ရှေ့သို့
Image

အီတလီကို ဂိုးပြတ် အနိုင်ယူကာ ဖိုင်နယ်လစ္စမာဖလားကို ဆွတ်ခူးသွားတဲ့ အာဂျင်တီးနား

8:55 AM, 2 June

အာဂျင်တီးနားအသင်းဟာ ယမန်နေ့ည ဝင်ဘာလေကွင်းမှာ အီတလီကို အသာစီးနဲ့ ကစားကာ ဂိုးပြတ်အနိုင်ယူပြီး ဖိုင်နယ်လစ္စမာဖလားကို ဆွတ်ခူးသွားခဲ့ပါတယ်။

ဖိုင်နယ်လစ္စမာဖလားကတော့ ဥရောပချန်ပီယံနဲ့ ကိုပါအမေရိကဖလားချန်ပီယံ ရင်ဆိုင်ကြတဲ့ပွံဲစဉ်လည်း ဖြစ်ပါတယ်။ ယခုပွဲစဉ်ဟာ သမိုင်းတစ်လျောက် ၃ကြိမ်မြောက် ကျင်းပတဲ့ ဗိုလ်လုပွဲလည်း ဖြစ်ခဲ့ပြီး ယခင်က ပြင်သစ်နဲ့ အာဂျင်တီးနားတို့ ဗိုလ်စွဲခဲ့ပါတယ်။

အီတလီဘက်က အခွင့်အရေးစရခဲ့ပြီး ရက်စ်ပါဒိုရီရဲ့ ကန်ချက်ကို အာဂျင်တီးနားဂိုးသမား ကာကွယ်သွားနိုင်ခဲ့ပါတယ်။ ၂၈မိနစ်မှာတော့ အာဂျင်တီးနားတို့ ဦးဆောင်ဂိုးရခဲ့ပြီး မက်ဆီရဲ့ပေးပို့မှုကနေ လော်တာရို မာတီနက်ဇ်က သွင်းယူခဲ့ပါတယ်။

ပထမပိုင်းမပြီးခင်မှာတင် အာဂျင်တီးနားတို့ ဒုတိယဂိုးရခဲ့ပြီး ဒီမာရီယာက သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဒီမာရီယာ အခွင့်အရေးထပ်ရကာ သွင်းယူခဲ့ပေမဲ့ ဂိုးသမား ဒွန်မာရမ်မာ ကာကွယ်သွားနိုင်ခဲ့ပါတယ်။

မက်ဆီတစ်ယောက် အဆိုပါပွဲစဉ်မှာ အကောင်းဆုံး လှည့်ထွက်မှုတွေ၊ အခွင့်အရေး အနည်းငယ်ရခဲ့ပေမဲ့ ဂိုးရခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ အာဂျင်တီးနားကို ဂိုးထပ်ပြတ်စေမယ့် သွင်းဂိုးကိုတော့ ဒိုင်ဘားလားက သွင်းယူကာ ဖိုင်နယ်လစ္စမာဖလား ရရှိအောင် ပါဝင်ကူညီပေးခဲ့ပါတယ်။

#အာဂျင်တီးနား #အီတလီ #မက်ဆီ