ရှေ့သို့
Image

ကစားသမားဘဝကနေ အနားယူပြီး နည်းပြဘဝကို ကူးပြောင်းချင်နေတဲ့ ဂျက်ဝီလ်ရှီးယား

10:07 AM, 1 June

အာဆင်နယ် ကွင်းလယ်လူဟောင်း ဂျက်ဝီလ်ရှီးယားတော့ ကစားသမားဘဝကို လျင်လျင်မြန်မြန်အဆုံးသတ်ဖို့ ပြင်ဆင်နေကာ နည်းပြဘဝကို ပြောင်းလဲဖို့ ပြင်ဆင်နေပါတယ်။

အင်္ဂလန်သားဟာ ၂၀၂၁ - ၂၂ ရဲ့ဒုတိယရာသီဝက်ကို ဒိန်းမတ်ကလပ် အာဟက်စ်အသင်းမှာ အငှားလာကစားခဲ့ကာ ၁၀ ပွဲ ပါဝင်ကစားထားပါတယ်။ ဒါပေမယ့် အဆိုပါအသင်းမှာအငှားကုန်ဆုံးမှာဖြစ်ကာ အလွတ်နဲ့ရမယ့် ကစားသမားဖြစ်လာဖွယ်ရှိနေပြီး အသင်းသစ်ရှာဖွေရဦးမှာဖြစ်ပါတယ်။ ကစားသားဘဝက ဆက်ကစားဖို့ အလိုရှိနေပေမယ့် ဝီလ်ရှီးယားက သူဟာ ကစားသမားဘဝကို အဆုံးသတ်ပြီး နည်းပြဘဝကို ကူးပြောင်းချင်တယ်လို့လည်း ဝန်ခံပြောကြားခဲ့ပါတယ်။

“အားလုံးက မူတည်နေတာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် အသင်းမရှိပဲ ၁၈ လလောက်ကို ဖြတ်သန်းခဲ့ရပါတယ်။ အဲ့ခံစားချက်မျိုးကို ကျွန်တော်သိပါတယ်။ ကျွန်တော့်မှာနည်းပြဘဝအတွက် အခွင့်အရေးရောက်လာမယ်ဆိုရင် ကျွန်တော် အဲ့လမ်းကိုပြောင်းမှာပါ။ ကျွန်တော် နည်းပြအဖြစ်နဲ့ အောင်မြင်မှုရယူချင်ပါတယ်။ လွန်ခဲ့တဲ့ ၅ နှစ် ဒါမှမဟုတ် ၆ နှစ်က အောင်မြင်ခဲ့တဲ့ နည်းပြတွေကိုကြည့်ရင် သူတို့က ငယ်ငယ်ကတည်းက နည်းပြဘဝကို ကူးပြောင်းခဲ့ကြတာပါ။ ဒါကြောင့် ကျွန်တော်လည်း ဘာကြောင့်မဖြစ်နိုင်ရမလဲဆိုပြီး တွေးထင်မိပါတယ်”လို့ အင်္ဂလန်သားက ပြောကြားခဲ့ပါတယ်။

အင်္ဂလန်သားကွင်းလယ်လူဟောင်းက သူဟာ ကစားဘဝမအောင်မြင်ခဲ့ပေမယ့်နည်းပြဘဝမှာ အောင်မြင်ဖို့ အလိုရှိကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ ဝီလ်ရှီးယားဟာ ခက်ခဲတဲ့ကာလတွေကိုဖြတ်သန်းခဲ့ရပြီး ၂၀၂၀ - ၂၁ ရာသီအကုန်မှာ ဘုန်းမောက်ကနေ ထွက်ခွာခဲ့ရတာဖြစ်ပြီး ၂၀၀၈ ခုနှစ်က ပထမဆုံး ပွဲဦးထွက် ပါဝင်ကစားခွင့်ရရှိခဲ့ပြီး ၁၀ နှစ်တာ အာဆင်နယ်အသင်းမှာ ဖြတ်သန်းခဲ့ပါတယ်။

ဒါပေမယ့် အာဟက်စ်ကိုပြောင်းရွှေ့ပြီးမှာ နောက်ဆုံးရာသီပိတ် ၄ ပွဲကို မလွဲချော်ခင် ၅ ပွဲကို ပွဲထွက်ကစားခွင့်ရရှိခဲ့ပါတယ်။

#အာဆင်နယ် #ဂျက်ဝီလ်ရှီးယား