ရှေ့သို့
Image

မက်ဆီ၊ ရော်နယ်ဒိုနှင့် လီဗာပူးတိုက်စစ်မှုးတွေ တစ်ဦးမှ မပါဝင်တဲ့ ဗန်ဒိုက်ရဲ့ ၅ယောက်၁ဖွဲ့အသင်း

1:45 PM, 28 May

အသက် ၃၀ အရွယ် နယ်သာလန်ခံစစ်မှုးကတော့ သူ့ရဲ့အသင်းမှာ မက်ဆီရော ရော်နယ်ဒိုကိုပါ ထည့်သွင်းရွေးချယ်ခဲ့ခြင်းမရှိတာပါ။

ဗန်ဒိုက်နှင့် လီဗာပူးဟာ လက်ရှိအချိန်မှာ စနေနေ့ ရီးရဲလ်မက်ဒရစ်နှင့် ကစားမယ့် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်အတွက် ပြင်ဆင်နေကြတာဖြစ်ပါတယ်။ ပဲရစ်မှာ ကစားမယ့်ပွဲမတိုင်ခင် ဆောက်သမ်တန်နှင့် ဆဲလ်တစ်တို့ရဲ့ ကစားသမားဟောင်းဟာ ယူနိုက်တက်ခံစစ်မှုးဟောင်း ဖာဒီနန်နှင့်အတူ တစ်ဖက် ၅ ဦးစီပါတဲ့အသင်းအတွက် ကစားသမားရွေးချယ်ခဲ့ပါတယ်။

ဗန်ဒိုက်ဟာ သူ့ရဲ့နောက်က ဂိုးသမားနေရာအတွက် လီဗာပူးက ဘရာဇီးလက်ရွေးစင်ဂိုးသမား အလီဆင်ကို ရွေးချယ်ခဲ့ပါတယ်။ သို့သော်လည်း အခြားနေရာတွေအတွက်တော့ ကလော့ပ်ရဲ့အသင်းက ကစားသမားတစ်ဦးကိုမျှ ရွေးချယ်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒါ့အပြင် လီဗာပူးကို ကျော်ဖြတ်ကာ မန်စီးတီးအား ဆုဖလားရရှိဖို့ ကူညီပေးခဲ့တဲ့ ကစားသမားတစ်ဦးကိုရွေးချယ်ခဲ့ပါတယ်။ သူကတော့ ဘယ်လ်ဂျီယံနိုင်ငံသား ဒီဘရိုင်းဖြစ်ပြီး ကွင်းလယ်အတွက် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

တိုက်စစ်မှာတော့ မကြာသေးခင်ကမှ စာချုပ်အသစ်ချုပ်ဆိုခဲ့တဲ့ ပီအက်စ်ဂျီက ပြင်သစ်တိုက်စစ်မှုး မက်ပီကို ရွေးချယ်ခဲ့ပါတယ်။ အမ်ဘာပီနှင့် တွဲဖက်ဖို့အတွက် ရွေးချယ်ခဲ့တဲ့သူကတော့ စနေနေ့မှာ ဗန်ဒိုက်ကိုယ်တိုင်တားဆီရမယ့် ရီးရဲလ်မက်ဒရစ် တိုက်စစ်မှုး ဘန်ဇီးမားပဲဖြစ်ပါတယ်။
လွန်ခဲ့တဲ့နှစ်တွေကတည်းက ကမ္ဘာ့ပေါ်မှာ ကြီးကျယ်ခမ်နားတဲ့ ကစားသမားတွေဖြစ်နေတဲ့ မက်ဆီနှင့် ရော်နယ်ဒိုတို့ကိုတော့ သူ့ရဲ့အသင်းမှာ ဗန်ဒိုက်က ရွေးချယ်ခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင် ဗန်ဒိုက်က ရင်ဆိုင်ရအခက်ခဲဆုံးသူ့ရဲ့ပြိုင်ဘက်ကိုလည်း ပြောပြလိုက်ပါတယ်။

"ကျွန်တော်ဟာ အရမ်းကောင်းတဲ့ အဂူရိုနဲ့လည်း ယှဉ်ပြိုင်ကစားဖူးပါတယ်၊ ဘောလုံးသမိုင်းမှာ အကောင်းဆုံး ကစားသမားဖြစ်တဲ့ မက်ဆီနှင့်လည်း ကစားဖူးပါတယ်။ ကျွန်တော့်ရဲ့အတွေးမှာတော့ မက်ပီက မတူညီနဲ့လျှင်မြန်မှုရှိတယ်လို့ ထင်ပါတယ်" "ဒီနေ့ခေတ်မှာက မတူညီတဲ့ တိုက်စစ်မှုးတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဟာလန်း၊ နူနက်ဇ် တို့နှစ်ဦးကတော့ တော်တော်လေးကို ဆင်တူပါတယ်။ လျှင်မြန်တယ်၊ တိုက်ရိုက်ဂိုးသွင်းတယ်၊ သန်မာတယ် ဒီလိုကစားသမားတွေကိုတော့ ရင်ဆိုင်ဖို့ တော်တော်လေးခက်ခဲပါတယ်" လို့ ဗန်ဒိုက်က ပြောပါတယ်။

#လီဗာပူး #ဗန်ဒိုက် #ရော်နယ်ဒို #မက်ဆီ