ရှေ့သို့
Image

အာဆင်နယ်နဲ့ ပွဲစဉ်ကို ပုံမှန်အတိုင်းပဲ မှန်မှန်ကန်ကန် ကစားသွားမှာပါလို့ ဆိုလိုက်တဲ့ လမ်းပတ်

1:48 PM, 21 May

ဖရန်လမ်းပတ်ရဲ့ အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ခရစ်စတယ်ပဲလေ့အသင်းကိုအနိုင်ရခဲ့တာကြောင့် တန်းဆင်းဇုန်မှ လွတ်ကင်းခဲ့ပြီဖြစ်သော်လည်း တနင်္ဂနွေနေ့မှာ ကစားမယ့် ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ် အာဆင်နယ်အသင်းနဲ့ ကစားရမယ့်ပွဲစဉ်မှာ  ချန်ပီယံလိဂ်ဝင်ခွင့် ရရှိရေးတိုက်ပွဲရှိနေသေးလို့ မှန်မှန်ကန်ကန်ပဲ ကစားသွားမယ်လို့ ပြောလိုက်ပါတယ်။

အဲဗာတန်အသင်းက ကြားရက် ကြာသပတေးနေ့မှာ အိမ်ကွင်းဂွတ်ဒီဆင်ပတ်မှာ ခရစ်စတယ်ပဲ‌လေ့အသင်းကို လက်ခံကစားခဲ့ပါတယ်။ ထိုပွဲစဉ်မှာ ပဲလေ့စ်အသင်းက ၂ ဂိုးအသာနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် အဲဗာတန်အသင်းဟာ ပွဲပြီးချိန်မှာ ၃-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ‌ပရီးမီးယားလိဂ်မှာ ဆက်လက်ကစားခွင့်အတွက် တန်းဆင်းဇုန်မှ ကင်းလွတ်ခဲ့တာပဲ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ လာမယ့် တနင်္ဂနွေနေ့ပွဲစဉ်မှာ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိနိုင်ရန်အတွက် အဲဗာတန်အသင်းကို မဖြစ်မနေ အနိုင်ကစားရမှာဖြစ်ပါတယ်။ ထို့အပြင်လက်ရှိ အဆင့် ၄ မှ တော့တင်ဟမ်အသင်းဟာ တန်းဆင်းဇုန် အဆင့် ၂၀ မှ နော်ဝစ်အသင်းကို ရှုံးနိမ့်မှလဲ အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

အာဆင်နယ်အနေနဲ့ ဖိအားကင်းသွားတဲ့ အဲဗာတန်အသင်းကို ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဒါပေမယ့်အဲဗာတန် နည်းပြ လမ်းပတ်ကတော့ အခုလို လွတ်လပ်စွာ ကစားခွင့်ရခြင်းက ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို အသင်းအတွက် ယူဆောင်လာနိုင်တယ်လို့ ဆိုလိုက်ပါတယ်။

"ကျွန်တော့်အနေနဲ့ ပိုပြီးတော့ သက်တောင့်သက်သာဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ပျော်ရွှင်ပြီး ပေါ့ပေါ့တန်တန်ကစားသွားမှာတော့ မဟုတ်ပါဘူး။ အာဆင်နယ်နဲ့ တော့တင်ဟမ်တို့ဟာ အဆင့် ၄ နေရာအတွက် တိုက်ပွဲဝင်နေတဲ့ အတွက် ကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်ပြီး ပွဲကို မှန်မှန်ကန်ကန် ချည်းကပ်သွားမှာပါ""တချိန်ထဲမှာပဲ ကျွန်တော်တို့မှာ တခြားသူတွေလို ဇိမ်မကျနိုင်ခဲ့ပါဘူး။ ဘရန့်ဖို့နဲ့ပွဲမှာရော ပဲလေ့အသင်းနဲ့ ပထမပိုင်းမှာရောပေါ့။ အဲ့ဒါကြောင့် ဒီပွဲကစိတ်သက်တောင့်သက်သာတော့ ဖြစ်နေမှာပါ"

"ကျွန်တော်ဒီကိုရောက်တဲ့နေ့ကထဲက သက်တောင့်သက်သာမရှိခဲ့ပါဘူး။ ဒါက ပရီးမီးယားလိဂ်ဖြစ်တာလဲ ပါမှာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အခြေအနေကိုလဲ ထည့်တွက်ရမယ်လေ။ ကစားသမားတွေအတွက် အခုလို ခံစားချက်မျိုး ရရှိနေတာ ကောင်းပါတယ်""အခွင့်အရေးမရရှိထားတဲ့ ကစားသမားတွေအနေနဲ့ ကစားဖို့ အခွင့်အရေးရရှိသွားမှာဖြစ်ပြီး ကျွန်တော်တို့ မှန်မှန်ကန်ကန် ကစားပြီး ပွဲကို အကောင်းဆုံးရင်ဆိုင်သွားပါမယ်"လို့လမ်းပတ်က ပြောခဲ့ပါတယ်။

#အာဆင်နယ် #အဲဗာတန် #လမ်းပတ်