ရှေ့သို့
Image

LMA ဆုရရှိခဲ့ပြီးနောက် လေးစားဖွယ်အပြုအမူတစ်ခုကို ပြသခဲ့တဲ့ ကလော့ပ်

9:45 AM, 26 May

လီဗာပူးအသင်းနည်းပြ ကလော့ပ်က လိဂ်မန်နေဂျာဆုပေးပွဲမှာ ဖာဂူဆန်နဲ့ ပတ်သက်ပြီး လေးစားဖွယ်အပြုအမူတစ်ခုပြသခဲ့တာကြောင့် ချီးကျူးခံနေရပါတယ်။

ကလော့ပ်ဟာ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကိုရရှိခဲ့ပြီး အဆိုပါဆုကို ယူနိုက်တက်ဂန္ထဝင်နည်းပြ ဖာဂူဆန်က ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြဟောင်းကြီးက အဆိုပါဆုပေးပွဲကို တက်ရောက်ပြီး ဆုကို ကလော့ပ်ထံပေးအပ်ကာ လက်ဆွဲနှုတ်ဆက်ပြီး စင်မြင့်ပေါ်ကနေ လျင်လျင်မြန်မြန်ထွက်ခွာဖို့ လုပ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဂျာမန်သားက ဖာဂူဆန်ကို ဆွဲထားခဲ့ပြီး ဆုတံဆိပ်နဲ့အတူ ဓာတ်ပုံတွဲရိုက်ခဲ့ပါတယ်။ အဆိုပါဗီဒီယိုဖိုင်ဟာ လူမှုမီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့ပြီး ပရိသတ်တစ်ဦးက “ကလော့ပ်ဟာ ဖာဂူဆန်ကို အများကြီးလေးစားတယ်”လို့ ရေးသားခဲ့ပါတယ်။ နောက်တစ်ဦးကလည်း “တကယ့်ကို ကိုယ်ကျင့်သိက္ခာပြည့်ဝတဲ့သူ”လို့ ရေးသားခဲ့ပါတယ်။ နောက်တစ်ဦးကလည်း “ကလော့ပ်က တကယ့်ကိုလေးစားစရာကောင်းတဲ့သူ”လို့ ရေးသားခဲ့ပါတယ်။

ကလော့ပ်ကတော့ ဆုရယူအပြီးမှာ”ကျွန်တော်တစ်ဦးချင်းဆုတံဆိပ်တွေကို ယုံကြည်လေ့မရှိပါဘူး။ အဲ့တာက အသင်းလိုက်အားကစားနည်းပါ။ ကျွန်တော်ဒီဆုကို ကောင်လေးတွေမပါပဲ ရမှာမဟုတ်ပါဘူး။ အတူတူသာလုပ်ဆောင်မယ်ဆိုရင် ကျွန်တော်တို့အရာအားလုံးကို လုပ်ဆောင်နိုင်မှာပါ။ တကယ့်ကို ဂုဏ်ယူရတဲ့ဆုပါ။ ပြီးတော့ တကယ်မိုက်တဲ့ရာသီတစ်ခုပါ။ ကျွန်တော်တို့ ၂ ပွဲကနေ နောက်ဆုံးပွဲအထိ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ ဒီဆုရရှိချိန်မှာ မင်းက ဉာဏ်ကြီးရှင် ဒါမှမဟုတ် ကမ္ဘာ့အကောင်းဆုံးနည်းပြတစ်ဦးဖြစ်နေပါပြီ။ အခုဒီမှာ ကျွန်တော်ရောက်နေတာက ကျွန်တော့်အသင်း နည်းပြအဖွဲ့ဝန်ထမ်းတွေကြောင့်ပါ။ သူတို့ဘယ်လောက်အရေးပါလဲဆိုတာ ကျွန်တော်သိပါတယ်။ သူတို့ကို ကျေးဇူးတင်ပါတယ်”လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။

#လီဗာပူး #ကလော့ပ် #ဖာဂူဆန်