ရှေ့သို့
Image

ဘိုဝင်နဲ့ ဂျက်စတင်တို့ကို အင်္ဂလန် လက်ရွေးစင် ပွဲဦးထွက် ကစားခွင့်ပေးဖွယ်ရှိတဲ့ ဆောက်ဂိတ်

3:43 PM, 2 June

အင်္ဂလန်အသင်းဟာ ဟန်ဂေရီနိုင်ငံ ဘူဒါပက်စ်မှာ ဟန်ဂေရီအသင်းနဲ့ စနေနေ့ကျရင် ကစားရမှာဖြစ်ပြီး အင်္ဂါနေ့မှာတော့ ဂျာမနီအသင်းကို မြူးနစ်မှာ သွားရောက်ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြဆောက်ဂိတ်ရဲ့ သူ့ရဲ့ကစားသမားအများစုဟာ ခက်ခဲတဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရတာကြောင့် ပွဲပန်းနေသူတွေ များနေပါတယ်။

အဲ့ဒါကြောင့် လာမယ့်နိုင်ငံပွဲစဉ် ၂ ပွဲမှာတော့ ပရီးမီးယားလိဂ် နည်းပြတွေရဲ့ ဒေါသကို မဖြစ်မနေ ရှောင်ရှားဖို့ လိုအပ်နေပါတယ်။ ဆောက်ဂိတ်ဟာ လီဗာပူးနောက်ခံလူ ထရန်အလက်ဆန်းဒါးအာနိုးနဲ့လည်း ဂျာမနီနဲ့ပွဲပြီးမှာ အားလပ်ရက်ပေးဖို့ သဘောတူထားပါတယ်။ နေးရှင်းလိဂ်ပွဲစဉ်တွေကလည်း နိုင်ငံလက်ရွေးစင်နည်းပြတွေအတွက် အရေးပါတဲ့ ပွဲတွေဖြစ်ပါတယ်။

အင်္ဂလန်ဟာ နောက်တစ်ပတ် စနေကျရင် အီတလီကို ဝုဗ်အသင်းရဲ့ မိုလီနက်စ်ကွင်းမှာ ရင်ဆိုင်ဖို့ရှိပြီး ဇွန်လ ၁၄ ရက်နေ့မှာ ဟန်ဂေရီကို ဆက်လက်ရင်ဆိုင်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဝက်စ်ဟမ်းတိုက်စစ်ကစားသမား ဂျရော့ဘိုဝင်နဲ့ လက်စတာညာနောက်ခံလူ ဂျိမ်းစ်ဂျက်စတင်တို့အနေနဲ့ အဆိုပါပွဲစဉ်တွေမှာ ပွဲဦးထွက် ကစားခွင့်ရရှိလာဖို့ ရှိနေပါတယ်။

အင်္ဂလန်ဟာ ကမ္ဘာ့ဖလားမတိုင်း အီတလီ၊ ဂျာမနီတို့နဲ့လည်း စက်တင်ဘာလထဲမှာ ကစားဖို့ရှိနေပါသေးတယ်။ ဟန်ဂေရီနဲ့ စနေနေ့ပွဲစဉ်မှာတော့ အိမ်ရှင်ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားမှုတွေကြောင့် ဘူဒါပက်စ်ကွင်းတစ်ဝက်သာ ပရိသတ်ဝင်ရောက်ခွင့်ရှိမှာ ဖြစ်ပါတယ်။ ယူရို ၂၀၂၀ မှာ ဟန်ဂေရီပရိသတ်တွေရဲ့ အပြုအမူတစ်ချို့ကြောင့် ဟန်ဂေရီအသင်းကို ပရိသတ်မပါပဲ ၃ ပွဲကစားဖို့ ဒဏ်ခတ်ထားပါတယ်။ အဲ့ဒါကြောင့် အင်္ဂလန်နဲ့ပွဲဟာ ပြစ်ဒဏ်ရဲ့ ၃ ပွဲမြောက်ပွဲစဉ်ပါ။ ဒါပေမယ့် ပရိသတ် ၃၀၀၀၀ လောက်တော့ ဝင်နိုင်ပြီး အများစုကတော့ အလကားကြည့်ခွင့် ပေးထားတဲ့ ကျောင်းသားကျောင်းသူလေးတွေဖြစ်ပါတယ်။

#အင်္ဂလန် #ဂျက်စတင် #ဘိုဝမ်