ရှေ့သို့
Image

ချူအာမီနီနဲ့ ရီးရဲလ်မက်ဒရစ်မှာ ပူးပေါင်းနိုင်ဖို့ ကာမာဗင်ဂါ မျှော်လင့်နေ

2:42 PM, 2 June

အီဒူယာဒို ကာမာဗင်ဂါဟာ လူငယ်ကွင်းလယ်လူ ချူအာမီနီနဲ့ ရီးရဲလ်မက်ဒရစ်မှာ ပူးပေါင်းနိုင်ဖို့ မျှော်လင့်နေကြောင်း သိရပါတယ်။

မိုနာကိုကွင်းလယ်လူ ချူအာမီနီဟာ နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို ပေါင် ၈၅သန်းနဲ့ ပြောင်းရွှေ့နိုင်ဖို့ နီးစပ်နေခဲ့ပါတယ်။ ကွင်းလယ်ခံစစ်ကစားသမားဟာ ပီအက်စ်ဂျီနဲ့ လီဗာပူးတို့က စိတ်ဝင်စားနေကြပေမဲ့ ရီးရဲလ်ကိုသာပြောင်းဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ကာမာဗင်ဂါက ပြင်သစ်အသင်းမှာ လေ့ကျင့်ခန်းအတူ ဆင်းနေရတဲ့ ချူအာမီနီနဲ့ စကားပြောပြီးပြီဖြစ်ပြီး မကြာခင် မက်ဒရစ်မှာ ပူးပေါင်းနိုင်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။

ကာမာဗင်ဂါက “သူနဲ့ တွေ့ရမှာ ပျော်စရာကောင်းပါတယ်။ သူက ကျွန်တော်နဲ့ ပြင်သစ်မှာ အတူတွဲကစားခဲ့ဖူးတဲ့ ကစားသမားပါ။ သူ မက်ဒရစ်ကို လာမယ်လို့ မျှော်လင့်ထားပြီး ဘယ်အချိန် အတိအကျတော့ မသိပေမဲ့ သူနဲ့ ဆွေးနွေးခဲ့ပြီးပါပြီ။ လာမယ့်ရက်ပိုင်းအတွင်း ဘာဖြစ်လာမယ့် စောင့်ကြည့်ကြတာပေါ့”လို့ ပြောခဲ့ပါတယ်။

ချူအာမီနီဟာ ၂၀၂၀ခုနှစ် ဇန်နဝါရီမှာ မိုနာကိုထံ ရောက်လာခဲ့ပြီး လီဂူးဝမ်းပထမနှစ်မှာတင် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း ချူအာမီနီတစ်ယောက် မိုနာကိုမှာ အဓိက ကစားသမားအဖြစ် ပြိုင်ပွဲစုံ ၄၂ပွဲအထိ ပါဝင်ကစားပေးထားခဲ့ပါတယ်။ ပြင်သစ်သားဟာ ယခုနှစ်ရာသီ မိုနာကိုအတွက် ပြိုင်ပွဲစုံ ပွဲ၅၀ ကစားကာ ၅ဂိုး သွင်းထားခဲ့ပါတယ်။

#မိုနာကို #ရီးရဲလ်မက်ဒရစ် #အပြောင်းအရွှေ့ #ချူအာမီနီ #ကာမာဗင်ဂါ