြားခဲ့ပါတယ်။ အသင်းအနေနဲ့ ကျွန်တော်တို့ စကားပြောဖြစ်ခဲ့ပါတယ်။ တစ်ဦးချင်းအနေနဲ့ကော ပြောဖြစ်ပါတယ်။ ကျွန်တော်တို့လုပ်နေတာကို လူတွေ နားလည်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အနာဂတ်မှာလည်း ကျွန်တော်တို့ ဒီလိုလုပ်တာကို ရပ်တန့်သွားမှာ မဟုတ်ပါဘူး”လို့ ကိုအာဒီက ပြောကြားခဲ့ပါတယ်။
အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကလည်း လူငယ်ပရိသတ်တွေ အခုလိုမျိုးလုပ်တာကို တုန်လှုပ်ချောက်ချားမိတယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော် အရမ်းကိုအံ့သြမိခဲ့ပါတယ်။ သူတို့ဘာကြောင့်လုပ်ရလဲဆိုတာ ကျွန်တော်တွေးဖြစ်ပါတယ်။ လူငယ်တွေက လူကြီးတွေဆီကနေ သင်ယူရတာပါ။ ကျွန်တော်တို့ကွင်းထဲကိုရောက်လာချိန်မှာ ဒီကလေးတွေက လမ်းအတွင်းတွေထဲမှာရှိခဲ့ကြသူတွေပါ။ တကယ့်သူငယ်ချင်းလိုပါပဲ။ ကျွန်တော်တို့လမ်းလျှောက်သွားချိန်မှာ နှုတ်တောင်ဆက်ကြပါတယ်။ ဒါပေမယ့် အသင်း လေ့ကျင့်ခန်းလုပ်ချိန် နဲ့ ဒူးထောက်ချိန်မှာတော့ မတူညီတဲ့သူတွေဖြစ်သွားပါတယ်။ ကျွန်တော်တို့ကွင်းတုန်းကလည်း အဲ့လိုမျိုးပါပဲ။ ကျွန်တော်တို့ ဒီနေ့မှာ ကောင်းကောင်းမကစားနိုင်ခဲ့တာကြောင့် အနိုင်မရခဲ့ပါဘူး။ အဲ့တာ ဝေဖန်မှုတစ်ခုဖြစ်သွားစေပါတယ်”လို့ ဆောက်ဂိတ်က ပြောကြားခဲ့ပါတယ်။