ရှေ့သို့
Image

ယူနိုက်တက် အားထားရတဲ့ မိုက်ဖီလန်ကို နည်းပြအဖွဲ့ထဲက ထုတ်ပယ်ဖို့ ပြင်ဆင်နေတဲ့ တန်ဟက်

10:08 AM, 26 May

သတင်းတွေအရ ယူနိုက်တက်နည်းပြသစ် တန်ဟက်ဟာ အသင်းအားထားရတဲ့ မိုက်ဖီလန်ကို နည်းပြအဖွဲ့ထဲကနေ ထုတ်ပယ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အတွင်းသတင်းတွေအရ အသက် ၅၉ နှစ်သားဟာ လာမယ့်ရာသီအသင်းရဲ့အစီအစဉ်မှာ ပါဝင်နိုင်ဖွယ်မရှိတော့ပဲ တန်ဟက်က သူယုံရတဲ့လူတွေကိုသာ ခန့်အပ်လိုနေတာဖြစ်ပါတယ်။

ဖီလန် နဲ့ ရန်နစ်ရဲ့နည်းပြအဖွဲ့ဝန်ထမ်းတွေဟာ ထွက်ခွာရလိမ့်မယ်လို့ Daily Mail သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ကစားသမားအနေနဲ့ကော ဖာဂူဆန်လက်အောက်မှာ လက်ထောက်အနေနဲ့လုပ်ခဲ့ပြီးနောက် ၂၀၁၉ တုန်းက ဆိုးလ်ရှားလက်အောက် ဖီလန်တစ်ယောက် ယူနိုက်တက်နဲ့ ပြန်လည်ပေါင်းစည်းခဲ့တာဖြစ်ပါတယ်။

သတင်းအရ ဖီလန်တစ်ယောက် အသင်းမှာဆက်ရှိ မရှိဖို့က အမှုဆောင်တွေနဲ့ ဆွေးနွေးမှုပေါ်မူတည်တယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ တနလာၤနေ့တုန်းက တန်ဟက်ရဲ့လက်ထောက်တွေအဖြစ် မစ်ချယ် နဲ့ စတိဗ်မက်ဂ်လာရင်တို့ကို ခန့်အပ်ခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။

ဗန်ဒါဂတ်ဟာ တန်ဟက်အေဂျက်မှာတုန်းက နံပါတ် ၂ နေရာမှာ ရှိခဲ့တဲ့သူဖြစ်ပြီး မက်ဂ်လာရင်တော့ တွမ်တီးအသင်းမှာတုန်းက တန်ဟက်နဲ့ အလုပ်တွဲလုပ်ခဲ့သူဖြစ်ပါတယ်။ အင်္ဂလန်နည်းပြဟောင်းဟာ ဖာဂူဆန်လက်အောက်မှာမဝင်ခင် ယူနိုက်တက်လက်ထောက်နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သေးတာဖြစ်ပါတယ်။

နောက်ထပ်စီနီယာအသင်းနည်းပြတစ်ယောက်လည်း မကြာခင်မှာ ပြောင်းရွှေ့လာမယ်လို့ သိရပါတယ်။ လက်ရှိစီနီယာအသင်းနည်းပြအဖွဲ့ဝင်တွေဖြစ်တဲ့ ခရစ္စအာမက်စ် ၊ အီဝန်ရှက်ဖ် ၊ စိတ်ပိုင်းဆိုင်ရာဆရာဝန် လန်စီတို့ကတော့ ရန်နစ်နဲ့အတူ ထွက်ခွာရမှာဖြစ်ပါတယ်။ ဂိုးနည်းပြ ရစ်ချက် ဟာတစ် နဲ့ တည်ကန်ဘောဆရာာ အဲရစ်ရမ်ဆေးတို့ကတော့ အသင်းမှာဆက်ရှိနေမှာဖြစ်ပါတယ်။

ရန်နစ်ဟာ အခုလာမယ့်နွေရာသီမှာ ယူနိုက်တက်ရဲ့အကြံပေးအဖြစ် ပြောင်းလဲလုပ်ဆောင်မှာဖြစ်ပါတယ်။ ဂျာမန်သားဟာ သြစတြေးလျနည်းပြအဖြစ် တာဝန်ထမ်းဆောင်ဖို့လည်း လုပ်ဆောင်နေပါတယ်။

#မန်ချက်စတာယူနိုက်တက် #အဲရစ်တန်ဟက်ချ် #မိုက်ဖီလန်