ရှေ့သို့
Image

စပိန်နဲ့ ပွဲမှာ ရော်နယ်ဒိုကို အရန်ခုံထိုင်ခိုင်းခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ဖာနန်ဒို ဆန်းတို့စ် ကာကွယ်ပြောကြား

9:41 AM, 3 June

ဖာနန်ဒို ဆန်းတို့စ်က ယမန်နေ့ည စပိန်နဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ခရစ္စတီယာနို ရော်နယ်ဒိုကို အရန်ခုံမှာ ထိုင်ခိုင်းထားတာ ဘာပြဿနာမှ မရှိဘူးလို့ ဆိုပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ကို ကာကွယ် ပြောကြားခဲ့ပါတယ်။

စပိန်အတွက် ဦးဆောင်ဂိုးကို ၂၅မိနစ်မှာ မိုရာတာက သွင်းယူခဲ့ပေမဲ့ ဟိုတာက ပေါ်တူဂီအတွက် ချေပဂိုး ပြန်သွင်းသွားခဲ့ပါတယ်။ ပွဲအပြီးမှာ ဆန်းတို့စ်က ရော်နယ်ဒိုကို အရန်ခုံထိုင်ခိုင်းခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ကာ ပေါ်တူဂီအသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ချီးကျူးခဲ့ပါတယ်။

ဆန်းတို့စ်က “ဘာမှ ချုပ်ကိုင်ထားတာမျိုး မရှိပါဘူး။ ပွဲတိုင်းမှာ အစီအစဉ်တွေက ရှိမှာပါပဲ။ ဒီနေ့က သူ့ကို အစကတည်းက မထည့်တာ ကျွန်တော့်အတွက် အကောင်းဆုံးအဖြေ ဖြစ်နိုင်လို့ပါ” “ဒီနေ့မှာ မတူညီတဲ့ အရာတွေနဲ့ မတူညီတဲ့ အားထုတ်ပုံ၊ နေရာယူပုံတွေနဲ့ ပေါ်တူဂီအသင်းကို မြင်ခဲ့ရပါတယ်။ ဒါက ကျွန်တော်တို့အတွက် အကောင်းဆုံး အဖြေဖြစ်နိုင်ပြီး ကျွန်တော် သူ့ကို ကွင်းထဲလိုအပ်ချိန် ခရစ္စတီယာနိုက အမြဲရှိနေပါတယ်။ အဲ့ဒါကို ကျွန်တော် သိပြီးပါပြီ။ ဒါက ပုံမှန် တည်ဆောက်ပုံတစ်ခုပါပဲ”လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ဆန်းတို့စ်က “ရလဒ်ပိုင်းအတွက် စိတ်မကောင်းပေမဲ့ စွမ်းဆောင်ရည်အပေါ် ကျေနပ်ပါတယ်။ စပိန်ကို သရေကစားနိုင်ခဲ့တာက စိတ်ဝင်စားစရာကောင်းတဲ့ရလဒ်ဖြစ်လို့ ဒီရလဒ်အပေါ် ကျွန်တော် ကျေနပ်ပါတယ်” “ဒါက ကျွန်တော်တို့အတွက် ရလဒ်ကောင်းမဟုတ်ပေမဲ့ ဒီထက်ပိုလုပ်နိုင်မယ့် လူစာရင်းအတွက် ကောင်းတဲ့ရလဒ်တစ်ခုလို့ ပြောနိုင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ပေါ်တူဂီအသင်းဟာ တနင်္ဂနွေနေ့ အုပ်စုA2ပွဲစဉ်အဖြစ် ဆွစ်ဇာလန်နဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး စပိန်ကတော့ ချက်နဲ့ ကစားရမှာပါ။

#စပိန် #နေးရှင်းလိဂ် #ရော်နယ်ဒို #ဖာနန်ဒိုဆန်းတို့စ်