ရှေ့သို့
Image

ယူနိုက်တက်နည်းပြဘ၀ စိတ်ပျက်စရာ အကောင်းဆုံးအရာ ပြောပြသွားတဲ့ ရန်းနစ်

10:23 AM, 21 May

ရက်ဖ် ရန်းနစ်က ယူနိုက်တက်နည်းပြဘဝသက်တမ်း ကုန်ဆုံးတော့မယ့်အချိန် အသင်းကို ကိုင်တွယ်စဉ် စိတ်ပျက်စရာ အကောင်းဆုံးအရာကို ဖွင့်ဟခဲ့ပါတယ်။ ဂျာမန်နည်းပြကြီးဟာ နိုဝင်ဘာလက ထုတ်ပယ်ခံရတဲ့ ဆိုးလ်ရှားရဲ့နေရာမှာ ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဆိုးလ်ရှားထွက်သွားချိန် အဆင့်၈နေရာ ဖြစ်ပေမဲ့ ရန်းနစ်ကလည်း အသင်းကို အမြင့်ရောက်အောင် ဆွဲတင်နိုင်ခဲ့ခြင်း မရှိဘဲ ယူရိုပါလိဂ် ဒါမှမဟုတ် ယူရိုပါကွန်းဖရန့်လိဂ် ဝင်ခွင့်သာ ရဖို့ရှိနေပါတယ်။ ရန်းနစ်လက်ထက် ယူနိုက်တက်ဟာ အက်ဖ်အေဖလားမှာ မစ်ဒယ်ဘရော့ကို ရှုံးပြီးထွက်ရသလို ချန်ပီယံလိဂ် ၁၆သင်းအဆင့်မှာလည်း အက်သလက်တီကိုအားရှုံးပြီး ထွက်ခဲ့ရပါတယ်။ ရန်းနစ် ယူနိုက်တက်ကို ကိုင်တွယ်မှုအပေါ် ကျရှုံးမှုလည်း ခေါင်းစဉ်တပ်သူတွေ ရှိနေပြီး ယခုအချိန်မှာတော့ ဂျာမန်သားက သရဲနီနည်းပြဘ၀ စိတ်ပျက်စရာ အကောင်းဆုံးအရာကို ပြောပြသွားခဲ့ပါတယ်။

ရန်းနစ်က “အက်သလက်တီကိုနဲ့ပွဲကနေစပြီး ကျွန်တော်တို့ ပုံစံကောင်း ရှာဖွေနိုင်ခဲ့ခြင်း မရှိတော့ပါဘူ။ အဲ့ဒီနောက် ကျွန်တော်တို့ အသင်းနဲ့ ခံစစ်ပိုင်းကို တည်ငြိမ်အောင်လုပ်နိုင်ခဲ့ပေမဲ့ ယုံကြည်မှုနဲ့ အင်အားတွေ ပျောက်ဆုံးသွားခဲ့ပါတယ်” “အသင်းက ယုံကြည်မှု၊ စိတ်ဓာတ်ပိုင်းနဲ့ မာကျောမှုတွေနဲ့ တည်ဆောက်ရတာပါ။ ကျွန်တော်တို့ အသင်းကို စိတ်ဓာတ်ပိုင်း မတည်ဆောက်နိုင်ခဲ့တာ ကြီးမားတဲ့ စိတ်ပျက်စရာပါပဲ။ ဒီအသင်းမှာ ထိပ်တန်းအဆင့် ကစားနိုင်တဲ့ ကစားသမားတွေ ရှိတယ်လို့ ကျွန်တော် ပြင်းပြင်းထန်ထန် ယုံကြည်ပါတယ်”လို့ ပြောခဲ့ပါတယ်။

နည်းပြသစ် တန်ဟက်ကို အကြံပေးအဖြစ် ဘယ်လို ကူညီပေးမလဲလို့ မေးတဲ့အခါ ရန်းနစ်က “ကျွန်တော်တို့ အဲ့ဒီအကြောင်း အသေးစိတ်ပြောကြပါတယ်။ ကျွန်တော် ကူညီနိုင်မယ့် အရာတွေအကြောင်း မတူညီတဲ့နေရာအားလုံးအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ ဘယ်နေရာ ဆွေးနွေးရမယ်ဆိုတာ သိဖို့ သိပ်မခက်ပါဘူး။ လွန်ခဲ့တဲ့ ၁၅နှစ် ဟော့ဖန်ဟိမ်း၊ ဆဲဘတ်၊ လိုက်ပ်ဇစ်တို့မှာလည်း ကျွန်တော် ဒီလိုပဲ လုပ်ခဲ့တာပါ”လို့ ဆိုပါတယ်။

#မန်ချက်စတာယူနိုက်တက် #ရန်းနစ်