ရှေ့သို့
Image

အိုရီဂီတစ်ယောက် နွေရာသီမှာ လီဗာပူးကနေ ထွက်ခွာမယ်လို့ ကလော့ပ် အတည်ပြု

10:06 AM, 21 May

လီဗာပူးအသင်းနည်းပြ ကလော့ပ် တိုက်စစ်မှူး  အိုရီဂီတစ်ယောက် အခုနွေရာသီမှာ အန်ဖီးလ်ကနေ လီဗာပူးဂန္ထဝင်တစ်ဦးအနေနဲ့ ထွက်ခွာမယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။

ဘယ်လ်ဂျီယံသားဟာ ၂၀၁၉ ခုနှစ် လီဗာပူးအသင်းချန်ပီယံလိဂ်ရယူနိုင်ခဲ့ရာမှာ အဓိကနေရာကနေ ပါဝင်ခဲ့ပြီး ဘာစီလိုနာနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပြန်လာနိုင်ခဲ့တဲ့ပွဲမှာ အရေးပါတဲ့ဂိုးကို သွင်းယူပေးနိုင်ခဲ့သလို တော့တင်ဟမ်အသင်းနဲ့ ဖိုင်နယ်ပွဲမှာလည်း ကူညီပေးခဲ့တာဖြစ်ပါတယ်။ အိုရီဂီကို တော့တင်ဟမ်အသင်းက ချိတ်ဆက်နေသလို အခြားတစ်ဖက်မှာလည်း အေစီမီလန်က ချိတ်ဆက်နေတာဖြစ်ပြီး ကလော့ပ်က အသက် ၂၇ နှစ်သားကို တနင်္ဂနွေနေ့ ဝုဗ်အသင်းနဲ့ပွဲမှာ နေရာပေးဖွယ်ရှိနေပါတယ်။

ကလော့ပ်က အိုရီဂီကို အကောင်းဆုံးနှုတ်ဆက်မယ်လို့ ပြောကြားခဲ့ပြီး “ကျွန်တော်တို့ အဲ့တာပဲ လုပ်နိုင်ပါတယ်။ သေချာပြောနိုင်တာက ဒေးဗစ်တစ်ယောက် အသင်းကနေ ထွက်ခွာမှာပါ။ မှန်ပါတယ်။ ကျွန်တော်တို့ သူ့နှုတ်ဆက်ပွဲအတွက် အကောင်းဆုံးလက်ဆောင်ပေးချင်ပါတယ်။ သူက လီဗာပူးအသင်းရဲ့ ဂန္ထဝင်တစ်ဦးအဖြစ်ရှိနေမှာဖြစ်ပြီး ကျွန်တော့်မှာရှိတဲ့အရေးပါတဲ့သူတွေထဲက တစ်ဦးပါ။ ကြားရတာတော့ ထူးဆန်းသလိုဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် သူက အသင်းအတွက် အကောင်းဆုံးလုပ်ဆောင်ပေးခဲ့ပါတယ်။ သူက အနာဂတ်မှာ အကောင်းဆုံးတွေနဲ့ ထိုက်တန်ပါတယ်။ သူဘယ်ကိုပဲသွားသွား သူက အောင်မြင်မှာပါ။ ထူးချွန်တဲ့သူတစ်ဦးဖြစ်ပြီး အသင်းမှာရှိတဲ့သူတိုင်းက ချစ်ကြပါတယ်။ ကျွန်တော်သူနဲ့ပတ်သက်တဲ့အရာတွေကို သတိရနေမှာပါ”လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။

အခြားတစ်ဖက်မှာလည်း ဂျိမ်းစ်မီလ်နာတစ်ယောက် အခုနွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသက် ၃၆ နှစ်သားကို နောက်ထပ်ကာလတိုစာချုပ်သစ် မကမ်းလှမ်းရသေးတာဖြစ်ပါတယ်။ နောက်ထပ်ကစားသမားတွေဖြစ်တဲ့ မီနာမီနို ၊ ဆာလက် ၊ မာနေး ၊ ဖာမီနိုတို့ရဲ့အခြေအနေတွေကလည်း မတည်ငြိမ်သေးတာဖြစ်ပြီး စာချုပ်သက်တမ်းက ၁၂ လသာကျန်တော့တာဖြစ်ပါတယ်။

“အသင်းကနေ ဘယ်သူ့ကိုမှ မထွက်ခွာစေချင်ပါဘူး။ ဒါပေမယ့် အဲ့တာက ဘဝပါ။ ဘယ်သူမှ ကျွန်တော့်ကိုတွေ့ဖို့ မလာသေးပါဘူး။ ဒီရာသီမှာလည်း ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ ထိပ်တန်းကစားသမားတွေရှိနေလို့ပါ။ အတိတ်ကာလတုန်းကလည်း အဲ့တာမျိုးဖြစ်ခဲ့ပါသေးတယ်။ ကျွန်တော်ကတော့ ဘယ်သူ့ကိုမှ အသင်းကနေ မထွက်စေချင်ပါဘူး။  နောက်ဆုံး ၂ ပွဲအတွက် အားလုံးကို ကွင်းထဲမှာရှိနေစေချင်ပါတယ်”လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။

ဝုဗ်အသင်းနဲ့ရင်ဆိုင်အပြီးမှာ လီဗာပူးအနေနဲ့ မေလ ၂၈ ရက်နေ့မှာ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲအဖြစ် ရီးရဲလ်အသင်းနဲ့ ကစားရဦးမှာဖြစ်ပါတယ်။

#လီဗာပူး #အိုရီဂီ #ကလော့ပ်