ရှေ့သို့
Image

တိုင်လီမန်းစ်ကို ခေါ်ယူနိုင်ဖို့အတွက် တွန်းအားပေးလုပ်ဆောင်လာတဲ့ အာတီတာ

10:18 AM, 26 May

အာဆင်နယ်အသင်းနည်းပြ အာတီတာဟာ လက်စတာကွင်းလယ်လူ တိုင်လီမန်းစ်ကို အရခေါ်ယူဖို့အတွက် အသင်းကို တွန်းအားပေးနေတယ်လို့ သိရပါတယ်။ ဘယ်လ်ဂျီယံသားဟာ လက်စတာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အခုနွေရာသီမှာ အသင်းပြောင်းဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

လက်စတာစတားကို ရီးရဲလ် ၊ တော့တင်ဟမ် ၊ ယူနိုက်တက် နဲ့ အာဆင်နယ်တို့က စိတ်ဝင်စားနေကြပါတယ်။ အာတီတာက အာဆင်နယ်အသင်းတာဝန်ရှိသူတွေကို တိုင်လီမန်းစ်အားခေါ်ယူဖို့ တွန်းအားပေးနေတယ်လို့ သိရပြီး ပေါင် ၂၅ သန်းနဲ့ ကနဦးကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ တယ်လီဂရက်ဖ်သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ လက်စတာဟာ တိုင်လီမန်းစ်ကို ဆက်ထိန်းနိုင်ဖို့အတွက် လတွေကျန်နေသေးတာကြောင့် ပေါင်သန်း ၃၀ လောက် တောင်းဆိုဖွယ်ရှိနေပါတယ်။

သတင်းတွေအရ ခေါ်ယူမယ့်အသင်းတွေအနေနဲ့ တိုင်လီမန်းစ်အတွက် ပေါင်သန်း ၄၀ လောက်သုံးရနိုင်တယ်လို့ ဖော်ပြနေကြပါတယ်။ စပိန်သားဟာ တိုင်လီမန်းစ်ကို ထိပ်တန်းပစ်မှတ်အဖြစ်သတ်မှတ်ထားပြီး ကွင်းလယ်ပိုင်းအတွက် အားဖြည့်လိုနေတာဖြစ်ပါတယ်။

အာဆင်နယ်အသင်းရဲ့ယူကေကင်းထောက် ဂျိမ်းစ်က တိုင်လီမန်းစ်ရဲ့ခြေစွမ်းကို ဒီရာသီတော်တော်များများစောင့်ကြည့်ခဲ့တယ်လို့ သိရပါတယ်။ ဘယ်လ်ဂျီယံသားဟာ ချန်ပီယံလိဂ် ကစားလိုနေပေမယ့် တကယ်လို့ ယူရိုပါလိဂ်ဆိုရင်လည်း ကစားလောက်မှာသေချာနေပါတယ်။

အာဆင်နယ်ဟာ မြို့ခံပြိုင်ဘက် တော့တင်ဟမ်ကို ခြေချော်မှုကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ပေးအပ်လိုက်ရပြီး လက်စတာကလည်း လာမယ့်နွေရာသီမှာ အလွတ်နဲ့ ဆုံးရှုံးတာထက် အခုအပြောင်းအရွှေ့မှာ တိုင်လီမန်းစ်ကို ရောင်းထုတ်လိုနေပါတယ်။ တိုင်လီမန်းစ်ဟာ ၂၀၁၉ မိုနာကိုကနေ လက်စတာကို ပြောင်းလာပြီးကတည်းက အသင်းအတွက် ၁၅၄ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ၂၄ ဂိုးသွင်း ၊ ၂၄ ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #လက်စတာ #တိုင်လီမန်စ်