ရှေ့သို့
Image

နောက်ထပ် မုဒိမ်းမှုတစ်ခုအတွက် အရေးယူခံရမယ့် မန်စီးတီးနောက်ခံလူ မန်ဒီ

4:15 PM, 3 June

မန်စီးတီးစတား ဘင်ဂျမင်မန်ဒီတစ်ယောက် နောက်ထပ်မုဒိမ်းမှုတစ်ခုကြောင့် အရေးယူခံရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါနောက်ဆုံးအမှုကို Chester Crown Court တရားရုံးကနေ စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မန်ဒီတစ်ယောက် မုဒိမ်းမှု ၈ မှုအထိ ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လတုန်းက မန်ဒီတစ်ယောက် အမှုတွေအတွက် အသနားခံလွှာတင်ထားပေမယ့် နောက်ဆုံးအမှုကြောင့် အသနားခံခွင့်ရတော့မှာမဟုတ်ပါဘူး။

ပြစ်မှုအားလုံးကို သူ့ရဲ့အိမ်လိပ်စာနေရာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ၂၀၁၈ အောက်တိုဘာကနေ ပြီးခဲ့တဲ့နှစ် သြဂုတ်လအထိ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မန်ဒီဟာ အသက်ငယ်ရွယ်တဲ့အမျိုးသမီးငယ်တွေအပေါ်မှာ ကိုယ်ထိလက်ရောက်စော်ကားမှုအပါအဝင် မုဒိမ်းမှုတွေပါ ကျူးလွန်ခဲ့တာဖြစ်ပါတယ်။

အဆိုပါအရေးယူခံရပြီးနောက် မန်ဒီတစ်ယောက် မန်စီးတီးအသင်းလူစာရင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။ မန်ဒီဟာ ၂၀၁၇ တုန်းက မိုနာကိုကနေ မန်စီးတီးကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ #မန်စီးတီး #မန်ဒီ