ရှေ့သို့
Image

မေဂျာလိဂ်ကို ပြောင်းရွှေ့ဖို့ အဆင်သင့်ဖြစ်နေတဲ့ ဂျူဗင်တပ်စ်စတား ချီရယ်လီနီ

1:22 PM, 18 May

ဂျူဗင်တပ်စ်အသင်း နောက်ခံလူ ချီရယ်လီနီဟာ မေဂျာလိဂ်ကို ပြောင်းဖို့ ပြင်ဆင်နေပြီး မေဂျာလိဂ်ကလပ် အသင်းတွေကလည်း ချိတ်ဆက်နေတာဖြစ်ပါတယ်။

အီတလီနောက်ခံလူဟောင်းဟာ အခုနွေရာသီတုန်းက နိုင်ငံအသင်းကနေ အနားယူခဲ့တာဖြစ်ပြီး တနလာၤနေ့မှာ အိမ်ကွင်း နောက်ဆုံးပွဲကစားဖွယ်ရှိနေကာ နိုင်ငံခြားကို ပြောင်းချင်နေပါတယ်။ ချီရယ်လီနီဟာ သူ့ရဲ့အဆင့်အတန်းကို နောက်တစ်ဆင့်မြှင့်တင်လိုနေပြီး ပြည်ပနိုင်ငံမှာ သွားရောက်ကစားလိုနေတာဖြစ်ပါတယ်။

“အရိုးသားဆုံး ဝန်ခံရရင် မသိသေးပါဘူး။ အရေးကြီးတဲ့ဆုံးဖြတ်ချက်ကို ရင်ဆိုင်ဖို့ လိုအပ်ပါသေးတယ်။ ပြည်တွင်းထက် ပြည်ပမှာ ကျွန်တော်အတွေ့အကြုံရှာချင်ပါသေးတယ်။ ဂျူဗင်တပ်စ်မှာထက် ပြည်ပမှာ ခက်ခဲ့တဲ့စိန်ခေါ်မှုတစ်ခုကို ကျွန်တော် ရင်ဆိုင်လိုပါတယ်။ အဲ့တာမှ ကျွန်တော် အများကြီးသိရှိလာမှာပါ။ ကျွန်တော့်မိသားစုနဲ့တိုင်ပင်ပြီး ဆုံးဖြတ်ချက်မှာပါ။ ဂျူဗင်တပ်စ်မှာရှိတဲ့ လူငယ်တွေကိုလည်း နေရာပေးရပါဦးမယ်။ အဲ့တာမှာ တစ်ချို့သူတို့တောက်ပလာရင် ကျွန်တော် ချီးကျူးနိုင်မှာပါ။ အခုတော့ ကျွန်တော် အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေပါတယ်”လို့ ချီရယ်လီနီက ပြောကြားခဲ့ပါတယ်။

ချီရယ်လီနီကို အမေရိကန်ကလပ်အသင်းတွေဖြစ်တဲ့ LAFC and LA Galaxy အသင်းတွေက ချိတ်ဆက်နေပါတယ်။ အခြားတစ်ဖက်မှာလည်း ကနေဒါကလပ်အသင်း တစ်သင်းဖြစ်တဲ့ တိုရန်တိုအသင်းကလည်း ချီရယ်လီနီ အခြေအနေကို စောင့်ကြည့်နေပါတယ်။

အခြားတစ်ဖက်မှာလည်း ဂျူဗင်တပ်စ်က အီတလီသားအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတဲ့အချိန်နေဖို့ မျှော်လင့်နေပေမယ့် အီတလီအသင်းက ကမ္ဘာ့ဖလားဝင်ခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။

#စီးရီးအေ #ဂျူဗင်တပ်စ် #ချီရယ်လီနီ