ရှေ့သို့
Image

ချန်ပီယံလိဂ်ဖလား ရခဲ့ပြီးနောက် မက်ပီကို ထိုးနှက်မှုတွေ ပြုလုပ်သွားတဲ့ ပီရက်ဇ်

12:42 PM, 29 May

ရီးရဲလ်မက်ဒရစ်ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က ယမန်နေ့ည ချန်ပီယံလိဂ်ဖလား ရခဲ့ပြီးနောက် ပီအက်စ်ဂျီတိုက်စစ်မှူး ကိုင်လီ မက်ပီကို ထိုးနှက်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

မက်ပီဟာ ရီးရဲလ်မက်ဒရစ်ကို လာမယ်လို့ ကတိပေးခဲ့ပြီးမှ ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းချက်ကို ပိုသဘောကျပြီး အသင်းမှာ ဆက်နေသွားခဲ့ပါတယ်။


မက်ပီရဲ့ အဆိုပါ ငြင်းပယ်မှုကို ရီးရဲလ် ကစားသမားတွေ၊ ပရိသတ်တွေကြား ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ယမန်နေ့ည လီဗာပူးနဲ့ပွဲမတိုင်ခင်မှာလည်း ရီးရဲလ် ပရိသတ်တွေက မက်ပီကို လှောင်ပြောင်သရော်မှုတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။


တိုက်စစ်ပိုင်းအကြောင်း မေးရာမှာ ပီရက်ဇ်က “နှစ်တိုင်း ကျွန်တော်တို ၁ယောက်ဖြည့်လေ့ရှိပေမဲ့ တိုက်စစ်ပိုင်းက လူဖြည့်ဖို့ ခက်ပါတယ်”လို့ ပြောခဲ့ပါတယ်။

မက်ပီသာ ခေါ်လိုက်ရင် တိုက်စစ်ပိုကောင်းလာနိုင်လား မေးတဲ့အခါ ပီရက်ဇ်က “ဒီနေ့ မက်ပီအကြောင်း ပြောစရာမရှိပါဘူး။ ရီးရဲလ်အကြောင်းပဲ ရှိပါတယ်။ ဒီနေ့က ဥရောပချန်ပီယံ ရီးရဲလ်နဲ့ ကစားသမားတွေအတွက် ပါတီပါပဲ”လို့ ပြောခဲ့ပါတယ်။


မက်ပီတစ်ယောက် အနာဂတ်မှာ ရီးရဲလ်ကို ပြောင်းချင်စိတ်ရှိသေးရင်တော့ လုပ်ဆောင်ရမယ့်အရာတွေ အများကြီး ရှိနေပြီလို့ ပြောရမှာပဲ ဖြစ်ပါတယ်။

#ရီးရဲလ်မက်ဒရစ် #ပီရက်ဇ် #ချန်ပီယံလိဂ်