ရှေ့သို့
Image

ရိုးမား အသင်းကို ဥရောပဖလား ရယူပေးခဲ့တဲ့ မော်ရင်ဟိုကို အိုဝင်ဟားဂရေ့ဗ် ချီးကျူး

2:43 PM, 26 May

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း အိုဝင်ဟားဂရေ့ဗ်က ရိုးမားအသင်းကို ယူရိုပါကွန်းဖရန့်လိဂ်ဖလား ရရှိအောင်စွမ်းဆောင်ပေးခဲ့တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ချီးနည်းပြဟောင်း ဂျိုဆေးမော်ရင်ဟိုကို ချီးကျူးခဲ့ပါတယ်။

အီတလီကလပ်ဟာ ဖီယင်နုအသင်းကို ပွဲချိန် ၃၂ မိနစ်မှာ သွင်းယူခဲ့တဲ့ ကွင်းလယ်တိုက်စစ် ကစားသမား နီကိုလိုဇာနီယိုလိုရဲ့ ဂိုးနဲ့ ၁-၀ ဆိုတဲ့ ရလဒ်ထွက်ရှိကာ ဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီဖလားဟာ ရိုးမားအတွက်တော့ ၁၉၆၁  အင်တာစီးတီးဖလားနောက်ပိုင်း ပထမဆုံးရရှိခဲ့တဲ့ ဥရောပဖလားဖြစ်ပြီး မော်ရင်ဟိုအတွက်တော့ ၅ လုံးမြောက် ဥရောပဖလားလည်း ဖြစ်ပါတယ်။ ဥရောပကွန်းဖရန့်လိဂ်ဖလားကိုပါ ရရှိခဲ့တာကြောင့် မော်ရင်ဟိုဟာ ဥရောပဖလား ၃ လုံးစလုံးကို ရရှိထားတဲ့ တစ်ဦးတည်းသော နည်းပြအဖြစ်လည်း မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

ဖိုင်နယ်ပွဲပြီးနောက် BT Sport ရဲ့ ဆွေးနွေးခန်းမှာ ဟားဂရေ့ဗ်က “မော်ရင်ဟိုက ပေါ်တိုမှာကတည်းက သူ့ကိုအသင်းငယ်လေးရဲ့ နည်းပြဆိုပြီး အသင်းအမြင် သေးခဲ့ကြပေမယ့် အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့သူပါ။ သူ့ကိုအထင်အမြင်သေးတဲ့သူတွေကို အချိန်ပေးပြီး တုံ့ပြန်နေတာက သူ့စတိုင်မဟုတ်ပေမယ့် သူ့အလုပ်သူတော့အကောင်းဆုံး လုပ်ပြခဲ့တယ်။ ဘောလုံးဆိုတာ နိုင်ပွဲရယူမှဖြစ်မယ်ဆိုရင် မော်ရင်ဟိုကလည်း နိုင်ပွဲ ရယူပြပါလိမ့်မယ်”လို့ ပြောသွားခဲ့ပါတယ်။

ပေါ်တူဂီသားနည်းပြကြီးဟာ ဒီရာသီစီးရီးအေမှာ ရိုးမားအသင်းကို အဆင့် ၆ နေရာပဲရအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် အင်္ဂလန်ကြယ်ပွင့်တွေဖြစ်ကြတဲ့ တမ်မီအေဘရာဟမ်နဲ့ ခရစ္စမောလင်းတို့ရဲ့ အကောင်းဆုံးခြေစွမ်း ရရှိအောင် သင်ပြပေးနိုင်ခဲ့ပါတယ်။ ဇန်နဝါရီလလယ်ကနေ ဧပြီလလယ်အထိ ပြည်တွင်းလိဂ်မှာ ၃ လအတွင်း ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးခဲ့ပါသေးတယ်။

#ရိုးမား #မန်ချက်စတာယူနိုက်တက် #မော်ရင်ဟို #ယူရိုပါကွန်းဖရန့်လိဂ် #ဟားဂရေ့ဗ်