ရှေ့သို့
Image

ကိုယ်စားပြုနိုင်ငံပြောင်းလဲမှာဖြစ်တာကြောင့် အင်္ဂလန် ယူ ၂၁ အသင်းကနေထွက်ခွာဖို့ တောင်းဆိုခဲ့တဲ့ လမ်တေး

11:19 AM, 26 May

ဂါနာရဲ့ ကိုယ်စားပြုနိုင်ငံပြောင်းလဲဖို့ ကမ်းလှမ်းခြင်းခံခဲ့ရပြီးနောက်မှာတော့ အင်္ဂလန် ယူ ၂၁ အသင်းကနေ ထွက်ခွာဖို့ လမ်တေးက တောင်းဆိုလိုက်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ဘရိုက်တန်ကစားသမားဟာ လာမယ့် ယူရို ခြေစစ်ပွဲ ပွဲစဉ် ၄ ပွဲအဖြစ် ချက်စ်၊ အယ်လ်ဘေးနီးယား၊ ကိုဆိုဗို၊ ဆလိုဗေးနီးယား တို့နှင့် ကစားမယ့်ပွဲစဉ်များအတွက် အင်္ဂလန်လူငယ်အသင်းမှာ ရွေးချယ်ခြင်းခံထားရတာဖြစ်ပါတယ်။

သို့သော်လည်း ဂါနာအတွက်ကိုယ်စားပြုကစားဖို့ရှိနေတဲ့အတွက် လက်ရွေးစင်အသင်းကနေထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ အင်္ဂလန် ယူ ၂၁ အသင်းအတွက် ၂ ကြိမ်ကစားပေးထားတဲ့ လမ်တေးဟာ အနောက်လန်ဒန်က ဟီလင်ဂ်တန်မှာ မွေးဖွားသူဖြစ်သော်လည်း ဂါနာနွယ်ဖွားဖြစ်ပါတယ်။

အင်္ဂလန်လူငယ်အသင်းနည်းပြ လီကာစလေကတော့ "သူ့ရဲ့ကိုယ်စားပြုနိုင်ငံ နှစ်နိုင်ငံနှင့် ပတ်သက်ပြီး အနည်းငယ်ပြဿနာရှိပါတယ်။ သူက ချဉ်းကပ်ကမ်းလှမ်းခြင်းခံခဲ့ရတာပါ။ ဒါကြောင့် သူက အနည်းငယ်စဉ်းစားနေတာပါ" "ပြိုင်ပွဲမတိုင်ခင် လက်ရွေးစင်အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။ သူက ပြောင်းလဲမှာမဟုတ်သော်လည်း ဒီလိုမျိုးဖြစ်လာမှာလည်းမဟုတ်ပါဘူး""ဒါပေမဲ့ ဂါနာရဲ့ ကမ်းလှမ်းမှုကလည်းရှိနေပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ လေးစားရမှာဖြစ်ပါတယ်" "သူဟာ ကျွန်တော်တို့အတွက် ဘယ်လောက်အရေးပါကြောင်းကို ပြောပြီးပါပြီ၊ စီနီယာအဆင့်အတွက်လည်း ကျွန်တော်သိပါတယ်" "သူကိုယ်တိုင်ကလည်း ကျွန်တော်တို့က သူ့အပေါ် ဘယ်လောက်အရေးပါတယ်လို့ မြင်သလဲဆိုတာကို သိပါတယ်"လို့ ပြောပါတယ်။

အဆိုပါအခြေအနေနှင့်ပတ်သက်ပြီး လမ်တေးနှင့် စကားကောင်းကောင်းပြောဆိုထားကြောင်း ကာစလေက ပြောထားပြီး လက်ရွေးစင်အသင်းကြီးနည်းပြ ဆောက်ဂိတ်ကလည်း ဘရိုက်တန် ညာနောက်တန်းကစားသမားကို ဆက်သွယ်နေတာလည်းဖြစ်ပါတယ်။ အဆိုပါနေရာတွင် အင်္ဂလန်မှာကစားသမားကောင်းတွေရှိနေပြီး အာနိုးလ်၊ ရီစီဂျီမ်းစ်၊ ကိုင်လီဝေါ်ကာ၊ ထရစ်ပီယာ၊ ဂျက်စတင်၊ ကိုင်လီဝေါ်ကာပီတာ၊ လီဗရာမန်တိုတို့အပြင် အခြားကစားသမားတွေပါရှိနေတာဖြစ်ပါတယ်။

ယူ ၂၁ အသင်းမှာတော့ အခြားညာနောက်တန်းကစားသမားတွေကတော့ နော်တင်ဟမ်ဖောရက်စ်က စပန်စီ၊ နော့ဝှစ်ချ်က အာရွန်စ်နှင့် ဝက်စ်ဟမ်းက ဂျွန်ဆင်တို့သာ ရှိနေတာပါ။

"အခုချိန်မှာ သေချာပေါက်သူ့ကို လိုအပ်နေတာပါ။ဒါပေမဲ့  ဒီမှာ လက်ရွေးစင်အသင်းအတွက် ကစားပေးချင်နေတဲ့ ကစားသမားတွေလည်း ရှိနေပါတယ်" "မသေချာတဲ့နေရာအတွက်တော့ မထွက်သွားစေချင်ပါဘူး။ ဒါဟာမျှတတယ်လို့လည်း ကျွန်တော်မထင်ပါဘူး" "အဲ့ဒါနဲ့ဆန့်ကျင်ဘက်ကတော့ သူဟာ ကျွန်တော့်အတွက် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်သလို သူ့ရဲ့အနာဂတ်အတွက်လည်း မြင်နေရပါတယ်။ ဒါကြောင့် သူ့ကို သေချာပေါက် ပြန်လာစေချင်ပါတယ်" "ဒါဟာ သူ့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ညာနောက်တန်းကစားသမားတွေရှိသော်လည်း အသင်းရဲ့ ကစားသမားတွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုမရှိပါဘူးလို့ ဆိုလိုတာတော့မဟုတ်ပါဘူး""သူဟာ အရေးပါတဲ့ ကစားသမားဖြစ်ပြီး အသင်းကြီးတွက်သာမက ယူ ၂၁ အသင်းအတွက်လည်း အလားအလာရှိတဲ့သူဖြစ်ပါတယ်"လို့ နည်းပြက ပြောပါတယ်။

နိုင်ငံသားနှစ်ခုနိုင်ခြင်းကြောင့် အခြားနိုင်ငံသို့ ကစားသမားတွေဆုံးရှုံးလိုက်ရတာက အင်္ဂလန်အတွက် အဆန်းမဟုတ်တော့ပါဘူး။ ဥပမာအားဖြင့် ဇာဟာကလည်း အိုင်ဗရီကို့စ်သို့ ပြောင်းသွားခဲ့တာဖြစ်ပြီး မကြာသေးခင်က ဘိုင်ယန်မြူးနစ်က မူစီယာလာကလည်း ဂျာမနီနိုင်ငံသို့ ပြောင်းသွားခဲ့တာဖြစ်ပါတယ်။

စီနီယာပွဲထွက်ခွင့် ၃ပွဲနှင့် ၃ပွဲအောက်ရှိနေပါက ကစားသမားတွေဟာ နိုင်ငံပြောင်းလဲကစားခွင့်ရှိနေတာဖြစ်ပြီး အဆိုပါပြောင်းလဲမှုများဟာ အသက် ၂၁ နှစ်အရွယ်မတိုင်ခင်မှာဖြစ်ပါတယ်။ ပဲ့လေ့စ်ရဲ့ခံစစ်မှုး ဂူဟီကလည်း အိုင်ဗရီကို့စ်သို့ ပြောင်းဖို့ စဉ်းစားနေသလို အင်္ဂလန်အတွက် ၃ ပွဲကစားပေးထားတဲ့ ချဲလ်ဆီးက အိုဒွိုင်းကလည်း ဂါနာကို ရွေးချယ်နိုင်နေပါတယ်။ အင်္ဂလန်ကလည်း နိုင်ငံပြောင်းလဲနိုင်မှုကြောင့် အိုင်ယာလန်ကနေ ပြောင်းလာတဲ့ ဒီကလန်ရိုက်စ်နှင့် ဂျက်ဂရီးလစ်ချ်တို့ကြောင့် အမြတ်ထွက်ထားတာလည်းဖြစ်ပါတယ်။

"ကျွန်တောတို့ မလုပ်ချင်တဲ့အရာကတော့ ကစားသမားတွေကို အင်္ဂလန်အတွက် အတင်းအကျပ်ကစားခိုင်းတာပါပဲ" "သူတို့တွေက လေ့ကျင့်ရေးစခန်းသို့ လာပြီး ပြန်ထွက်သွားတဲ့အချိန်မှာ ကျွန်တော်တို့အတွက် ဘယ်လောက်အထိရေးပါတဲ့ ကစားသမားတွေဖြစ်သွားလဲဆိုတာကို သိကြမှာပါ။ မည်သည့်အာမခံချက်ကိုမှ ကျွန်တော်တို့ကတော့ မပေးနိုင်ပါဘူး" "ဒီလိုလုပ်တာ ဘောလုံးလောကမှ မမျှတဘူးလို့ ကျွန်တော်ထင်ပါတယ်။ ပြီးခဲ့တဲ့ရက်တွေက ကျွန်တော်ဟာ လမ်ပါတေးနဲ့ စကားကောင်းကောင်းပြောဖြစ်ခဲ့ပါတယ်" "သူဟာ အဆင့်မြင့်နေတဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး အသင်းကနေထွက်ခွာပြီး အခြားနိုင်ငံအတွက် ကစားပေးမှာကိုတော့ ခင်များလည်း ကြိုက်မှာမဟုတ်ပါဘူး" "အဲ့ဒီအတွက် ကျွန်တော်တို့က လက်လျော့သွားမှာမဟုတ်ပါဘူး။ ပြောင်းခွင့်ရှိတဲ့အပေါ်ကိုလည်း လေးစားမှုရှိရမှာဖြစ်ပါတယ်"လို့ ကာစလေက ပြောပါတယ်။

ကာစလေရဲ့အသင်းမှာ နာမည်ကြီးကစားသမားကတော့ ဆောက်ဂိတ်ရဲ့စီနီယာအသင်းမှာ ရွေးချယ်ခြင်းမခံထားရတဲ့ အာဆင်နယ်က စမစ်ရိုဝီပဲဖြစ်ပါတယ်။ ပထမဆုံးခေါ်ယူခြင်းခံထားရတဲ့ ကစားသမားတွေကတော့ ပရက်စတွန်အငှားသွားရောက်ကစားနေတဲ့အချိန်မှာ ခြေစွမ်းပြသနေတဲ့ ဗီလာတိုက်စစ်မှုး အာချာ၊ ဘော်လ်တွန်မှာ အငှားသွားရောက်ကစားနေတဲ့ မန်စီးတီးဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ်တို့ပဲဖြစ်ပါတယ်။

အင်္ဂလန် ယူ ၂၁ အသင်းရဲ့ လူစားရင်း
-----------------------------------   
ဂိုးသမား    -    ဂျိုဘာစကစ် (စတုတ်)၊ ဂျိမ်းစ်ထရက်ဖို့ဒ် (ဘော်လ်တွန် - မန်စီးတီးမှ အငှားလာရောက်ကစား)၊ ရက်ချ်ဝေါ့ထ် (ဝယ်ဆဲလ် - ဘရိုက်တန်မှ အငှားလာရောက်ကစား)။

နောက်တန်း -    မက်စ်အာရွန်စ် (နော့ဝှစ်ချ်)၊ ချာလီခရက်စ်ဝဲလ် (လိဒ်စ်)၊ တေလာဟာဝုဒ်ဘယ်လီစ် (စတုတ် - မန်စီးတီးမှ အငှားလာရောက်ကစား)၊ လီဗိုင်ကိုလ်ဝယ် (ဟက်ဒါဖီးလ် - ချဲလ်ဆီးမှ အငှားလာရောက်ကစား)၊ ဂျိမ်းစ်ဟေးလ် (ဘုန်းမောက်)၊ လူကီသောမက်စ် (လက်စတာ)၊ ဘန်ဂျွန်ဆင် (ဝက်စ်ဟမ်း)၊ စပန်စီ (နော်တင်ဟမ်ဖောရက် - မစ်ဒယ်ဘရော့ချ် အငှားလာရောက်ကစား)။

အလယ်တန်း-    ဆက်ဆီဂွန် (တော့တင်ဟမ်)၊ တွမ်မီဒွိုင်လီ (ကာဒစ် - မန်စီးတီးမှ အငှားလာရောက်ကစား)၊ ဂါနာ (နော်တင်ဟမ်ဖောရက်စ် - ယူနိုက်တက်မှ အငှားလာရောက်ကစား)၊ မော်ဂန်ဂစ်ဘ်ဝှိုက်စ် (ရှက်ဖီးလ်ယူနိုက်တက် - ဝုဗ်မှ အငှားလာရောက်ကစား)၊ ဂျာကော့ဘ်ရမ်ဆေး (ဗီလာ)၊ ကာတစ်ဂျုံးစ် (လီဗာပူး)၊ အယ်လီးယော့ (လီဗာပူး)။

ရှေ့တန်း    -    ဘယ်လိုဂန် (မစ်ဒယ်ဘရော့ချ် - အာဆင်နယ်မှ အငှားလာရောက်ကစား)၊ ဂေါ်ဒန် (အဲဗာတန်)၊ အိန်ဂျယ်ဂိုးမက်စ် (လိုင်လီ)၊ လူးဝစ်ပေါ်တာ (ဟူး)၊ စမစ်ရိုဝီ (အာဆင်နယ်)၊ အာချာ (ပရက်စတွန် - ဗီလာမှ အငှားလာရောက်ကစား)။

#အင်္ဂလန် #လမ်တေး