ရှေ့သို့
Image

ခေတ်သစ်တစ်ခုကို ပြောင်းတော့မယ့် အီတလီကို အားပေးကြပါဟု ချီရယ်လီနီ တိုက်တွန်း

2:34 PM, 2 June

ယနေ့နံနက်ပိုင်း၊ ဝင်ဘာလေကွင်းတွင် ‘Finalissima’ ပွဲစဉ်အဖြစ် အာဂျင်တီးနားကို သုံးဂိုးပြတ် ရှုံးနိမ့်ခဲ့သော ပွဲစဉ်အပြီး အီတလီဝါရင့်နောက်ခံလူ ချီရယ်လီနီသည် နိုင်ငံလက်ရွေးစင်ကစားသမားဘဝမှ အနားယူကြောင်း ကြေညာခဲ့သည်။

အသက် ၃၇ နှစ်အရွယ် ကစားသမားသည် နိုင်ငံအသင်းအတွက် ၁၁၇ ပွဲ ကစားပေးခဲ့ပြီး ယခုနောက်ဆုံး တောင်အမေရိကလက်ရှိချန်ပီယံ အာဂျင်တီးနားနှင့် ယူရိုလက်ရှိချန်ပီယံ အီတလီတို့၏ ‘Finalissima’ ပွဲစဉ်မှာလည်း ပထမပိုင်းပွဲချိန်ပြည့် ကစားခဲ့သည်။

“ဒီညပွဲက ခက်ခဲလိမ့်မယ်ဆိုတာကို ကျွန်တော်တို့သိပါတယ်။ သာမန်အားဖြင့် ကျွန်တော်တို့ ဆုဖလားတစ်လုံး အနိုင်ရဖို့ မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် ဒီရှုံးပွဲက ကျွန်တော်တို့ အရင်ကရခဲ့တဲ့ အောင်မြင်မှုအပေါ် ပျက်ပြယ်စေမှာ မဟုတ်ပါဘူး။ ကျွန်တော် အရင်ရက်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့သလိုပဲ ကျွန်တော်အနေနဲ့ ခက်ခဲတဲ့ ကာလတစ်ခုကို မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ဟာ ခေတ်တစ်ခုရဲ့ အလှည့်အပြောင်းကို စောင့်ကြည့်နေရတာဖြစ်လို့ ဒီလက်ရွေးစင်အသင်းနဲ့အတူ အီတလီပရိသတ်ကြီးကလည်း ရပ်တည်ပေးကြပါ။ ဘာကြောင့်လဲဆိုတော့ အသင်းက ပရိသတ်ကြီးရဲ့ အားပေးမှု လိုအပ်နေလို့ပါ”ဟု ချီရယ်လီနီက ဆိုသည်။

#အာဂျင်တီးနား #အီတလီ #ချီရယ်လီနီ