ရှေ့သို့
Image

ကာဗယ်ဟိုကို ကမ္ဘာ့အဆင့် ကစားသမားလို့ ချီးကျူးလိုက်တဲ့ အီလီယော့

11:12 AM, 27 May

လာမယ့်နွေရာသီမှာ လီဗာပူးကို ပြောင်းရွှေ့လာတော့မယ့် ဖေဘီယို ကာဗယ်ဟိုဟာ အသင်းမှာ ချက်ချင်းတိုးတက်လာမယ့် ကမ္ဘာ့အဆင့်မီကစားသမားဖြစ်တယ်လို့ အီလီယော့က ဆိုပါတယ်။

ဖူလ်ဟမ်နဲ့စာချုပ်သက်တမ်းကုန်မယ့် ဇူလိုင်လ ၁ ရက်နေ့မှာ အသက် ၁၉ နှစ်အရွယ် ကစားသမားဖြစ်သူဟာ လီဗာပူးကို ပြောင်းရွှေ့လာတော့မှာဖြစ်ပြီး လီဗာပူးဟာ ပေါ်တူဂီ ယူ၂၁ အသင်း လက်ရွေးစင်ကစားသမားကို ပေါင် ၈ သန်း (ဒေါ်လာ ၁၀ သန်း)နဲ့ ဝယ်ယူခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါဆယ်ကျော်သက်ကို အနာဂတ်အတွက်စိတ်ရှည်စွာပျိုးထောင်ရဦးမယ်လို့ အကြံပြုကြပေမဲ့ အီလီယော့ကတော့ ကာဗယ်ဟိုဟာ လီဗာပူးရဲ့ပထမအသင်းမှာ ချက်ချင်းကန်နိုင်လာဖို့ ယုံကြည်နေပါတယ်။ အီလီယောဟာ လီဗာပူးကို မရောက်ခင်လွန်ခဲ့တဲ့ ၃ နှစ် ဖူလ်ဟမ်အသင်းမှာ ကစားတုန်းက ကာဗယ်ဟိုနဲ့တွဲဖက်ကစားဖူးတာကြောင့် ကာဗယ်ဟိုရဲ့အရည်အချင်းတွေကို သိနေတာလည်းဖြစ်ပါတယ်။

ညာတောင်ပံကစားသမားဖြစ်သူအီလီယော့ဟာ သူ့ရဲ့အသင်းဖော်ဟောင်းနဲ့ ပြန်လည်ဆုံစည်းနေဖို့ မျှော်လင့်နေတာလည်းဖြစ်ပြီး သူဟာ ပရီးမီးယားလိဂ်မှာ လေးပွဲသာကစားခဲ့ဖူးပေမဲ့ လီဗာပူးမှာ အဆင်ပြေလိမ့်မယ်လို့ ယုံကြည်မှုအပြည့်ရှိနေပုံပေါ်ပါတယ်။

“ဖာဘီအိုတကယ်ကောင်းတဲ့ကလေးတစ်ယောက်ဖြစ်သလို တကယ်ကောင်းတဲ့ ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ သူနဲ့ပက်သက်ပြီး ကျွန်တော် အများကြီးပြောစရာမရှိပါဘူး။ လီဗာပူးလည်း သူ့ကိုလတ်မှတ်ထိုးခဲ့ပြီမလို့ သူအမြန်ဆုံးသက်သေပြပါလိမ့်မယ်။ သူကတကယ့်အဆင့်မီ ကစားသမားမလို့ သူ့ရဲ့ပင်ကိုယ်ခြေစွမ်းကို ဒီအသင်းမှာပြပါလိမ့်မယ်။ ငယ်ရွယ်တဲ့ စွမ်းအားကောင်းမှုမျိုးနဲ့ပေါ့”

သူက တကယ်အနာဂတ်အတွက်ရွေးချယ်သင့်တဲ့ကစားသမားတစ်ယောက်ပါ။ သူနဲ့ ပြန်တွေ့ရပြီး ကွင်းထဲမှာ အရင်တုန်းကလိုမျိုး တကယ်ကောင်းပါတယ်။ ကျွန်တော်တို့နှစ်ယောက် အတူတူတွဲဖက်ကစားဖို့ဘာကြောင့် ထိုက်တန်တယ်ဆိုတာ အချင်းချင်းသက်သေပြနိုင်ဖို့ ကွင်းထဲမှာတစ်ယောက်နဲ့တစ်ယောက်အဆင်ပြေဖို့ မျှော်လင့်ပါတယ်။

ကာဗယ်ဟိုဟာ ဖူလ်ဟမ်အသင်းရဲ့ ပြိုင်ပွဲစုံ ၃၈ ပွဲမှာ ၁၁ ဂိုး သွင်းယူထားပြီး ဖူလ်ဟမ် အသင်းကို ချန်ပီယံရှစ်ဖလားရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

#အပြောင်းအရွှေ့ #အီလီယော့ #ဖူလ်ဟမ် #ကာဗယ်ဟို