ရှေ့သို့
Image

ဝုဗ်နဲ့ အကြိုသဘောတူညီမှုရထားတဲ့ မာကွင်ဟို့စ်ကို ခေါ်ယူရေးမှာ ဥပဒေကြောင်းအရပါ ရင်ဆိုင်ရနိုင်တဲ့ အာဆင်နယ်

8:59 AM, 27 May

အာဆင်နယ်အသင်းက ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ မာကွင်ဟို့စ်ဟာ ဝုဗ် အသင်းနဲ့ အကြိုသဘောတူညီမှု ရထားပြီးဖြစ်တာကြောင့် ကစားသမားခေါ်ယူရေးမှာ ဥပဒေကြောင်းအရပါ တိုက်ပွဲရဖို့ ရှိနေပါတယ်။

ဘရာဇီး ယူ-၁၇အသင်းအတွက် ကစားပေးခ့တဲ့ မာကွင်ဟို့စ်ဟာ ယခုနှစ်နွေရာသီမှာ အာဆင်နယ်နဲ့ ပူးပေါင်းမယ်လို့ မျှော်လင့်ထားရပါတယ်။ ဒါပေမဲ့ ဘရာဇီးသားဟာ ဝုဗ်အသင်းနဲ့ အကြိုသဘောတူညီမှုရထားတာကြောင့် အာဆင်နယ်က ခေါ်ယူနိုင်ဖို့ မရေမရာ ဖြစ်လာခဲ့ပါတယ်။ နီးစပ်သူတွေရဲ့အဆိုအရ မာကွင်ဟို့စ်နဲ့ ဝုဗ်တို့ကြား သဘောတူညီမှု ရထားပေမဲ့ ဆော်အိုပေါ်လိုက အာဆင်နယ်ကို ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ ရောင်းချဖို့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းဟာ မာကွင်ဟို့စ်ကို အလျင်အမြန်ပဲ ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး ယခုနှစ်နွေရာသီအစောပိုင်းမှာ ခေါ်ယူနိုင်ဖို့ မျှော်မှန်းထားပါတယ်။ ၅နှစ်စာချုပ် ချုပ်ဆိုထားတဲ့ ၁၆နှစ်သားဟာ ဆော်အိုပေါ်လိုနဲ့ ၂၀၂၄ခုနှစ်ထိ စာချုပ်သက်တမ်း ရှိနေပါတယ်။ ဒါပေမဲ့ ဖီဖာရဲ့ စည်းမျဉ်းအရ အသက်မပြည့်သေးတဲ့ ကစားသမားတွေကို ၃နှစ်သာ သက်တမ်းပေးတိုးထားတာကြောင့် မာကွင်ဟိုစ်တစ်ယောက် ယခုနှစ်နွေရာသီ အလွတ်နဲ့ပြောင်းနိုင်တဲ့ အခြေအနေ ဖြစ်သွားခဲ့ပါတယ်။

ဝုဗ်ကတော့ မာကွင်စ်ဟို့စ် ယခုနှစ်နွေရာသီ နွေရာသီမှာ ခေါ်ယူဖို့ ဥပဒေကြောင်းအရ စာချုပ် ချုပ်ထားပြီး ဖြစ်နေပါတယ်။ သတင်းတွေအရ မာကွင်ဟိုစ်ရဲ့ ဆော်အိုပေါ်လိုနဲ့ စာချုပ်ဟာ ဇူလိုင်လ ၁၂ရက်နေ့မှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး ဝုဗ်က ဇူလိုင် ၁၄ရက်နေ့မှာ ခေါ်ယူဖို့ စာချုပ် ချုပ်ထားခဲ့ပါတယ်။ ဒါပေမဲ့ မာကွင်ဟိုစ်ကို အလွတ်နဲ့ ဆုံးရှုံးလိုခြင်းမရှိတဲ့ ဆော်အိုပေါ်လိုက အာဆင်နယ်ကို ပြောင်းရွှေ့ကြေးအနည်းငယ်နဲ့ ရောင်းချလိုခဲ့ပါတယ်။

ဒါကြောင့် ဝုဗ် အနေနဲ့ မာကွင်ဟို့စ်ကို အာဆင်နယ်က ကြားဖြတ်ခေါ်ယူမှုအပေါ် ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့ ကြိုးစားလာရန် ရှိနေပါတယ်။ ဝုဗ်တို့ ဥပဒေကြောင်းအရ အရေးယူဖို့ စဉ်းစားလာနိုင်တာကတော့ ဆော်အိုပေါ်လို၊ အာဆင်နယ်နဲ့ ကစားသမားကိုပဲ ဖြစ်ပါတယ်။

ဝုဗ်နဲ့ အာဆင်နယ်တို့ဟာ အဆိုပါအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ယမန်နေ့ညက ဆက်သွယ်ခဲ့ကြပါတယ်။

#အာဆင်နယ် #ဝုဗ် #မာကွင်ဟို့စ်