ရှေ့သို့
Image

လာမယ့်ပရီးမီးယားလိဂ်ရာသီမှာ အယ်ဗာရက်ဇ်နဲ့ ဟာလန်းကို အသုံးပြုသွားဖို့ရှိနေတဲ့ ဂွာဒီယိုလာ

2:33 PM, 26 May

ယခုရာသီမှာတော့ ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးဟာ အခြားဥရောပထိပ်သီးအသင်းတွေထက် ပိုမိုများပြားတဲ့ဂိုးအရေအတွက်သွင်းယူထားခဲ့တာဖြစ်ပြီး ပြိုင်ပွဲစုံမှာ ဂိုးပေါင်း ၁၅၀ သွင်းယူထားတာဖြစ်ပါတယ်။

ဒါပေမဲ့ စပိန်လူမျိုးနည်းပြဖြစ်သူဟာ လာမယ့်ရာသီဖလားပွဲကို မျက်နှာသစ်နှစ်ယောက်ကို သုံးပြီး ကိုင်တွယ်ဖို့စီစဉ်နေပုံပေါ်ပါတယ်။ နော်ဝေးလက်ရွေးစင်ကစားသမားဟာ မန်စီးတီးအသင်းထံကို ယမန်နေ့ဗုဒ္ဓဟူးနေ့က အပြီတိုင်ရောက်ရှိခဲ့ပြီဖြစ်ပြီး သူဟာ ဒေါ့မွန်အသင်းကနေ ပေါင် ၅၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ဟာလန်းရဲ့ရာသီအကြိုပွဲစဉ်တွေကိုတော့ ရေဗာပလိတ်အသင်းက အာဂျင်တီနားလက်ရွေးစင် အယ်ဗာရက်ဇ်နဲ့တွဲဖက်ကစားပေးဖို့ ရှိနေပုံပေါ်ပါတယ်။ တောင်အမေရိကရဲ့နာမည်အကြီးဆုံး ကစားသမားဖြစ်နေတဲ့ အသက် ၂၂ နှစ်အရွယ် ကစားသမားအယ်ဗာရက်ဇက်ကို ဂွာဒီယိုလာက သေချာစောင့်ကြည့်သွားမယ့်ပုံပေါ်ပါတယ်။

သူ့ကို ဇန်နဝါရီလတည်းက ပေါင် ၁၄ သန်းနဲ့ဝယ်ယူခဲ့တာဖြစ်ပြီး နွေရာသီမတိုင်ခင်အထိ သူ့ရဲ့လက်ရှိအသင်းမှာသာ ကစားခွင့်ပြုထားခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းရဲ့ တာဝန်ရှိအကြီးအကဲဆိုရီယာနိုရဲ့အဆိုအရ အဆိုပါကစားသမားကို လာမယ့်ရာသီမှာ အငှားချပေးဖို့ အသင်းအများအပြားက လာရောက်တောင်းဆိုနေတယ်လို့ဆိုပါတယ်။ သို့သော်ငြားလည်း သူတို့ဟာ အဆိုပါကစားသမားကို အသင်းမှာသာ ဆက်လက်ထားရှိပြီး လာမယ့်ရာသီမှာ ကစားခိုင်းတော့မှာဖြစ်တယ်လို့သူကဆိုပါတယ်။

ဆိုရီယာနိုက “အဲဗာရက်ဇ်ကို အငှားချပေးဖို့ အသင်းတွေအများကြီးက လာကမ်းလှမ်းကြတယ်ဗျ။ ဒါပေမဲ့ သူအသင်းကနေ ထွက်ခွာသွားမှာမဟုတ်ပါဘူး။ ကျွန်တော်တို့နဲ့အတူ ယခုရာသီမှာ ကစားမှာပြီးအသင်းမှာ ဆက်နေမှာပါ။ သူ့ကို စိတ်ဝင်စားတဲအထဲမှာ ဘာစီလိုနာတော့ မပါပါဘူး”လို့ ဆိုပါတယ်။

အဲဗာရက်ဇ်ဟာ သူ့ရဲ့အမိမြေအသင်းနဲ့အတူ ပြိုင်ပွဲစုံ ၃၉ ပွဲမှာ၂၆ ဂိုးအထိ သွင်းယူထားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ ဟာလန်းတို့ရောက်ရှိလာမှုကြောင့် စာချုပ်သက်တမ်း ၁၂ လသာကျန်တော့တဲ့ မန်စီးတီးရဲ့တိုက်စစ်မှူးသုံးယောက်ဖြစ်တဲ့ ဂျီးဆပ်၊ စတာလင် နဲ့ မာရက်ဇ်တို့ထဲမှ တစ်ယောက်ယောက်အတွက်သတင်းဆိုးဖြစ်နိုင်တာကြောင့် သူတို့ကိုမည်သို့ဆွေးနွေးညှိနှိုင်းမလဲဆိုတာကို စောင့်မျှော်နေကြပြီဖြစ်ပါတယ်။

#မန်စီးတီး #ဟာလန်း #ဂွါဒီယိုလာ #အဲလ်ဗာရက်ဇ်