ရှေ့သို့
Image

ပိုင်ရှင်ဖြစ်ဖို့ သေချာသွားပြီးနောက် တူချယ်အား ကစားသမားပြောင်းရွှေ့ကြေး သန်း ၂၀၀ ပေးတော့မယ် တော့ဒ်ဘိုဟီ

2:49 PM, 25 May

မန်စီးတီးတိုက်စစ်မှူးစတာလင်ကို လိုချင်နေတဲ့ တူချယ်ထံကိုတော့ အသင်းပိုင်ရှင်အသစ်တော့ဒ်ဘိုဟီဟာ ပေါင် သန်း ၂၀၀ တိတိ ပေးအပ်သွားတော့မှာဖြစ်ပါတယ်။

ပရီးမီယားလိဂ်ဘုတ်အဖွဲ့ကတော့ ချဲလ်ဆီးအသင်းကိုဝယ်ယူမယ့်တော့ဘိုဟီရဲ့လုပ်ငန်းစုအဖွဲ့အစည်းကို အတည်ပြုပေးလိုက်ပြီးဖြစ်ပြီး အေဗရာမိုဗစ်ခ်ျကြောင့် ချဲလ်ဆီးအသင်းခံနေရတဲ့ အရေးယူပိတ်‌ဆို့မှုတွေဟာ လျော့ကျသွားဖို့ရှိနေပါတယ်။ တူချယ်ကတော့ ထိပ်ဆုံးကဦးဆောင်နေတဲ့အသင်းတွေကို အမီလိုက်နိုင်ဖို့ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ထဲအမြဲဝင်တိုးရမှာဖြစ်တယ်လို့ အသင်းပိုင်ရှင်အသစ်တော့ဘိုဟီကို ပြောဆိုခဲ့ပြီး တော့ဘိုဟီကလည်း သူ့ရဲ့နည်းပြကို ထောက်ပံ့ပေးဖို့ အသင့်ဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။

The Telegraph ရဲ့တင်ပြချက်အရ ချဲလ်ဆီးဟာ ယခုနှစ်နွေရာသီမှာ ပေါင်သန်း ၂၀၀ ခန့်သုံးစွဲသွားဖို့ရှိနေပြီး ထိုဘက်ဂျက်ရဲ့အနည်းငယ်မျှသောပမာဏဟာဆိုရင် ကစားသမားတွေကို ရောင်းဝယ်မှုကနေ ရရှိမှာပဲဖြစ်ပါတယ်။ ခံစစ်ပိုင်းဟာ တူချယ်ပထမဆုံးဦးစားပေးရမယ့်အရာဖြစ်ပေမဲ့ တူချယ်ကတော့ သူ့ရဲ့တိုက်စစ်ကို ပိုမိုတိုးတက်စေဖို့အတွက် မန်စီးတီးတောင်ပံကစားသမားစတာလင်ကို ဝယ်ယူဖို့ရှိနေတာကိုတွေ့ရပါတယ်။

အင်္ဂလန်လက်ရွေးစင်ကစားသမားဖြစ်သူဟာ မန်စီးတီးနဲ့ စာချုပ်သက်တမ်း တစ်‌နှစ်သာ ကျန်တော့တာဖြစ်ပြီး ရာသီအစမှာကောင်းစွာ အသုံးချခြင်းမခံခဲ့ရတဲ့အတွက် အသင်းကနေထွက်မယ်လို့ ကြေညာခဲ့တာလည်းဖြစ်ပါတယ်။ စတာလင်ဟာ ရာသီနောက်ပိုင်းမှာတော့ ပိုမိုအရေးပါသလိုကစားခဲ့ရတာဖြစ်ပြီး  သူသာ မန်စီးတီးမှာ စာချုပ်သစ်ထပ်မချုပ်ဖြစ်ခဲ့ရင်တော့ မန်စီးတီးအနေနဲ့ သူ့ကိုရောင်းထုတ်မှုကနေ ငွေရရှိဖို့ရှိနေပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး တိကျသေချာစွာ မဆုံးဖြတ်ရသေးပေမဲ့ ဟာလန်းဝင်ရောက်လာမှုကြောင့် အသင်းကနေထွက်ဖို့ကပိုများနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ တော့တင်ဟမ်နဲ့ အာဆင်နယ်တို့ဟာလည်း အဆိုပါကစာသမားကို စိတ်ဝင်စားနေခဲ့ပေမဲ့ စတာလင်ကတော့ ပိုမိုဆွဲဆောင်မှုရှိတဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့ဖို့သာ ပိုမိုဖြစ်နိုင်ခြေရှိနေတာပဲဖြစ်ပါတယ်။

#ချဲလ်ဆီး #တူချယ် #တော့ဒ်ဘိုဟီ