ပေါ်တူဂီ ဂိုးပြတ် အနိုင်ရပြီး စပိန်သရေကျခဲ့တဲ့ ယမန်နေ့ည နေးရှင်းလိဂ်ပွဲစဉ်တွေအပြီး သုံးသပ်ချက်
8:57 AM, 6 June
ယမန်နေ့ည နေးရှင်းလိဂ်ပွဲစဉ်တွေမှာ ပေါ်တူဂီက ဆွစ်ဇာလန်ကို ဂိုးပြတ် အနိုင်ရခဲ့ပြီး စပိန်ကတော့ ချက်နဲ့ သရေကျသွားခဲ့ပါတယ်။
ပွဲချိန် ၁၅မိနစ်မှာတင် ဝီလျံ ကာဗယ်ဟိုက ရော်နယ်ဒိုရဲ့ ဖရီးကစ်ကနေ ရောက်လာတဲ့ ဘောလုံးကို ပိတ်သွင်းယူကာ ပေါ်တူဂီအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ရော်နယ်ဒိုက ပေါ်တူဂီအတွက် ဂိုးပြတ်စေမယ့် သွင်းဂိုးတွေကိုသာ ၄မိနစ်သာခြားပြီး ၂ဂိုးဆက် သွှင်းယူခဲ့ပါတယ်။
ဒုတိယပိုင်းမှာ မန်စီးတီး ကစားသမား ကန်ဆယ်လိုက တစ်ကိုယ်တော်အစွမ်းနဲ့ ပေါ်တူဂီအတွက် စတုတ္ထဂိုးကို သွင်းယူခဲ့ပါတယ်။ စပိန်အသင်းကတော့ ချက်ကို သရေရအောင် နောက်ဆုံးမိနစ်ထိ အသည်းအသန် ကစားခဲ့ရပါတယ်။
ပွဲချိန် ၄မိနစ်မှာတင် ပီဆက်က ချက်အတွက် ဦးဆောင်ဂိုးကို အနီးကပ်ပိတ်သွင်းကာ ရယူပေးခဲ့ပါတယ်။ ဒါပေမဲ့ ပထမပိုင်းပြီးခါနီးမှာ ဂါဗီက စပိန်အတွက် ချေပဂိုးကို ပြန်လည် သွင်းယူပေးခဲ့ကာ အသင်းသမိုင်းတစ်လျောက် အသက်အငယ်ဆုံး ဂိုးသွင်းသူ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ၆၆မိနစ်မှာ ကတ်ချာက ချက်အတွက် ဦးဆောင်ဂိုး ထပ်သွင်းခဲ့တာကြောင့် စပိန်တို့ ချေပဂိုးရအောင် အသည်းအသန် ကစားခဲ့ရပြီး ခံစစ်မှူး မာတီနက်ဇ်ရဲ့ နောက်ဆုံးမိနစ်ဂိုးကြောင့် အဝေးကွင်းမှာ သရေ၁မှတ် ရခဲ့ပါတယ်။
အခြားပွဲရလဒ်များ
===============
ဆွီဒင် ၁ - ၂ နော်ဝေ
ဆားဘီးယား ၄ - ၁ ဆလိုဗေးနီးယား
ဆိုက်ပရက်စ် ၀ - ၀ မြောက်အိုင်ယာလန်
ကိုဆိုဗို ၀ - ၁ ဂရိ
ဂျီဘရော်လ်တာ ၀ -၂ မြောက်မက်ဆီဒိုးနီးယား
ဘူလ်ဂေးရီးယား ၂ - ၅ ဂျော်ဂျီယာ
ဆန်မာရီနို ၀ - ၂ မော်လ်တာ