ရှေ့သို့
Image

အကီအတွက် နယူးကာဆယ်ကို ပေါင်သန်း ၅၀ တောင်းဆိုလိုက်တဲ့ မန်စီးတီး

10:24 AM, 6 June

နယူးကာဆယ်အသင်း အနေနဲ့ အကီကိုလိုချင်တယ်ဆိုရင် ပေါင်သန်း ၅၀ ပေးရမယ်လို့ ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးက တောင်းဆိုလိုက်ပါတယ်။ ကာဆယ်နည်းပြ ဟိုဝီက ဘုန်းမောက်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ နယ်သာလန်သားကို စိတ်ဝင်စားနေပြီး လာမယ့်ရာသီခံစစ်ပိုင်းကို အားဖြည့်လိုနေတာဖြစ်ပါတယ်။

ဟိုဝီဟာ ဇန်နဝါရီတုန်းကလည်း အကီကို လိုချင်ခဲ့သေးတာဖြစ်ပြီး အခုနွေရာသီမှာတော့ ထိပ်တန်းပစ်မှတ်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ ယခင်ဘုန်းမောက်မှာတုန်းက ဟိုဝီနဲ့အကီတို့ ၄ နှစ်ကြာလက်တွဲခဲ့သေးတာဖြစ်ပြီး ၂၀၂၀ မှာ စီးတီးကို ပေါင်သန်း ၄၀ နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမယ့် အသက် ၂၇ နှစ်သားဟာ ဂွါဒီယိုလာက်အောက်မှာ အဓိကကစားသမားတစ်ဦးအဖြစ် ပါဝင်ကစားခဲ့ပေမယ့် ဒီယက်စ် ၊ လာပေါ်တီ ၊ ဂျွန်စတုန်းတို့နောက်မှသာ ကစားခွင့်ရရှိနေတာဖြစ်ပါတယ်။ အကီဟာ စီးတီးနဲ့အတူ ပရီးမီးယားလိဂ် ၂ ကြိမ် ၊ ကာရာဘောင်ဖလား ၁ ကြိမ် ရယူထားနိုင်ခဲ့ပြီး အခုနွေရာသီမှာ အသင်းပြောင်းရဖို့များနေပါတယ်။

အခြားတစ်ဖက်မှာ နယူးကာဆယ်ဟာ ရင်းစ်အသင်းတိုက်စစ်မှူး ဟူဂိုကို ပေါင် ၃၆ သန်းနဲ့ ခေါ်ယူနိုင်တော့မှာဖြစ်ပြီး လိုင်ယွန်စတား ပါကွေတာကိုလည်း ဆက်လက်စောင့်ကြည့်နေပါတယ်။ ဒါ့အပြင် လေဗာကူဆင်တောင်ပံကစားသမား ဒီယာဘီကိုလည်း စောင့်ကြည့်နေပြီး ပြီးခဲ့တဲ့ဇန်နဝါရီတုန်းက ဒန်ဘမ်း ၊ ခရစ္စဝုဒ် ၊ ဘရူနိုဂူမာရေးစ် ၊ ထရစ်ပီယာ နဲ့ တာဂတ်တို့ကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။

နယူးကာဆယ်အသင်းပိုင်ရှင်တွေက အခုနွေရာသီမှာလည်း အသင်းကို ထပ်မံအားဖြည့်လိုနေတာဖြစ်ပြီး ခေါ်ယူမှုအများအပြားပြုလုပ်ဖွယ်ရှိနေပါတယ်။

#နယူးကာဆယ် #အကီ #ဘုန်းမောက်လ် #ဟိုဝီ