ရှေ့သို့
Image

ကွင်းထဲဝင်လာကာ စနောက်ခဲ့တဲ့ အဲဗာတန် ပရိသတ်တစ်ဦးကို ဆောင့်ကန်ခဲ့ပုံရတဲ့ ဗီအဲရာ

2:23 PM, 20 May

ခရစ္စတယ်ပဲလေ့စ်နည်းပြ ပက်ထရစ် ဗီအဲရာဟာ ယမန်နေ့ည အဲဗာတန်နဲ့ ပွဲစဉ်မှာ အဲဗာတန်ပရိသတ်တစ်ဦးကို ဆောင့်ကန်ခဲ့တဲ့ပုံစံမျိုး မြင်တွေ့ခဲ့ရပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ၃-၂ဂိုးနဲ့ ရှုံးခဲ့တဲ့ပွဲစဉ်အတွင်း အဲဗာတန်က comeback ပြန်လာသွားချိန် ပရိသတ်တွေ ကွင်းထဲပြေးဝင်လာကြတာ ဖြစ်ပါတယ်။ အဲဗာတန်ကတော့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ကနေ လွတ်မြောက်သွားပြီဖြစ်ပြီး ပရိသတ်တွေက ပွဲပြီးချိန် ကွင်းထဲ ပြေးဝင်လာကြတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ကွင်းထဲ ပရမ်းပတာတွေ ဖြစ်နေချိန် ပရိသတ်တစ်ဦးက ဗီအဲရာကို ဘေးမှာ သွားစနောက်ခဲ့တာဖြစ်ပြီး သူ့အတွက် မှားယွင်းတဲ့ ရွေးချယ်မှှုဖြစ်သွားခဲ့ပါတယ်။ အာဆင်နယ်ဂန္တဝင်ကြီးက အဆိုပါ စနောက်မှုကို အသာတကြည်ခံယူခြင်းမရှိပဲ ပရိသတ်ကို နောက်ကနေ ဆောင့်ကန်ခဲ့ပုံရပါတယ်။

ဝါးနေတဲ့ ဗီဒီယိုအတွင်း အဲဗာတန်ပရိသတ်ကို ဗီအဲရာက ကန်ကြောက်ခဲ့တဲ့ အနေအထားကို မြင်တွေ့ခဲ့ရပါတယ်။ ဗီအဲရာကို အခြားပရိသတ်တစ်ယောက်က လာရောက်ရန်တွေ့ခဲ့ပြီး အခြားသူတွေက ၂ဦးကြား ဝင်ရောက် ဖြန်ဖြေခဲ့ရပါတယ်။

ပွဲအပြီး မေးမြန်းရာမှာ ဗီအဲရာက အဆိုပါအကြောင်းအရာအတွက် ဘာမှပြောစရာ မရှိပါဘူးလို့ ပြောခဲ့ပါတယ်။ Daily Mailရဲ့ ဖော်ပြချက်အရ ဗီအဲရာဟာ FAထံကနေ စုံစမ်းစစ်ဆေးမှုနဲ့ ရင်ဆိုင်ရဖွယ် ရှိနေကြောင်း သိရပါတယ်။

ယခုအပတ်အစောပိုင်းကလည်း နော်တင်ဟမ်ဖောရက်စ် ပရိသတ်၁ဦးက ရှက်ဖီးလ်ယူနိုက်တက် ကစားသမား ဘီလီရှက်ပ်ကို ခေါင်းနဲ့တိုက်ခဲ့လို့ ကစားသမားအနေနဲ့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပါသေးတယ်။

#အဲဗာတန် #ခရစ္စတယ်ပဲလေ့စ် #ဗီအဲရာ