ရှေ့သို့
Image

ပေါ့ဂ်ဘာဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်လို့ ပြောလိုက်တဲ့ ဆက်ဇနီ

11:09 AM, 4 June

ဒီနွေရာသီ ပြင်သစ်နိုင်ငံသားရဲ့ ဂျူဗင်တပ်စ်သို့ ဖြစ်နိုင်ချေရှိတဲ့ ပြောင်းရွေ့လာမှုမတိုင်ခင်မှာ အာဆင်နယ် အသင်းရဲ့ ဂိုးသမားဟောင်းဖြစ်သူ ဆက်ဇနီက ပေါ့ဂ်ဘာကို ချီးကျူးပြောဆိုလိုက်တာဖြစ်ပါတယ်။

စာချုပ်သက်တမ်းကုန်ဆုံးတဲ့အချိန်မှာ ယူနိုက်တက်ကနေ ဒုတိယအကြိမ်ထွက်ခွာမယ်လို့ ကမ္ဘာ့ဖလားဆုရှင်က ကြေညာခဲ့တာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံသား နောက်ထပ်ပြောင်းရွေ့မယ့် အသင်းနှင့်ပတ်သက်ပြီး ကောလာဟလတွေထွက်နေပြီး နွေရာသီအပြောင်းအရွေ့မတိုင်ခင်မှာ ဂိုးသမားက ကွင်းလယ်ကစားသမားနှင့်ပတ်သက်ပြီး ပြောဆိုလိုက်တာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်သို့ ရောက်လာမယ်ဆိုရင် သူနဲ့သူ့ရဲ့အသင်းဖော်တွေက ပေါ့ဂ်ဘာကို ကြိုဆိုကြမှာလားလို့မေးရာတွင် "ဒီလိုဖြစ်လာမယ်ဆိုရင် ကျွန်တော်လည်းပျော်မိပါတယ်။ ဂျူဗင်တပ်စ်မှာ ကစားခဲ့တဲ့အချိန်တုန်းက သူက အရမ်းကိုကောင်းခဲ့တဲ့သူပါ။ အသင်းအတွက်လည်း ကောင်းမွန်တဲ့ အင်အားဖြည့်တင်းမှုဖြစ်မှာပါ" "သူဟာ အတွေ့အကြုံရင့် ကစားသမားဖြစ်ပြီး တူရင်မှာလည်း ကောင်းမွန်တဲ့အမှတ်ရမှုတွေရှိနေခဲ့သူဖြစ်ပါတယ်" "လွန်ခဲ့တဲ့ ၂ နှစ်က ကစားခဲ့တဲ့ပွဲတွေမှာ သူက ခြေစွမ်းတည်ငြိမ်ခဲ့ပြီး သူ့ရဲ့ဒဏ်ရာတွေကသာ ယူနိုက်တက်အတွက် အကူအညီမဖြစ်စေခဲ့တာပါ။ ဒါပေမဲ့ သူပြန်ကောင်းလာတဲ့အချိန်မှာ ပေါ့ဂ်ဘာက ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်နေတုန်းပါပဲ" လို့ ဆက်ဇနီက ဖြေကြောင်း The Sun ကဖော်ပြထားပါတယ်။

၂၀၁၂ခုနှစ်တုန်းက အီတလီအသင်းကြီးဟာ ပေါ့ဂ်ဘာကို အလွတ်ပြောင်းရွေ့ကြေးဖြင့် ခေါ်ယူခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်က သူကို ပေါင် ၈၉ သန်း သုံးကာ အိုးထရက်ဖို့ဒ်သို့ ပြန်လည်ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။ အခုချိန်မှာတော့ သူဟာ နောက်ထပ်တစ်ကြိမ် Free Agent ဖြစ်သွားပြီဖြစ်ပါတယ်။ ၂၀၁၆ခုနှစ်မှာ ပေါ့ဂ်ဘာဟာ အိုးထရက်ဖို့ဒ်သို့ ပြန်လည်ပြောင်းရွေ့ခဲ့တာဖြစ်ပြီး ယူနိုက်တက်ကို ပရီးမီးယားလိဂ်ရဲ့အမြင့်ဆုံးမှာရှိနေဖို့ ကူညီပေးနိုင်မယ်လို့ မျှော်လင့်ခဲ့ကြတာဖြစ်ပါတယ်။

သို့သော်လည်း ပြင်သစ်နိုင်ငံသားဟာ အီတလီမှာ အမှတ်ပေးဖလား ၄ ကြိမ်၊ ကိုပါအီတာလီယာဖလား ၂ကြိမ်၊ စူပါကိုအီတာလီယာဖလား ၂ ကြိမ် ရရှိခဲ့သလို ခြေစွမ်းပြသနိုင်ခြင်းမရှိခဲ့ဘဲ ယူနိုက်တက်မှာ ရှိခဲ့တဲ့ ၆နှစ်တာ ကာလအတွင်းမှာ ဆုဖလား ၁ ကြိမ်သာရရှိခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီးကိုလည်း ကစားသမားကို စိတ်ဝင်စားနေကြသော်လည်း ဂျူဗင်တပ်စ်ကတော့ ပေါ့ဂ်ဘာကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက်ရှိနေပါတယ်။

လကုန် ယူနိုက်တက်ကနေ Free Agent ဖြင့်ထွက်ခွာတဲ့အချိန်မှာ ပေါ့ဂ်ဘာဟာ သစ္စာရှိဆုကြေးအနေဖြင့် ပေါင် ၃.၇၅ သန်းကိုလည်း ရရှိမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပေါ့ဂ်ဘာ #ဆက်ဇနီ