ရှေ့သို့
Image

ဆဲလ်ဘတ် လူငယ်တိုက်စစ်မှူးကို အပြိုင်လိုက်နေတဲ့ ဝက်စ်ဟမ်းနဲ့ ဆောက်သမ်တန်

4:14 PM, 30 May

ဝက်စ်ဟမ်းနဲ့ ဆောက်သမ်တန်တို့ဟာ ဆဲလ်ဘတ်အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဂျူနီယာအဒါမူကို အပြိုင်စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ သြစတြီးယား လက်ရွေးစင်လေးဟာ လက်ရှိကလပ်နဲ့ ၂၀၂၅ ထိ စာချုပ်သက်တမ်း ကျန်ရှိနေပါသေးတယ်။

ဒါပေမယ့် ၂၀၂၁-၂၂ ရာသီမှာ ဘိုင်ယန်မြူးနစ်ကို ချန်ပီယံလိဂ်မှာ သွင်းယူခဲ့တဲ့ ၁ ဂိုးအပါအဝင် သွင်းဂိုး ၉ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဥရောပအသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ အေဂျက်စ်၊ ဟာသာဘာလင်နဲ့ လိုက်ပ်ဇစ်တို့ကလည်း အဒါမူရဲ့ခြေစွမ်းကို စောင့်ကြည့်လျက်ရှိပါတယ်။ သတင်းတွေအရ ဝက်စ်ဟမ်းနဲ့ ဆောက်သမ်တန်ကလည်း အဒါမူလုပွဲထဲ ပါဝင်လာတယ်လို့ သိရပါတယ်။

ဘရိုက်တန်ကလည်း ကစားသမားလေးကို ခြေစွမ်းကို အနီးကပ်စောင့်ကြည့်လျက်ရှိပါတယ်။ အဒါမူဟာ သြစတြီးယားအသင်းမှာ တစ်ပွဲသာ ပါဝင်ကစားခွင့် ရရှိထားပေမယ့် တောင်ပံနှစ်ဖက်စလုံးနဲ့ အထောင်တိုက်စစ်မှူး နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိသူဖြစ်ပါတယ်။ ဈေးကွက်တန်ဖိုးအရလည်း ပေါင် ၁၂ သန်းခန့်သာ ရှိတာကြောင့် ဘဏ္ဍာရေးအရလည်း အဆင်ပြေနေတာကြောင့် အသင်းအတော်များများက အာရုံစိုက်လာတာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာ မန်ချက်စတာယူနိုက်တက် ကွင်းလယ်တိုက်စစ် ကစားသမား ဂျက်ဆီလင်ဂတ်ကိုလည်း ချိတ်ဆက်လျက်ရှိပါတယ်။ ဒီတစ်ပတ်အစောပိုင်း သတင်းတွေအရတော့ ဒီနွေရာသီမှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် အင်္ဂလန်လက်ရွေးစင်ထံ စတင်ချဉ်းကပ်မှုတွေတောင် ပြုလုပ်ထားပြီးပြီလို့ သိရပါတယ်။

လင်ဂတ်ဟာ ၂၀၂၀-၂၁ ရာသီက ဝက်စ်ဟမ်းမှာ ၆ လ အငှား လာကစားပြီး အထူးခြေစွမ်း ပြသနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ၁၆ ပွဲကစားပြီး ၉ ဂိုးသွင်းယူကာ အရှေ့လန်ဒန်ကလပ်ရဲ့ ကြယ်ပွင့်ကစားသမား တစ်ယောက်ဖြစ်ခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လင်ဂတ်ဟာ ယူနိုက်တက်ကို ပြန်ရောက်ချိန်မှာတော့ ပထမအသင်းမှာ နေရာရဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။

ဒါပေမယ့် သူ့ရဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးပြီဖြစ်တာကြောင့် ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ် ၁ ပွဲသာ ပွဲထွက်လူစာရင်းထဲ ပါဝင်ခွင့်ရရှိခဲ့တဲ့ စိတ်ပျက်ဖွယ်ရာသီကို အဆုံးသတ်ကာ ငယ်ဘဝကလပ်ကနေ အလွတ်နဲ့ ထွက်ခွာတော့မှာပဲ ဖြစ်ပါတယ်။
#ဆောက်သမ်တန် #ဝက်စ်ဟမ်း #ဆဲလ်ဘတ် #အဒါမူ