ရှေ့သို့
Image

ရော်နယ်ဒိုနဲ့ ပတ်သက်လို့ အချက်အလက်တွေက သက်သေပါပဲ လို့ ဘာဘာတော့ဗ် ပြောကြား

10:29 AM, 31 May

ယူနိုက်တက်အသင်း အနေနဲ့ အသင်းရဲ့ ကစားသမားဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုကို အသင်းထံ တဖန်ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီး အသင်းရဲ့ပရိတ်သတ်တွေကတော့ အသင်းဟာ ဆုဖလားတွေ ပြန်လည်စိန်ခေါ်ရယူနိုင်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။

သို့သော်လည်း ယူနိုက်တက်အနေနဲ့ နောက်ထပ် ဖလားလက်မဲ့ ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပြီး အဆင့်ခြောက်နဲ့ ချန်ပီယံလိဂ် ဝင်ခွင့်ဆုံးရှုံးခဲ့ကာ အဆင့် ၁ က မန်စီးတီးအသင်းနဲ့ ၃၅ မှတ်အထိ အမှတ်ကွာဟခဲ့ပါတယ်။ ထို့အတူ ဒီရာသီအတွင်းမှာ ယူနိုက်တက်ဟာ အသင်းရဲ့ နည်းပြ ဆိုလ်းရှားနဲ့  အသင်းနဲ့ လမ်းခွဲပြီး ယာယီနည်းပြ ရက်ဖ်ရန်းနစ်ကို တာဝန်ယူစေခဲ့တာလဲ ဖြစ်ပါတယ်။

အသင်းရဲ့ အဝတ်လဲခန်းအတွင်း လွှမ်းမိုးမှုကျဆင်းလာတာ ၊ ၁၂ နှစ်အတွင်း ဂိုးပေါက် ပေါက်ဆုံးမှု အကြာဆုံးအဖြစ် ၅၈၇ မိနစ်အထိ ကြာမြင့်ခဲ့တာတွေ ဖြစ်ခဲ့ပြီးအနောက် ရော်နယ်ဒိုနဲ့ ပတ်သက်လို့ မေးခွန်းတွေများစွာ ထွက်ပေါ်လာခဲ့ပါတယ်။ သို့သော်လည်း ဒီပေါ်တူဂီသားဟာ အသင်းအတွက် စုစုပေါင်း ၂၄ ဂိုးအထိ သွင်းယူပေးခဲ့ပြီး လိဂ်ဂိုး ၁၈ ဂိုး အပါအဝင် ချန်ပီယံလိဂ်မှာလဲ သူ့ရဲ့ သွင်းဂိုးတွေက ယူနိုက်တက်ကို ရှုံးထွက်အဆင့်အထိ ဆွဲတင်ပေးခဲ့တာပါ။ ဒါကြောင့်လဲ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ရော်နယ်ဒိုအနေနဲ့ အသင်းကိုပြန်လာခဲ့တဲ့နှစ်ဟာ အောင်မြင်တဲ့ ခြေစွမ်းကို ရရှိခဲ့တယ်လို့ မြင်လို့ရတယ်လို့ ဆိုလိုက်ပါတယ်။

"ကျွန်တော့်ကို ရော်နယ်ဒိုနဲ့ ပတ်သက်လို့ မေးခွန်းပေါင်းများစွာမေးခြင်းခံရပါတယ်။ အကြိမ်တိုင်းလဲ ကျွန်တော် တူညီတဲ့ အဖြေကိုပဲ ဖြေခဲ့ပါတယ်" "သူဟာ ဂိုးတွေ သွင်းပေးခဲ့တယ်။ အသင်းအတွက် အတွေ့အကြုံတွေ ယူလာပေးခဲ့တယ်။ လူငယ်ကစားသမားတွေကို ပွဲအတွင်း သူတို့ရဲ့ အရည်အသွေးတွေကို ဘယ်လို ကစားရမယ်ဆိုတာကို ‌ပြသခဲ့တယ်။ ဒါ့အပြင် သူဟာ ကစားတာရော ၊ စာရင်းဇယားအရလဲ သူက အရမ်းတော်ပါတယ်။ သူအသက်ဘယ်လောက်ရှိပြီလဲဆိုတာ အရေးမကြီးကြောင်း သူသက်သေပြပြီးပါပြီ။ " "သူဟာ ကမ္ဘာမှာ အကောင်းဆုံးလိဂ်ဖြစ်တဲ့ ပရီးမီးယားလိဂ်မှာ ကစားထားခဲ့ပြီး စုစုပေါင်း သွင်းဂိုး ၂၄ ဂိုးသွင်းယူထားခဲ့ပါတယ်။ ဒါကြောင့်မို့လို့ သူဟာ မယုံနိုင်စရာကောင်းတဲ့ ကစားသမားတစ်ယောက်ပါ"လို့ပြောခဲ့ပါတယ်။

ယူနိုက်တက်နည်းပြသစ်တန်ဟတ်ကလဲ သူအသင်းကို ကိုင်တွယ်ပြီး အသင်းရဲ့ အရင်က အောင်မြင်မှုမျိုးကို ပြန်လည်ရရှိနိုင်အောင်ကြိုးစားရာမှာ ရော်နယ်ဒိုက သူ့ရဲ့ အစီအစဉ်မှာ အရေးပါတဲ့ ကစားသမားအဖြစ် ပါဝင်ပါတယ်လို့လဲ ဆိုထားပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရော်နယ်ဒို #ဘာဘာတော့ဗ်