ရှေ့သို့
Image

ဆာလက်ကို စာချုပ်သစ် ချုပ်ဖို့ ကာရေဂါ တိုက်တွန်းပေမယ့် အစားထိုးမရတာက ဗန်ဒိုက်ပဲ ရှိတယ်လို့ ရက်ပ်နက်ဆို

10:55 AM, 18 May

လီဗာပူးက ထွက်ပြီးနောက် ခြေစွမ်းမပြနိုင်ဖြစ်သွားဖူးတဲ့ကစားသမားတွေကြောင့် ဆာလက်ကို လီဗာပူးမှာသာ စာချုပ်သစ်ထပ်မံ ချုပ်ဖို့ ကာရေဂါက အသိပေးလိုက်ပါတယ်။

ဆာလက်ဟာ Football Writer ရဲ့အကောင်းဆုံး ကစားသမားဆုကိုရရှိခဲ့ပြီး လီဗာပူးအတွက် ၂၅၂ ပွဲ ကစားပေးရာမှာ ၁၅၅ ဂိုး သွင်းထားခဲ့ကာ ၂၀၁၇ ခုနှစ်တည်းက လီဗာပူးကို ပြောင်းရွှေ့လာခဲ့တဲ့ သူ့ရဲ့စာချုပ်ကတော့ တစ်နှစ်သာ သက်တမ်းကျန်တော့သာဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်တုန်းက လီဗာပူးအသင်းက ကော်တင်ဟိုကို ပေါင် ၁၄၅ သန်းနဲ့ ချုပ်ဆိုခဲ့ဖူးတဲ့ ဘာစီလိုနာဟာ ယခုအခါမှာလည်း အီဂျစ်နိုင်ငံလက်ရွေးစင်ကစားသမားကို ဝယ်ယူနိုင်ဖို့ စီမံနေတယ်လို့ သိရပါတယ်။ ဘရာဇီးသားကော်တင်ဟိုဟာ ဘာစီလိုနာမှာ ခြေစွမ်းမပြနိုင်ဖြစ်ခဲ့တာကြောင့် အက်စတွန်ဗီလာမှာ အငှားစာချုပ်နဲ့ ကစားနေရပြီဖြစ်ပြီး သူ့ကို ၁၇သန်းနဲ့ အပြီးသတ်ရောက်သွားပြီဖြစ်ပါတယ်။

ကာရေဂါဟာ သူ့အသင်းရဲ့ယခင်ကစားသမားဟောင်းဖြစ်သူအကြောင်းကို ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေမဲ့ ဆာလက်ကို အရင်ကစားသမားဟောင်းတွေ အသင်းကထွက်ပြီးမှ အဆင်မပြေဖြစ်ဖူးတာတွေရှိတာကြောင့် အသင်းကနေ မထွက်သင့်ဘူးလို့ သဲလွန်စပေးပြောကြားခဲ့ပါတယ်။ တိုက်စစ်မှူးမာနေးရဲ့ စာချုပ်ဟာလည်း နောက်ဆုံး ၁၂ လထဲကို ရောက်ရှိလာပြီဖြစ်ပေမဲ့ သူတို့အနေနဲ့ ဒီလကုန်မှာ ရီးရဲလ်မက်ဒရစ်နဲ့ကစားမယ့် ချန်ပီယံလိဂ် ဖိုင်နယ်ပွဲကိုသာ အာရုံစိုက်ထားသင့်တယ်လို့ ကာရေဂါက အခိုင်အမာ ပြောကြားပါတယ်တယ်။

သူတို့တွေနောက်တစ်ပတ်ကျော်အတွင်းမှာ ရောက်လာတော့မယ့်ပွဲကိုပဲ အာရုံစိုက်သင့်တယ်လို့ ကာရေဂါက ပြောပါတယ်။ ဒဏ်ရာအသေးစားကြောင့် ဆာလက်မပါဝင်နိုင်ခဲ့တဲ့ပွဲမှာ လီဗာပူးဟာ ဆောက်သမ်တန်ကို ၂-၁ နဲ့အနိုင်ရခဲ့တာကြောင့် လီဗာပူးအတွက် ပရီးမီးယားလိဂ်မျှော်လင့်ချက်ဟာ ဆက်လက်ရှင်သန်ခဲ့ပါတယ်။

“သူတို့တွေအနေနဲ့ အပြောင်းအရွှေ့ကိစ္စကို စိတ်ထဲထားမယ်မထင်ဘူး။ မာနေးကတော့ စာချုပ်အသစ် ချုပ်လိမ့်မယ်။ ဆာလက်ကတော့ မသိသေးဘူး။ ဖာမီနိုကတာ့ စာချုပ်သက်တမ်း ကုန်တော့မှာဆိုတော့ နောက်ရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ပြောင်းရွှေ့လောက်တယ်။ ဆာလက်အနေနဲ့လည်း စာချုပ်သစ် ထပ်ချုပ်သင့်တယ်လို့ ကျွန်တော်ထင်တယ်။ ကလော့က ကစားသမားကောင်းတွေကို အံ့ဖွယ်ကစားသမားဖြစ်အောင် ပြောင်းလိုက်နိုင်တဲ့ထဲမှာ သူလည်းပါတယ်။ သူနဲ့လိုက်ဖက်တယ်။ ကလော့ပ်နဲ့သူနဲ့ လိုက်ဖက်တယ်။ ဒါပေမဲ့ သူ့အနေနဲ့စဉ်းစားသင့်တာက ပိုကောင်းမယ်ထင်ပြီး အသင်းကထွက်သွားတဲ့ ကစားသမား ၂ ယောက်၊ ၃ ယောက် အခု ဘာဖြစ်နေလဲဆိုတာပါပဲ ” လို့ ကာရေဂါကတော့ ဆိုပါတယ်။

သို့သော်ငြားလည်း ရက်ပ်နက်ကတော့ ဆာလက်ကို ပေးရတဲ့လစာဟာအလွန်များကြောင်း၊ ဆာလက်နေရာမှာ အခြားတိုက်စစ်မှူးတစ်ယောက်ကို အစားထိုးလို့ရနိုင်သေးတာကြောင့် အစားထိုးမရတဲ့နောက်တန်းကစားသမား ဗန်ဒိုက်ထက် လခပိုမရသင့်ကြောင့် ဆိုပါတယ်။

ရက်ပ်နက်က "ကစားသမားတွေမှာ အရည်အသွေးဆိုတာ ရှိတယ်။ ဒီအသင်းဆီကနေ ကျွန်တော် သင်ယူနိုင်တာတစ်ခုက သူတို့က ကစားသမားတွေကို ဆုလဒ်တစ်ခုဆီချီးမြှင့်တယ်(ပိုကောင်းတဲ့ ကစားသမားဖြစ်လာစေ)။ ပြီးရင် အဲ့ဒီဆုလဒ်ကိုလည်း စောင့်ရှောက်ပေးပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ ငွေပုံပေးမိသွားတာမျိုးရှိတယ်။ ဒါပေမယ့် အဲ့ပိုက်ဆံကတောင် ဗာဂျီဗန်ဒိုက်လောက် အရေးမပါပါဘူး။ ဗန်ဒိုက်က အရေးအကြီးဆုံးပါ။ သူတို့ မိုဆာလက် အသစ်ကိုရှာလို့ရနိုင်ပေမယ့် ဗန်ဒိုက်နေရာကိုတော့ အစားထိုးလို့မရပါဘူး။ တိုက်စစ်မှူးကောင်းတွေ ဒီအသင်းကိုထပ်ရောက်လာဦးမှာပါ"လို့ ပြောခဲ့ပါတယ်။

#လီဗာပူး #ဗန်ဒိုက် #ဆာလက် #ကာရေဂါ #ရက်ပ်နက်