ရှေ့သို့
Image

ရာသီပိတ်နောက်ဆုံးနေ့မှာ မန်စီးတီးကို ဂရုမစိုက်ဖို့ လီဗာပူး အသင်းကို မာတစ် သတိပေး

2:58 PM, 19 May

အင်္ဂါနေ့က ဆောက်သမ်တန်နဲ့ကစားခဲ့တဲ့ပွဲမှာ အနိုင်ဂိုးသွင်းယူပြီးနောက် မာတစ်က ရာသီပိတ်နောက်ဆုံးနေ့မှာ မန်စီးတီးအသင်းကို အာရုံမစိုက်ဖို့ သတိပေးပြောကြားလိုက်ပါတယ်။

မာတစ်ရဲ့ဂိုးကြောင့် ဆောက်သမ်တန်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ကာ မန်စီးတီးကို ၁ မှတ်အကွာနဲ့ ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး လီဗာပူးအသင်းကို ဝုဗ်နဲ့နောက်ဆုံးပွဲစဉ်ကိုသာ အာရုံစိုက်ဖို့ ပြောကြားခဲ့ပါတယ်။

“တစ်စုံတစ်ခုက ခေါင်းထဲမှာရှိနေမယ်ဆိုရင် အဲ့တာက ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။ ကျွန်တော်တို့ပွဲကိုပဲ အာရုံစိုက်ရမှာပါ။ ဝုဗ်နဲ့ပွဲက ခက်ခဲနိုင်ပါတယ်။  ပြီးတော့ ကျွန်တော်တို့ အဲ့ပွဲကို အပြည့်အဝအာရုံစိုက်ဖို့ လိုအပ်ပါတယ်။ အဲ့တာက ကျွန်တော်တို့လုပ်ရမယ့် တစ်ခုတည်းသောအရာပါ။ အကောင်းဆုံးကြိုးစားပြီး ကျွန်တော်တို့ပွဲကိုသာ အာရုံစိုက်မယ်ဆိုရင် စိတ်လှုပ်ရှားစရာတစ်ခုခုဖန်တီးနိုင်လောက်ပါတယ်”လို့ မာတစ်က ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ဝုဗ်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး မန်စီးတီးက အိမ်ကွင်းမှာ အက်စ်တွန်ဗီလာအသင်းကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မာတစ်က အက်ဖ်အေဖလားနိုင်ပွဲပြီးနောက် စိန့်မေရီမှာ အနိုင်ဂိုးသွင်းယူနိုင်ခဲ့တာနဲ့ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။

“ပျော်ပါတယ်။ အရိုးသားဆုံးဝန်ခံရရင် ဂိုးအဖြစ်ဘယ်လိုအဆုံးသတ်ရမလဲဆိုတာ မသိခဲ့ပါဘူ။ အဲ့တာက ပြဿနာမဟုတ်ပါဘူး။ ကျွန်တော်တို့အကောင်းဆုံးကစားပြီး နိုင်ပွဲနဲ့ ထိုက်တန်ခဲ့ပါတယ်။ လူတိုင်းက အလုပ်ကြိုးစားခဲ့ကြပါတယ်။ အဆုံးသတ်မှာ ကျွန်တော်တို့ ထိလိုက်တာပဲ သိပါတယ်။ ဂိုးဝင်လာ မဝင်သွားလားဆိုတာ ကျွန်တော် မသေချာပါဘူူး။ ဒါပေမယ့် ဂရုမစိုက်ပါဘူး”လို့ မာတစ်က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။

မာတစ်ပါဝင်တဲ့ ပရီးမီးယားလိဂ်နောက်ဆုံး ၈ ပွဲဆက် လီဗာပူးအသင်းက အနိုင်ရရှိထားပြီး သူပါဝင်တဲ့ ပရီးမီးယားလိဂ် ၁၂၅ ပွဲမှာ ၁၀ ပွဲသာ အရေးနိမ့်ထားခဲ့တာဖြစ်ပါတယ်။ ဆောက်သမ်တန်နဲ့ပွဲက အနိုင်ဂိုးတွေကို တိုက်စစ်ကစားသမား မီနာမီနို နဲ့ မာတစ်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

#လီဗာပူး #မန်စီးတီး #မာတစ်