ရှေ့သို့
Image

ရှေ့လာမယ့် ကစားသမားဘဝ အနာဂတ်နဲ့ ပတ်သက်လို့ ပြောကြားလိုက်တဲ့ မိုရာတာ

10:57 AM, 4 June

စပိန်တိုက်စစ်ကစားသမား မိုရာတာဟာ ဂျူဗင်တပ်အသင်းမှာ အငှားသွားရောက်ကစားခဲ့ စာချုပ်သက်တမ်း နှစ်ရာသီ ကုန်ဆုံးပြီးနောက် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ ပြောကြားလိုက်ပါတယ်။

ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်းဟာ ဂျူဗင်တပ်အသင်းထံကို အက်သလက်တီကို အသင်းထံမှ အငှားသွားရောက် ကစားနေခဲ့တာ စာချုပ်သက်တမ်းကုန်ဆုံးပြီ ဖြစ်လို့ ရာသီကုန်လျှင် အက်သလက်တီကို အသင်းထံ ပြန်လည်ပူးပေါင်းရတော့မှာပါ။ ဒါကြောင့် ကစားသမားဟာ သူ့ရဲ့ အနာဂတ်တဲ့ နဲ့ ပတ်သက်လို့ နောက်ရာသီနဲ့ ပတ်သက်လို့ လုပ်စရာအလုပ်တော်တော်များများ ရှိနေပါတယ်။

Football Italia မှာတော့ ကစားသမားဟာ သူ့ရဲ့ ရှေ့ရေးနဲ့ ပတ်သက်လို့ "အဲ့ဒါက ကျွန်တော့်အပေါ် မူတည်မနေပါဘူး ။ ကျွန်တော် ဘာမှ လုပ်လို့ မရသေးပါဘူး။ဒါပေမယ့် ကျွန်တော်ကစားဖို့ စိတ်ဝင်စားတဲ့ အသင်းမျိုးဆီကိုတော့ သွားချင်ပါတယ်"လို့ ပြောခဲ့ပါတယ်။

၂၉ နှစ်အရွယ် မိုရာတာဟာ ပြီးခဲ့တဲ့ ရာသီက ဂျူဗင်တပ်အသင်းနဲ့ ၄၈ ပွဲ ကစားခဲ့ပြီး ၁၂ ဂိုးသွင်းယူခဲ့ကာ ဂိုးဖန်တီးမှု ၉ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ မိုရာတာဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စပိန်အသင်းနဲ့ ပေါ်တူဂီအသင်းတို့ ၁-၁ သရေကျခဲ့တဲ့ ပွဲစဉ်မှာလဲစပိန်အသင်းအတွက် တစ်လုံးထဲသော သွင်းဂိုးကိုသွင်းယူပေးခဲ့ပါတယ်။

ကစားသမားဟာ ဂျူဗင်တပ်မှာ ကစားစဉ်ကာလမှာတော့ ဂျူဗင်တပ်နည်းပြ မက်စီမီလီယာနို အယ်လီဂရီရဲ့ စိတ်ကြိုက် တိုက်စစ်မှုးတစ်ယောက် ဖြစ်ခဲ့ပါတယ်။ သို့သော် အက်သလက်တီကို မက်ဒရစ် နည်းပြ ဆီမြွန်နီကတော့ ကစားသမားကို ချဲလ်ဆီးအသင်းထံမှ ၂၀၂၀ ခုနှစ်မှာဝယ်ယူပြီး ဂျူဗင်တပ်အသင်းထံကို ချက်ချင်း ပြန်လည် အငှားချခဲ့ပါတယ်။

သူဟာ အက်သလက်တီကို အသင်းကို အပြီးသတ် မပြောင်းရွေ့ခင်တုန်းကတော့ ချဲလ်ဆီးအသင်းကနေ အက်သလက်တီကို အသင်းထံ ၂၀၁၉ ဆောင်းရာသီအပြောင်းအရွေ့ကနေ စတင်ကာ ၂၀၂၀ ရာသီကုန်အထိ ၁၈ လကြာ အငှားကစားပေးခဲ့ပါတယ်။ သူဟာ အက်သလက်တီကို အသင်းအတွက်  အငှားကစားသမားဘဝအဖြစ်နဲ့ပဲ ၆၂ ပွဲ ကစားကာ ၂၂ ဂိုးအထိဂိုးသွင်းယူပေးထားခဲ့ပါတယ်။ သို့သော် ၂၀၂၀ ရာသီပြီးချိန်မှာတော့ သူဟာ နည်းပြရဲ့ အစီအစဉ်မှာလမပါဝင်တော့လို့ ဂျူဗင်တပ်အသင်းထံ အငှားသွားရောက် ကစားခဲ့ရပါတယ်။

မိုရာတာရဲ့အေးဂျင့်ဖြစ်သူ ဂျူအန်မာ လိုပက်စ်ကတော့ ၂၀၂၀ ခုနှစ်က ကစားသမား ဂျူဗင်တပ်နဲ့ အငှား စာချုပ်ချုပ်စဉ်မှာ ကစားသမားဟာ အငှားစာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ဂျူဗင်တပ်အသင်းက အပြီးသတ်ခေါ်ယူပါလိမ့်မယ်လို့ ပြောထားခဲ့ပါတယ်။ ဒါပေမယ့် စီးရီးအေမှာ အဆင့်လေးနဲ့ ရာသီသိမ်းထားခဲ့တဲ့ ဂျူဗင်တပ်အသင်းအနေနဲ့ ကစားသမားကို အပြီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားပုံမရ ဖြစ်နေပါတယ်။

"ကျွန်တော့်အမျိုးသမီးနဲ့ ကလေးတွေကတော့ ကျွန်တော် ဘယ်သွားသွား လိုက်နေကြမှာပါ။ ကျွန်တော့်မှာ ဦးစားပေးရွေးချယ်ရမယ့် အရာတွေ ရှိနေပါတယ်"လို့မိုရာတာက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

#စီးရီးအေ #မိုရာတာ #ဂျူဗင်တပ်စ်