ရှေ့သို့
Image

ပေါ့ဂ်ဘာနဲ့ လင်ဂတ်တို့ပြီးနောက် ယူနိုက်တက်ကနေ ထွက်ခွာခဲ့တဲ့ မာတာကို နှုတ်ဆက်ခဲ့ကြတဲ့ ယူနိုက်တက် ပရိသတ်များ

10:21 AM, 3 June

ပေါ့ဂ်ဘာနဲ့ လင်ဂတ်တို့ထွက်ခွာပြီးနောက် ယူနိုက်တက်ကွင်းလယ်လူ ဟွမ်မာတာက ယူနိုက်တက်ကနေ ထွက်ခွာတဲ့နောက်ဆုံး ကစားသမားဖြစ်လာခဲ့ပြီး ယူနိုက်တက်ပရိသတ်တွေက နှုတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။

ယူနိုက်တက်ဘက်က အသက် ၃၄ နှစ်သားဟာ အသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုခဲ့ပြီး မာတာဟာ ချဲလ်ဆီးအသင်းကနေ ၂၀၁၄ ဇန်နဝါရီတုန်းကနေ ပေါင် ၃၇.၁ သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ကာ အခုလအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။ စပိန်သားဟာ ပေါ့ဂ်ဘာနဲ့ လင်ဂတ်တို့လမ်းစဉ်ကို လိုက်မှာဖြစ်ပြီး အဆိုပါကစားသမား ၂ ဦးကလည်း နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တာကြောင့် အသင်းကနေ ထွက်ခွာလိုနေတာဖြစ်ပါတယ်။

ဒါပေမယ့် ပေါ့ဂ်ဘာ နဲ့ လင်ဂတ်တို့နဲ့ မတူတာက မာတာဟာ အသင်းပရိသတ်တွေရဲ့အချစ်တော်ဖြစ်ပြီး ယူနိုက်တက်အတွက် ပွဲပေါင်း ၂၈၅ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။ မာတာဟာ အသင်းနဲ့အတူ အက်ဖ်အေဖလား၊ ကာရာဘောင်ဖလား နဲ့ ယူရိုပါလိဂ်ဖလားတွေရယူနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ဖလားတော့ ရယူနိုင်ခြင်းမရှိတာဖြစ်ပါတယ်။

“အသင်းအတွက် ကစားပေးခဲ့ရတဲ့ ၈ နှစ်တာကာလအတွက် ကျေးဇူးတင်ပါတယ်။ အသင်းမှာရှိတဲ့လူတိုင်း အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”လို့ ဟွမ်မာတာက ရေးသားတင်ခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်တွေကလည်း အသင်းမှာ ၈ နှစ်တာ ကစားပေးခဲ့တဲ့ မာတာတစ်ယောက် အဆင်ပြေပါစေလို့ ဆုမွန်ကောင်းတောင်းပေးခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်တစ်ဦးတွေကတာ့ ပေါ့ဂ်ဘာ နဲ့ လင်ဂတ်ထွက်ခွာမှုကို ဂရုမစိုက်ကြောင်းနဲ့ မာတာထွက်ခွာမှုကိုတော့ စိတ်ပျက်မိတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

“အခြားသူ ၂ ယောက်ထွက်ခွာတာကို ဘာမှာစိတ်မပျက်ပေမယ့် ဒီတစ်ယောက်ထွက်ခွာတာက တော်တော်လေးနာကျင်ရပါတယ်။ ကျေးဇူးတင်ပါတယ် မာတာရေ။ ငါတို့က မင်းနဲ့ မထိုက်တန်ပါဘူး”လို့  တွစ်တာမှာ ရေးသားခဲ့ပါတယ်။

နောက်ထပ်ပရိသတ်တစ်ဦးကလည်း မာတာကို ကျေဇူးတင်တဲ့အကြောင်း ပြောကြားခဲ့ပြီး ချီးကျူးစကားလည်း ဆိုခဲ့ပါတယ်။

“အကောင်းဆုံး ကစားသမားတစ်ဦးပါ။ အင်္ကျီတွေအကုန်သူ့ကိုပေးလိုက်ပါ။ ဖာဂီရဲ့ အကောင်းဆုံး ခေါ်ယူမှုတွေထဲကတစ်ခုပါ”လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။ “အားလုံးအဆင်ပြေပါစေ မာတာရေ။ ငါတော့ မင်းကိုလွမ်းနေမှာပါ။ တစ်နေနေ့မှာ ဒါရိုက်တာအနေနဲ့ နောက်တစ်ကြိမ် ပြန်တွေ့ချင်ပါတယ်”လို့ နောက်ထပ်ပရိသတ်တစ်ဦးက တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်တွေကတော့ ဒီရာသီအသင်းရဲ့စွမ်းဆောင်ရည်ကို စိတ်ပျက်နေကြသလို အသင်းကလည်း အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ မာတာဟာ ယူနိုက်တက် အတွက် ဒီရာသီ ၁၂ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့ပြီး နောက်ဆုံးယူနိုက်တက်အကျီကို ခရစ္စတယ်ပဲလေ့စ်အသင်းကို ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဝတ်ဆင်ခဲ့ပါတယ်။

ယူနိုက်တက်နည်းပြသစ် တန်ဟက်ကတော့ အသင်းကို ပြန်လည်တည်ဆောက်လိုနေပြီး မလိုအပ်တဲ့ ကစားသမားတော်တော်များများကို ရှင်းထုတ်ဖို့ ပြင်ဆင်နေကာ အဲ့ထဲမှာ မာတစ် နဲ့ ကာဗာနီတို့လည်း ထွက်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မာတာ #ပေါ့ဂ်ဘာ #လင်ဂတ် #အဲရစ်တန်ဟက်