ရှေ့သို့
Image

အပြောင်းအရွှေ့ သတင်းအမှားတွေကို ဝေဖန်လိုက်တဲ့ ဂန်ဒိုဂန်ရဲ့ ဇနီးအသစ်

3:34 PM, 19 May

မန်စီးတီးစတား ဂန်ဒိုဂန်ရဲ့ဇနီးသည်အသစ်ကတော့ လက်ထပ်ဖို့ကြေညာချိန်မှာ သူ့ခင်ပွန်းရဲ့အပြောင်းအရွှေ့ သတင်းအမှားတွေကို ဝေဖန်ပြောကြားလိုက်ပါတယ်။

ဂန်ဒိုဂန်ဟာ ၂၀၁၆ ဇွန်လမှာ ဂွါဒီယိုလာရဲ့ပထမဆုံးခေါ်ယူခဲ့တဲ့ကစားသမားတစ်ဦးဖြစ်ပြီး ဒေါ့မွန်ကနေ စီးတီးကို ပြောင်းရွှေ့လာခဲ့တာဖြစ်ကာ အသင်းအောင်မြင်ခဲ့တဲ့အချိန်တွေမှာ အဓိကနေရာပါဝင်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၁ နှစ်သားဟာ ၂၀၂၁ - ၂၂ ရာသီရဲ့လူစာရင်းမှာ ပုံမှန်ပါဝင်ခွင့်ရရှိနေပေမယ့် စီးတီးက စာချုပ်သက်တမ်းတိုးဖို့ထက် နွေရာသီမှာ ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။

ဂန်ဒိုဂန်ဟာ ၂၀၂၃ ခုနှစ်မှာ အလွတ်နဲ့ရမယ့်ကစားသမားတစ်ဦးဖြစ်လာဖွယ်ရှိနေပြီး အခုအပတ်အစောပိုင်းတုန်းက မန်ချက်စတာလေဆိပ်ကနေ မက်ဒရစ်လေဆိပ်ကို ကိုယ်ပိုင်လေယာဉ်နဲ့ ခရီးသွားခဲ့သေးတာဖြစ်ပါတယ်။ ဂျာမန်သားရဲ့ဇနီးသည် ဆာရာဘီနာမီယာက လူမှုမီဒီယာကနေ လက်ထပ်မှုကို ကြေညာချိန်မှာ အပြောင်းအရွှေ့သတင်းတွေနဲ့ပတ်သက်ပြီး သတင်းအမှားတွေလို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ လက်ထပ်လိုက်ပါပြီ။ အရမ်းပျော်နေပါတယ်။ ကျွန်တော်တို့ ပုဂ္ဂိုလ်ရေးကို ထိန်းသိမ်းချငင်ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ သတင်းအမှားတွေ ထွက်ပေါ်နေပါတယ်။ မက်ဒရစ်မြေကိုက အခြားပုဂ္ဂိုလ်ရေးအကြောင်းအရာကြောင့် သွားခဲ့တာပါ။ ဘောလုံးနဲ့ ဘာမှမပတ်သက်ပါဘူး”လို့ ဂန်ဒိုဂန်ရဲ့ဇနီးသည်က ပြောကြားခဲ့ပါတယ်။

ဂန်ဒိုဂန်ဟာ  စီးတီးအသင်းနဲ့အတူ ဆုဖလား ၁၀ လုံးအထိ ရယူနိုင်ခဲ့ပြီး အဲထဲမှာ ပရီးမီးယားလိဂ် ၃ လုံး နဲ့ အက်ဖ်အေဖလား ၁ လုံးပါဝင်နေပါတယ်။ ဂျာမန်သားဟာ ချန်ပီယံလိဂ်ဒုတိယဆုကိုလည်း ရရှိခဲ့ပြီး ပြိုင်ပွဲစုံ ၂၅၂ ပွဲမှာ ၄၇ ဂိုးသွင်း ၊ ၃၃ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

စီးတီးဟာ ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းနေရတာဖြစ်ပြီး နောက်ဆုံးရက်မှာ အက်စ်တွန်ဗီလာအသင်းနဲ့ အားပြိုင်ရမှာဖြစ်ပါတယ်။

#မန်စီးတီး #ဂမ်ဒိုဂန်