ရှေ့သို့
Image

မန်စီးတီးကနေ ထွက်ခွာနိုင်တယ်လို့ ဝန်ခံလိုက်တဲ့ ဂမ်ဒိုဂန်

4:14 PM, 29 May

နောက်ဆုံးရက်က အက်စ်တွန်ဗီလာနှင့်ပွဲမှာ ၆ မိနစ်အတွင်း ၂ ဂိုးသွင်းယူပေးခဲ့တဲ့ ဂျာမနီလက်ရွေးစင်ကစားသမားဟာ သူ့စာချုပ်ရဲ့နောက်ဆုံး ၁၂ အတွင်းသို့ ရောက်လာပြီဖြစ်ပါတယ်။

အသင်းကနေထွက်ခွာနိုင်တယ်လို့ မန်စီးတီးက ဂမ်ဒိုဂန်ကို ပြောထားပါတယ်လို့ သတင်းတွေဖော်ပြထားသော်လည်း ဒေါ့မွန်ကစားသမားဟောင်းကို အသင်းမှာပဲ ဆက်ထိန်းထားချင်ပါတယ်လို့ နောက်ပိုင်းမှာ ဂွါဒီယိုလာက ပြောထားပါတယ်။


သို့သော်လည်း မန်စီးတီးဟာ ဒီနွေရာသီမှာ ဗဟိုကွင်းလယ်ကစားသမားတစ်ဦးကို ရှာဖွေနေတာဖြစ်ပြီး လိဒ်စ်က အင်္ဂလန်လက်ရွေးစင်ကစားသမား ကယ်ဗင်ဖီးလစ်ကို ပစ်မှတ်ထားနေပါတယ်။

ရာသီပိတ်သိမ်းခါနီး နောက်ဆုံးရက်သတ္တပတ်တွေမှာ ဂမ်ဒိုဂန်ဟာ အရန်ခုံမှာသာ များသောအားဖြင့် ထိုင်ခဲ့ရတာဖြစ်ပြီး အကျပ်ရိုက်နေတာဖြစ်ပါတယ်လို့ ဝန်ခံထားပါတယ်။


"သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ ကျွန်တော်တို့က ဆွေးနွေးကြမှာဖြစ်ပြီး ရလဒ်ကိုတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်"

"မေးခွန်းကတော့ ကျွန်တော်က အသစ်သစ်ကို လုပ်ချင်နေသလားဆိုတာပါပဲ"

"ကျွန်တော့်ကိုယ်ကျွန်တော်တောင် အဲ့ဒီမေးခွန်းအတွက် အဖြေမရသေးပါဘူး"


"စဉ်းစားမယ်ဆိုရင် နည်းပြဂွါဒီယိုလာရဲ့လက်အောက် မန်စီးတီးထက် ကောင်းတဲ့နေရာဆိုတာမရှိပါဘူး၊ လာမယ့်နှစ်အတွင်း ပြောင်းလဲဖို့ဆိုတာက တော်တော်ခက်ပါတယ်" လို့ ပြောပါတယ်။

ဂမ်ဒိုဂန်ဟာ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်ပြီး လက်ရှိရာသီမှာ မန်စီးတီးရဲ့ပွဲပေါင်း ၂၀ မှာ ပွဲထွက်ကစားခွင့်ရရှိထားသော်လည်း အရေးပါတဲ့ပွဲတွေမှာတော့ အရန်ခုံမှာသာ ထိုင်ခဲ့ရတာဖြစ်ပါတယ်။

နောက်ဆုံးပွဲစဉ်အဖြစ် ဗီလာအား အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဂန်ဒိုဂမ်ဟာ အရန်ခုံကနေဝင်ရောက်ကစားခဲ့ပြီး ၆ မိနစ်အတွင်း ၂ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။


"ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ကျွန်တော်ကအရေးပါတဲ့ပွဲ ၁ ပွဲ ၂ ပွဲလောက်မှာပဲ ကစားခဲ့ရတာပါ။ ဒါကို လျှို့ဝှက်ထားစရာလည်းမလိုပါဘူး"

"ကျွန်တော်ဟာ အမြဲတမ်းကစားလိုနေတဲ့ ကစားသမားတစ်ဦးပါ၊ ကျွန်တော့်အတွက် ရက်သမ်မိနေဖို့လည်းလိုပါတယ်၊ အဲ့လိုမှမဟုတ်ရင် အခက်တွေ့နိုင်ပါတယ်" လို့ ဂမ်ဒိုဂန်က ပြောပါတယ်။

#မန်စီးတီး #အပြောင်းအရွှေ့ #ဂမ်ဒိုဂန်