ရှေ့သို့
Image

ယခုလအစောပိုင်းက ယူနိုက်တက်လေ့ကျင့်ရေးကွင်းမှာ အချင်းများခဲ့ကြတဲ့ ဟန်နီဘယ်နဲ့ အဲလက်စ် တဲလက်စ်

1:07 PM, 24 May

ယူနိုက်တက် အသင်းဖော်တွေဖြစ်တဲ့ ဟန်နီဘယ် မီဂျ်ဘရီနဲ့ အဲလက်စ် တဲလက်စ်တို့ဟာ ယခုလအစောပိုင်းက လေ့ကျင့်ရေးကွင်းမှာ အချင်းများခဲ့ကြတာကြောင့် အခြားကစားသမားတွေက ဝင်ဆွဲခဲ့ရတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ နည်းပြသစ် တန်ဟက် လာကြည့်တဲ့ပွဲမှာလည်း ပဲလေ့စ်ကို ရှုံးကာ ဆိုးရွားတဲ့ ရာသီတစ်ခုကို အဆုံးသတ်ခဲ့ပါတယ်။

ဟန်နီဘယ်ဟာ အဆိုပါပွဲစဉ်မှာ စီနီယာ ကစားသမားတွေဖြစ်တဲ့ ပေါ့ဂ်ဘာ၊ ဆန်ချို၊ ရက်ရှ်ဖို့ဒ်နဲ့ လင်ဂတ်တို့ ဒဏ်ရာရနေတာကြောင့် ပွဲထွက်ခွင့် ရခဲ့ပါတယ်။ တူနီးရှားသားဟာ ၁၆နှစ်အရွယ်က မိုနာကိုကနေ ယူနိုက်တက်ကို ပေါင် ၁၀သန်းနဲ့ ရောက်လာခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ ကြီးမားတဲ့ မျှော်မှန်းချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

လီဗာပူးကို ၄ဂိုးပြတ်ရှုံးတဲ့ပွဲစဉ်မှာ လူစားဝင်လာပြီးနောက်က ကစားပုံက ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ကြုံခဲ့ရပါတယ်။ ဒါပေမဲ့ ယခုလအစောပိုင်းက လေ့ကျင့်ခန်းအစီအစဉ်မှာတော့ လူငယ်လေးဟာ အသင်းဖော် တဲလက်စ်နဲ့ ပြင်းထန်တဲ့ ကတောက်ကဆဖြစ်မှု ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

လုခ်ရှောက တစ်ရာသီလုံးလိုလို ဒဏ်ရာရနေချိန် တဲလက်စ်က ပဲလေ့စ်နဲ့ ပွဲအပါအဝင် ပွဲစဉ်တော်တော်များများမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ ဟန်နီဘယ်တစ်ယောက် အသင်းကြီး လေ့ကျင့်ခန်းအစီအစဉ်မှာ ပါဝင်ခွင့်ရလာချိန် တဲလက်စ်နဲ့ ပြဿနာဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

တန်ဟက်ဟာ နွေရာသီမှာတော့ ဘယ်နောက်ခံလူနေရာထက် ညာနောက်ခံလူနေရာကို ဦးစားပေးကာ အင်အား ဖြည့်တင်းသွားဖို့ ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #တဲလက်စ်