ရှေ့သို့
Image

အန်ကွန်ကူကို စိတ်ဝင်စားနေတဲ့ ချဲလ်ဆီးနဲ့ ဝါနာကို မခေါ်တော့တဲ့ ဒေါ့မွန်

11:15 AM, 26 May

ယခုနှစ်ရဲ့ဘွန်ဒက်လီဂါ အကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ လိုက်ပ်ဇစ်တိုက်စစ်ကစားသမား ခရစ်စတိုဖာ အန်ကွန်ကူကို စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ ချဲလ်ဆီးအသင်းနဲ့ ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ကစားသမားဟာ လိုက်ပ်ဇစ်နဲ့ စာချုပ်သက်တမ်းထပ်တိုးဖို့ ပြုလုပ်နေခဲ့ပေမဲ့ ချဲလ်ဆီးဟာ အဆိုပါဆွေးနွေးညှိနှိုင်းမှုကို ဝင်ရောက်နှောင့်ယှက်ပြီး အခွင့်အရေးရရှိနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အန်ကွန်ကူကိုလည်း ရီးရဲလ်တို့စိတ်ဝင်စားပေမဲ့ ချဲလ်ဆီးတို့စိတ်ဝင်စားနေတဲ့ နောက်ထပ်ကစားသမားဖြစ်တဲ့ ချူအာမီနီကိုသာ လတ်မှတ်ထိုးနိုင်ဖို့ ပိုဦးစားပေးနေကြပါတယ်။

အသင်းမှာ ပွဲထွက်ခွင့်သိပ်မရတဲ့ကစားသမားတွေဖြစ်တဲ့ပူလီဆစ်၊ ဝါနာနဲ့ ဇီယက်ချ်တို့ကို ချဲလ်ဆီးဟာ ဒီရာသီမှာ ရောင်းထုတ်ရတော့မှာဖြစ်ပါတယ်။ လူကာကူကတော့ ၁၅ ဂိုးသွင်းယူထားခဲ့ပြီး အသင်းရဲ့ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ခဲ့ပေမဲ့ အများမျှော်လင့်ထားသလောက်ခြေစွမ်းမပြနိုင်ခဲ့ဘူးပဲဖြစ်ပါတယ်။

အဓိကပြဿနာကတော့ အဆိုပါကစားသမားလေးယောက်လုံးဟာ ပြောင်းရွှေ့ကြေး၊ လခတွေပါထည့်တွက်လိုက်မယ်ဆိုရင် တော်ရုံအသင်းဝယ်ယူဖို့မဖြစ်နိုင်ဘဲ ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းတွေနဲ့ အင်္ဂလန်အသင်းကြီးတွေသာ ဝယ်နိုင်ခြေရှိနေတာဖြစ်ပါတယ်။ ဒေါ့မွန်ဟာ ဝါနာကိုဝယ်ယူဖို့ စိတ်ဝင်စားခဲ့ပေမဲ့ ကုန်ကျစရိတ်ကြောင့် လက်ရှောင်သွားခဲ့ပုံပေါ်ပါတယ်။

ယခုအချိန်မှာတော့ အဆိုပါဂျာမနီလက်ရွေးစင်ကစားသမားဟာ စတုတ္တမြောက်ဝင်ငွေအများဆုံး ကစားသမားဖြစ်ပြီး တစ်ပတ်ကို ပေါင် ၂၇၅၀၀၀ ခန့်ရရှိတာပဲဖြစ်ပါတယ်။ ဝက်စ်ဟမ်း၊ နယူးကာဆယ်၊ ဆောက်သမ်တန်၊ အင်တာမီလန်၊ အေစီမီလန်နဲ့ နာပိုလီတို့ စိတ်ဝင်စားနေတဲ့ ဘရိုဂျာကိုတော့ ချဲလ်ဆီးအနေနဲ့ ရောင်းချပြီး ငွေဖြစ်အောင်လုပ်နိုင်ခြေရှိပါတယ်။

အဆိုပါ ၂၀ နှစ်အရွယ်ကစားသမားကို ပေါင် ၂၅ သန်း(ဒေါ်လာ ၃၁ သန်း)နဲ့ရောင်းထုတ်သွားဖို့ရှိနေပြီး ရောင်းထွက်နိုင်ခြေရှိနေပါတယ်။ သို့သော်ငြားလည်း တူချယ်ကတော့ အဆိုပါကစားသမားရဲ့ ရာသီကြိုခြေစွမ်းကို စောင့်ကြည့်ချင်နေသေးတာဖြစ်ပါတယ်။ ချဲလ်ဆီးကို သဘောကျတဲ့ လီဝန်ဒေါစကီးနဲ့ နေမာကို ရောင်းထုတ်နိုင်ခြေရှိနေတဲ့ ပီအက်စ်ဂျီကြောင့် ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူးဝယ်ယူမှုဟာ အပြောင်းအလဲအမျိုးမျိုးဖြစ်သွားနိုင်ခြေရှိနေပါတယ်။

#ချဲလ်ဆီး #လိုက်ပ်ဇစ် #ဝါနာ #ဘွန်ဒက်စ်လီဂါ #အန်ကွန်ကူ