ရှေ့သို့
Image

ယူရိုပါကွန်ဖရင့်လိဂ်ဆွတ်ခူးခဲ့ပြီးနောက် အပျော်တွေကို ဖွင့်ဟလာတဲ့ စမောလင်းနဲ့ အေဘရာဟမ်

9:37 AM, 26 May

အင်္ဂလိပ်လူမျိုးကစားသမားတွေဖြစ်ကြတဲ့ ခရစ်စမောလင်းနဲ့ အေဘရာဟမ်တို့ဟာ ဗုဒ္ဓဟူးနေ့က ရိုးမား ရရှိခဲ့တဲ့ ယူရိုပါကွန်ဖရင့်လိဂ်ဖလားနဲ့ ပတ်သက်ပြီး ပျော်ရွှင်ဝမ်းမြောက်ကြည်နူးနေကြပါတယ်။

ယူနိုက်တက်နောက်ခံလူဟောင်းဖြစ်သူဟာ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ပွဲစဉ်ရဲ့အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သူဖြစ်ပြီး အေဘရာဟမ်ကတော့ အသင်းရဲ့ ထိပ်သီးကစားသမားဖြစ်ပါတယ်။ ဥရောပြိုင်ပွဲကို ပထမဆုံး အနိုင်ရခဲ့တာဖြစ်လို့ ကစားသမားနှစ်ယောက်လုံးဟာ ပျော်ရွှင်နေခဲ့ပေမဲ့ ရိုးမားဟာ ဒီဖလားကိုရရှိဖို့အတွက် နောက်ဆုံးအချိန်အထိတိုက်ပွဲဝင်ခဲ့ရကြောင်း စမောလင်းက ဝန်ခံခဲ့ပါတယ်။

“ဒါဟာ ရိုးမားကလူတိုင်းအတွက် ဘယ်လောက်အရေးပါလဲ ကျွန်တော်တို့သိပါတယ်။ ကျွန်တော်တို့အတူတကွ အဆုံးထိရောက်အောင် ဘယ်လိုတိုက်ပွဲဝင်ခဲ့ကြလဲ ခင်ဗျားတို့လည်းတွေ့နိုင်ပါတယ်။ ဒီလိုမျိုးခက်ခက်ခဲခဲကစားရတာလေးတွေက ဒီနှစ်ထဲမှာနည်းနည်းရှိတယ်ဗျ။ ကျွန်တော်တို့ လိုချင်သလောက်မဖြစ်ခဲ့ပေမဲ့ ကျွန်တော်တို့ အဆုံးစွန်ထိလုပ်ရမှာကိုတော့သိတယ်။ ရှေ့တန်းတွေကအစ နောက်တန်းပြန်ဆင်းလာပြီးတော့ အကုန်လုံးက ခံစစ်ကစားပြီးတော့ အနိုင်ရမှဖြစ်မှာကို ကျွန်တော်တို့သိခဲ့ကြတယ်။ ကျွန်တော်အသင်းကို စရောက်လာတုန်းကဆိုရင် အသင်းကဖလားမရတာ တော်တော်ကြာနေပြီဗျ။ ပရိသတ်တွေပြောတာလည်း ကြားမယ်ထင်ပါတယ်။ ဒါဟာ ဘယ်လောက်တောင်အရေးကြီးတယ်ဆိုတာ ခင်ဗျားတို့သိမယ်ထင်ပါတယ်။ ပြောရမယ်ဆိုရင်တော့ တကယ်ကောင်းတဲ့ပရိသတ်အချို့ကို ရခဲ့တာပါ”လို့ စမောလင်းက ဆိုပါတယ်။

ယမန်နှစ်က ချဲလ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားရရှိခဲ့တဲ့ အေဘရာဟမ်ကတော့ ရိုးမားဟာ ယမန်နေ့ညက နိုင်ပွဲနဲ့တကယ်ထိုက်တန်ကြောင်းပြောပါတယ်။

“ဒီကိုရောက်လာပြီး ကျွန်တော်ပြောခဲ့တဲ့အရာက ဒီအသင်းကို ဖိုင်နယ်ရောက်အောင်စွမ်းဆောင်ပြီး ဖလားတစ်လုံးရချင်တယ်ဆိုတဲ့အကြောင်းပါ။ ကျွန်တော်ရဲ့ပထမရာသီမှာတင် အရယူနိုင်ခဲ့ပါတယ်”လို့ အေဘရာဟမ်ကဆိုပါတယ်။

“ကျွန်တော်အသင်းဖော်တွေရဲ့ကျေးဇူးကြောင့် ခြေစွမ်းကောင်းကောင်းပြနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့နဲ့ ထိုက်တန်ခဲ့ပါတယ်။ ကျွန်တော်တို့တွေ တစ်နှစ်ပတ်လည်လုံး အကောင်းဆုံးကြိုးစားလာခဲ့တာပါ။ ကျွန်တော် ပရိသတ်တွေကို ချစ်ပါတယ်။ ကျွန်တော်ရောက်လာတဲ့ ပထမနေ့တည်းကစပြီး သူတို့ကအရမ်းချစ်ဖို့ကောင်းပါတယ်။ ကျွန်တော်တို့က ချန်ပီယံတွေပါ။ ဒီအသင်းရဲ့ တစ်စိတ်တစ်ဒေသဖြစ်ရတာ ကျွန်တော်ဝမ်းသားပါတယ်။ အခုက ပျော်ပျော်ရွှင်ရွှင်နဲ့ အောင်ပွဲခံရမယ့်အချိန်ပါ”လို့ သူကပြောပါတယ်။

ပထမပိုင်းမှာဂိုးခဲ့တဲ့ ဇာနီအိုလိုရဲ့တစ်လုံးတည်းသော ဂိုးနဲ့အတူ အီတလီသားတို့ ဖလားရခဲ့တာပဲဖြစ်ပါတယ်။

#ရိုးမား #အေဘရာဟမ် #ယူရိုပါကွန်းဖရန့်လိဂ် #စမောလင်း