ရှေ့သို့
Image

တစ်ပတ်လုပ်ခလစာ ပေါင် ၈ သောင်းထက် ၂ဆပိုရတော့မယ် မေဆင်မောင့်

2:43 PM, 25 May

ချဲလ်ဆီးအသင်းကို တော့ဒ်ဘိုဟီ လွှဲပြောင်းရယူပြီးတာနဲ့ မေဆင်မောင့်ကို လုပ်ခလစာတိုးပေးဖို့ ချဲလ်ဆီးတို့ ရည်ရွယ်နေပုံပေါ်ပါတယ်။ အသက် ၂၃ နှစ်အရွယ်ကစားသမားဖြစ်သူဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမားဖြစ်သလို ချဲလ်ဆီးနဲ့ အင်္ဂလန်အသင်းအတွက် အဓိကလိုအပ်နေတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

မောင့်ဟာ ယခုရာသီပရီးမီးယားလိဂ်မှာ ၁၁ ဂိုးသွင်း၊ ၁၀ ဂိုးဖန်တီးထားတဲ့ ကစားသမားဖြစ်ပြီး သွင်းဂိုးရော ဖန်တီးဂိုး‌ပါဆယ်ဂဏန်းကျော်တဲ့ တစ်ဦးတည်းသော ချဲလ်ဆီးကစားသမားလည်းဖြစ်ပါတယ်။ ရာသီအများစုမှာ ဒုတိယမြောက်အကောင်းဆုံးကစားသမားဖြစ်‌လေ့ရှိပြီး ခြေစွမ်းအမြဲပြလေ့ရှိပေမဲ့ မေဆင်မောင့်ဟာ အသင်းရဲ့လစာအနည်းဆုံးကစားသမားတွေထဲကတစ်ယောက်ဖြစ်ပြီး တစ်ပတ်ကိုလုပ်ခလစာ ပေါင် ၈၀၀၀၀ သာရရှိတာဖြစ်ပါတယ်။

သို့သော်ငြားလည်း အဆိုပါကိစ္စဟာ ချဲလ်‌ဆီးကို လွှဲပြောင်းယူမှုကိစ္စအပေါ်မူတည်နေပြီ ချဲလ်‌ဆီးကို ဝယ်ယူလွှဲပြောင်းမှုပြီးတာနဲ့ မေ‌ဆင်မောင့်ရဲ့ လုပ်ခလစာဟာ နှစ်ဆနဲ့အထက်တိုးနိုင်ခြေရှိနေပါတယ်။ ချဲလ်ဆီးဟာ မန်စီးတီးနဲ့ လီဗာပူးတို့နှစ်သင်းကိုယှဉ်နိုင်မယ့်အသင်းမျိုးကို မေဆင်မောင့်ကို ဗဟိုထားပြီး တည်ဆောက်ချင်နေပုံပေါ်ပြီး မောင့်ကလည်း လူငယ်ကစားသမားဘဝကတည်းက ကစားရတဲ့အသင်းမှာ ရေရှည်ကစားရမှာကို ကျေနပ်နေတယ်လို့လည်းဆိုကြပါတယ်။

ပို့စ်မောက်ဖွားကွင်းလယ်ကစားသမားဖြစ်သူဟာ သူ့ရဲ့ချဲလ်ဆီးပွဲရေ ၁၆၀ မှာ ချန်ပီယံလိဂ်ဖလား၊ ကလပ်ကမ္ဘာ့ဖလား၊ ဥရောပစူပါဖလားတို့ကို ရရှိခဲ့ပြီးဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ချဲလ်ဆီးဟာ ယခုရာသီမှာလည်း ကောင်းမွန်တဲ့ရာသီတစ်ခုပိုင်ဆိုင်ခဲ့တာဖြစ်ပြီး လိဂ်ထဲမှာလည်း တတိယနေရာကို သက်သောင့်သက်သာရရှိခဲ့သလို အေဗရာမိုဗစ်ခ်ျကြောင့် အရေးယူပိတ်ဆို့မှုတွေရှိ‌သော်ငြား အက်ဖ်အေဖလားဖိုင်နယ်ကိုပါ ရောက်ရှိခဲ့တာဖြစ်ပါတယ်။

သူတို့ဟာ ယခုရာသီမှာ ပြိုင်ဖက်တွေကို ကောင်းစွာဖိအားမပေးနိုင်ခဲ့ပေမဲ့ နောက်ရာသီမှာတော့ သူတို့ရဲ့ပြိုင်ဖက်တွေကို ပိုမိုနီးကပ်စွာဖိအားပေးတော့မှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးမှာရောက်နေတဲ့ မန်စီးတီးနဲ့ လီဗာပူးကို အနိုင်ယူနိုင်ဖို့ဆိုရင်တော့ ချဲလ်ဆီးဟာ မေဆင့်မောင့်ကို လက်လွှတ်မခံမှပဲရမှာလည်းဖြစ်ပါတယ်။

#ချဲလ်ဆီး #မေဆင်မောင့် #တော့ဒ်ဘိုဟီ