ရှေ့သို့
Image

အာဂျင်တီးနားနဲ့ ပွဲစဉ်မှာ လူငယ်တွေကို ထည့်သွင်းအသုံးပြုသွားမယ်လို့ မန်စီနီဆို

9:08 AM, 1 June

အာဂျင်တီးနားနဲ့ ဖိုင်နယ်လစ်ဆီမာပွဲစဉ်ဟာ ခေတ်တစ်ခုရဲ့ အဆုံးသတ်ခြင်းလို့ ပြောကာ လူငယ်ကစားသမားတွေကို အသုံးပြုသွားမယ်လို့ ပြောခဲ့ပါတယ်။

အီတလီအသင်းဟာ ယူရို ၂၀၂၀ ဆုဖလားကို ဆွတ်ခူးခဲ့ပေမဲ့ ၂၀၂၂ ကမ္ဘာ့ဖလားကိုတော့ ခြေစစ်ပွဲ မအောင်ခဲ့တာကြောင့် ၂ကြိမ်ဆက် လွဲချော်ခဲ့ပါတယ်။ မန်စီနီက အသင်းခေါင်းဆောင် ချီရယ်လီနီ နောက်ဆုံးပွဲ ကစားပေးခြင်းနဲ့အတူ စီနီယာကစားသမားအချို့အတွက် နောက်ဆုံးပွဲ ဖြစ်နိုင်ကြောင်း ပြောခဲ့ပါတယ်။

မန်စီနီက “ဒီညပွဲစဉ်က ခေတ်တစ်ခေတ်ရဲ့ အဆုံးသတ်ပါပဲ။ ဒီလိုပြောလို့ ကစားသမား ၁၅ယောက်၊ အယောက်၂၀ အနားယူမယ်လို့ ပြောချင်တာ မဟုတ်ပေမဲ့ ဒီညပွဲမှာ လူငယ်တွေကို ထည့်ကစားသွားမှာ ဖြစ်ပြီး အနာဂတ်အတွက် စတင်စဉ်းစားသွားပါမယ်”လို့ ပြောခဲ့ပါတယ်။

မန်စီနီက အရည်အချင်းရှိ လူငယ်ကစားသမားအချို့ကိုလည်း ပုံမှန်ပွဲထွက်ခွင့်ပေးနိုင်အောင် ကြိုးစားသွားမယ်လို့ ဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ အနာဂတ်မှာ တိုးတက်ဖို့ ”ကြိုးစားသွားပါမယ်။ ကလပ်တွေက လူငယ်တွေကို သုံးတာ မသုံးတာ ကျွန်တော်နဲ့ မဆိုင်ပါဘူး။ ကျွန်တော်တို့ လူငယ်တွေကို ပိုနားလည်မှုရှိရှိနဲ့ မှန်ကန်တာတွေလုပ်နိုင်ဖို့ သင်ပေးသွားမှာ ဖြစ်ပေမဲ့ မကစားချင်တဲ့ ကစားသမားတွေကိုတော့ အတင်းခေါ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အခက်အခဲတွေ ကြားကနေပဲ ယူရိုဖလားကို ရခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။

ဖိုင်နယ်လစ်ဆီမာပွဲစဉ်ဟာ ယူရို၂၀၂၀ ချန်ပီယံနဲ့ ကိုပါအမေရိကဖလား ချန်ပီယံတို့ ဝင်ဘာလေကွင်းမှာ ကစားကြမယ့်ပွဲစဉ်လည်း ဖြစ်ပါတယ်။ အီတလီအသင်းဟာ ၁၉၈၇ခုနှစ်နောက်ပိုင်း အာဂျင်တီးနားကို မနိုင်တော့ပဲ ၂၀၁၈ခုနှစ်က တွေ့ဆုံစဉ်ကလည်း ၂-ဝဂိုးနဲ့ ရှုံးခဲ့ပါတယ်။

#အာဂျင်တီးနား #မန်စီနီ