ရှေ့သို့
Image

တိရစ္ဆာန် နှိပ်စက်မှုကို ကျူးလွန်ခဲ့ကြောင်း ဝက်စ်ဟမ်း နောက်ခံလူ ဇူးမား ဝန်ခံပြောကြား

11:03 AM, 25 May

ဝက်စ်ဟမ်းနောက်ခံလူ ဇူးမားက တိရစ္ဆာန်ကိုနှိပ်စက်ခဲ့တဲ့ဗီဒီယိုဖိုင်ကြောင့် အရေးယူခံရမယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ အသက် ၂၇ နှစ်သားဟာ အိမ်မှာရှိတဲ့ကြောင်ကို ကန်ခဲ့တာဖြစ်ပြီး ငယ်ရွယ်တဲ့သားဖြစ်သူရှေ့မှာလည်း ရိုက်ခဲ့သေးတာဖြစ်ပါတယ်။

ဇူးမားဟာ တိရစ္တာန်ညညင်းဆဲမှုကြောင့် အရေးယူခံရမယ့်အမှု ၂ ခုကို တောင်းပန်ထားတာဖြစ်ပါတယ်။ ဒါ့ပြင် သူ့ရဲ့ညီဖြစ်သူ ယိုအန်ကလည်း RSPCA ရဲ့စုံစမ်းစစ်ဆေးမှုကို ခံနေရပါတယ်။ ဇူးမားရဲ့ညီဖြစ်သူကတော့ Snapchatက အမျိုးသမီးတစ်ဦးနဲ့ဖြစ်ပွားခဲ့တဲ့ဗီဒီယိုတွေကြောင့် တရားရင်ဆိုင်ရဖွယ်ရှိနေပါတယ်။ ကြောင်ကို ရိုက်တဲ့ဖြစ်ရပ်မှာတော့ သားဖြစ်သူက ကြောင်ကို ကိုင်ထားပေးတာဖြစ်ပြီး ဇူးမားက ရိုက်ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် ဇူးမားက ကြောင်ကိုသတ်ပစ်မယ်လို့လည်း ပြောဆိုခဲ့သေးတာဖြစ်ပါတယ်။ ဇူးမားရဲ့လုပ်ရပ်ကြောင့် ဝက်စ်ဟမ်းအသင်းက ၂ ပတ်တာလုပ်ခလစာ ဒဏ်ကြေးအဖြစ်လျော့ခဲ့ပေမယ့် ပရီးမီးယားလိဂ်ကတော့ ပွဲပယ်ပြစ်ဒဏ်မချမှတ်ခဲ့တာဖြစ်ပါတယ်။

သို့ပေမယ့် ဇူးမားတစ်ယောက် စပွန်ဆာတော်တော်များများရဲ့ပြစ်ဒဏ်ချမှတ်ခြင်းကိုတော့ ခံခဲ့ရပါတယ်။ ဝက်စ်ဟမ်း အသင်းဘက်က မိမိတို့ကစားသမားဟာ စုံစမ်းစစ်ဆေးမှုတွေမှာ အပြည့်အဝပါဝင်နေပြီး အသင်းရဲ့ ထောက်ခံမှုလည်းရရှိထားတယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

#ဇူးမား #ဝက်စ်ဟမ်း