ရာဖင်ဟာနဲ့ တိုင်ရာရိုဒရီဂူးတို့ရဲ့ ကြည်နူးစရာကောင်းတဲ့ ပုံရိပ်လေးတွေ့မြင်ခဲ့ရတဲ့ လိဒ်နဲ့ ဘရန်ဖို့ဒ်ပွဲစဉ်
3:58 PM, 23 May
လန်ဒန်အနောက်ပိုင်းမှာ လိဒ်စ်နဲ့ ဘရန့်ဖို့ဒ်တို့ကန်ခဲ့တဲ့ပွဲစဉ်မှာတော့ ရာဖင်ဟာရဲ့ပင်နယ်တီ သွင်းဂိုးကြောင့် လိဒ်စ်တို့ ဦးဆောင်နေခဲ့တာပဲဖြစ်ပါတယ်။
အဲဒီနောက်မှာတော့ ကစားသမားအေဂျာထွက်သွားခဲ့တဲ့အတွက် ကစားသမားသုံးယောက်လုံး လူစားလဲပြီးတဲ့ ဘရန့်ဖို့ဒ်တို့ဟာ ကစားသမား ၁၀ ယောက်သာကျန်ပါတော့တယ်။ ဒါပေမဲ့ ဘရန့်ဖို့ဒ်အတွက် ပြန်လည်ချေပဂိုးကို ကာနို့စ် ပြန်လည်သွင်းယူခဲ့ပါတယ်။
ဘန်လေတို့ အိမ်ကွင်းမှာ နယူးကာဆယ်ကို ၂-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့အတွက် သရေကျခဲ့ရင်တောင် လိဒ်စ်တို့တန်းမဆင်းရဖို့ လုံလောက်ခဲ့ပေမဲ့ ဟာရစ်ဆန်က အချိန်ပိုမှာ တစ်ဂိုးသွင်းယူခဲ့ပြီး ပိုမိုသေချာစေခဲ့ပါတယ်။ သူ့ရဲ့လက်တွဲဖော် တိုင်ရာကို ပရိသတ်ကြားမှာ မြင်လိုက်ရတဲ့ ရာဖင်ဟာက အစောင့်တွေကိုပါ ကျော်လွန်ပြီးတော့ သူမကို ပွေ့ဖက်အနမ်းပေးခဲ့ပါတယ်။
ပရိသတ်တွေဟာလည်း သူတို့အနားမှာ ဝိုင်းဝန်းအားပေးခဲ့ပြီး ယူနိုက်တက်နဲ့ဘာစီလိုနာကို ပြောင်းရွှေ့နိုင်ခြေရှိနေတဲ့ ကစားသမားဟာလည်း အောင်ပွဲခံတဲ့ပို့စ်တစ်ခုပေးခဲ့ပါတယ်။ ရာဖင်ဟာ ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက ရိုမန်တစ်ဆန်ဆန်ပရိုပို့စ်လုပ်ပြီးနောက်မှာ တိုင်ရာရိုဒရီဂူးစ်ကို စေ့စပ်ခွင့်တောင်းခဲ့တာပဲဖြစ်ပါတယ်။
တိုင်ရာဟာ ဖယောင်းတိုင်တွေထွန်းထားတဲ့လမ်းလေးမှတစ်ဆင့် ဥယျာဉ်ဆီလမ်းလျှောက်ခဲ့ရတာဖြစ်ပြီး ဥယျာဉ်ကိုအဝင်မှာတော့ “ကိုယ့်ကိုလက်ထပ်ပါ”ဆိုတဲ့ စာတန်းလေးကို တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ တိုင်ရာကတော့ အင်စတာဂရမ်အပေါ်မှာ “မက်သရူး ၁၉:၆ အရ အကြင်သူနှစ်ဦးသည် တစ်ဦးတစ်ယောက်ချင်းမဟုတ်တော့ချေ၊ တစ်သွေးတစ်သားတည်းသာဖြစ်သွားခဲ့ပြီ။ ဘုရားသခင်က ပေါင်းစည်းပေးခဲ့ပြီဖြစ်တာကြောင့် မည်သူမျှ ခွဲခြား၍မရစေရ”လို့ ရေးတင်ထားခဲ့ပါတယ်။
“၂၀၂၂ မှာလည်း ရှင် ကျွန်မဘေးမှာ ရှိနေပေးတဲ့အတွက် အရမ်းပျော်ရွှင်ရပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ ရှင့်လိုလူမျိုးတွေရှိသေးတယ်ဆိုတာ ကျွန်မ မသိခဲ့ဘူး။ ကျွန်မကံကောင်းလိုက်တာ။ ရှင့်ကို ချစ်တယ်နော်။ ထာဝရ “ရက်စ်”လို့ဖြေမှာပါ”လို့ တင်ထားခဲ့တာဖြစ်ပါတယ်။