ရှေ့သို့
Image

ဆက်ဆူအိုလိုနဲ့ ပွဲအပြီး အန်ဆယ်လော့တီစတိုင် ဆေးလိပ်ကိုင်ကာ အောင်ပွဲခံခဲ့တဲ့ အီဘရာဟီမိုဗစ်

3:55 PM, 23 May

ဇလာတန် အီဘရာဟီမိုဗစ်ဟာ ယမန်နေ့ည အေစီမီလန်အသင်း ဆက်ဆူအိုလိုကို အနိုင်ရကာ စီးရီးအေချန်ပီယံဖြစ်ခဲ့ပြီးနောက် ဆေးလိပ်ကိုထုတ်ကာ သောက်ပြခဲ့ပါတယ်။

ဆွီဒင်သားဟာ ရီးရဲလ်မက်ဒရစ်အသင်း လာလီဂါဖလား ဆွတ်ခူးခဲ့ပြီးနောက် အောင်ပွဲခံချိန် နည်းပြကြီး အန်ဆယ်လော့တီက ဆေးလိပ်သောက်ကာ အောင်ပွဲခံပြခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အီဘရာဟီမိုဗစ်က ဆက်ဆူအိုလိုကို ၃ဂိုးပြတ် အနိုင်ရခဲ့ပြီးတဲ့နောက် စောင့်မနေဘဲ ဆရာဟောင်းရဲ့ပုံစံအတိုင်း လိုက်လုပ်ခဲ့ပါတယ်။

အောင်ပွဲခံဖို့ ထွက်လာချိန် အီဘရာဟီမိုဗစ်ဟာ ဆေးလိပ်ကို ဆွဲထုတ်ကာ အေစီမီလန်ပရိသတ်တွေရှေ့ ထုတ်ပြခဲ့ပါတယ်။  အေစီမီလန်ဟာ ပြိုင်ဘက် အင်တာမီလန်နဲ့ တောက်လျောက် အပြိုင်ဖြစ်နေခဲ့ပြီး နောက်ဆုံးနေ့မှာတော့ စီးရီးအေဖလားကို ကိုင်မြောက်သွားနိုင်ခဲ့ပါတယ်။

အီဘရာဟီမိုဗစ်ဟာ ယခုအချိန်မှာတော့ ကစားသမားဘ၀ လိဂ်ဖလား ၁၄လုံး အပါအဝင် ဆုဖလားပေါင်း ၃၄လုံးအထိ ဆွတ်ခူးထားခဲ့ပြီ ဖြစ်ပါတယ်။ ဝါရင့်တိုက်စစ်မှူးကြီးဟာ အယ်အေဂလက်စီကို ပြောင်းပြီးနောက်ပိုင်း ပွဲ၆၀ ကစားရာမှာ ၃၃ဂိုး သွင်းထားခဲ့ပြီး ယခုနှစ်ရာသီ ၈ဂိုး သွင်းထားနိုင်ခဲ့ပါတယ်။

အီဘရာဟီမိုဗစ်ဟာ ရာသီကုန် အေစီမီလန်နဲ့ စာချုပ်သက်တမ်း ကုန်တော့မှာ ဖြစ်တဲ့အတွက် အနာဂတ်အကြောင်း ရာသီကုန်မှာ ဆုံးဖြတ်ချက်ချဖို့ များနေပါတယ်။

#စီးရီးအေ #အေစီမီလန် #ဆက်ဆူအိုလို #အေဘရာမိုဗစ်ချ်