ရှေ့သို့
Image

လီဗာပူးဖလားရဖို့ မန်စီးတီးကို အနိုင်ကန်မှာဆိုရင်တော့ ဂျရတ်ကို ဝိုင်းဟားလိမ့်မယ်လို့ ပြောခဲ့တဲ့ ဂယ်ရီနဗီးလ်

9:16 AM, 18 May

ချန်ပီယံဆုဖလားဟာ ပြီးခဲ့တဲ့နှစ်က ချန်ပီယံရဲ့လက်ထဲမှာ ရှိနေတုန်းဖြစ်ပြီး နောက်ဆုံးပွဲစဉ်မှာ ဗီလာကို အနိုင်ရရှိခဲ့မယ်ဆိုရင် ဂွါဒီလိုလာရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ၅ နှစ်တွင်း ၄ ကြိမ်မြောက် ပရီးမီးယားလိဂ်ဆုဖလားကို ရရှိမှာဖြစ်ပါတယ်။

လီဗာပူးကလည်း အင်္ဂါနေ့ပွဲစဉ်မှာ ဆောက်သမ်တန်ကို အနိုင်ရရှိပြီးနောက် တနင်္ဂနွေနေ့မှာ ကစားမယ့် နောက်ဆုံး ပွဲစဉ်မှာ ဝုဗ်ကို အနိုင်ရရှိဖို့ လိုအပ်နေတာဖြစ်ပြီး လက်ရှိအချိန်မှာ အမှတ်ပေးဇယားရဲ့ထိပ်ဆုံးကနေ ၁ မှတ်အသာဖြင့် ဦးဆောင်နေတဲ့ မန်စီးတီး ခြေချော်လက်ချော်ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် အန်ဖီးလ်ကစားသမားဟောင်းဖြစ်တဲ့ ဂျရက်က အသင်းကို ကူညီဖို့ အခွင့်အရေးရှိနေတာဖြစ်ပါတယ်။

ဂျရတ်ဟာ ဗီလာ ကစားသမားတွေကို ပုံမှန်ပွဲစဉ်ထက် စိတ်အားတက်ကြွစေဖို့ လှုံ့ဆော်ပေးနိုင်မှာဖြစ်တယ်လို့ နဗီးလ်က အကြံပြုထားသော်လည်း လီဗာပူးနှင့် မန်စီးတီးတို့ရဲ့ ပြိုင်ဆိုင်မှုအပေါ် သက်ရောက်မှုမရှိစေရဘူးလို့ ထင်နေပါတယ်။

"အဲ့ဒီပြိုင်ဆိုင်မှုထဲမှာ ဂျရတ်ကို လုံးဝမပါစေချင်ပါဘူး၊ အဲ့ဒီပွဲမှာ လီဗာပူးအတွက်ဆိုတဲ့ ခံစာချက်နဲ့ မလုပ်စေချင်ပါဘူး""ဗီလာကစားသမားတွေကလည်း တနင်္ဂနွေနေ့ပွဲမှာ လူရယ်စရာဖြစ်အောင်တော့ ကစားမှာမဟုတ်ပါဘူး၊ သူတို့တွေ ကစားတာက လီဗာပူးနဲ့ ဆက်စပ်မှုလုံးဝမရှိပါဘူး" "ဂျရတ်ကလည်း ပြောလို့ရမှာမဟုတ်ပါဘူး။ ကျွန်တော်က လီဗာပူး ကစားသမားဟောင်းဖြစ်တာကြောင့် ဒီပွဲကို နိုင်အောင်သေချာပေါက်ကစားရမယ်လို့ ပြောရင် ဗီလာကစားသမားတွေက ဂျရတ်ကိုလှောင်ကြမှာပါ" လို့ နဗီးလ် အင်စတာဂရမ်ကနေ တိုက်ရိုက်ပြောဆိုမှုတွင် ကာရေဂါသို့ ပြောပါတယ်။

"ဒါကြောင့် အဲ့ဒီပွဲမှာ ဂျရတ်က လီဗာပူးအတွက် အနိုင်ရရှိအောင် ကစားမယ်ဆိုရင် လုံးဝအဓိပ္ပါယ်ရှိမှာမဟုတ်ပါဘူး။ အဲ့ဒီလိုလည်းဖြစ်လာမှာမဟုတ်ပါဘူး" "ဗီလာကစားသမားတွေအားလုံးကလည်း ဒါကို ဂရုစိုက်ကြမှာမဟုတ်ပါဘူး။ လီဗာပူးနှင့် ဆက်စပ်မှုရှိနေတာက ကော်တင်ဟိုလား၊ သူတင်ပဲမဟုတ်ပါဘူး ဒန်နီအင်းဂ်လည်းရှိနေပါတယ်" "ဗီလာ ကစားသမားတွေကတော့ လီဗာပူးကို ကူညီဖို့အတွက် လုံးဝကိုတွေးထားမှာမဟုတ်ပါဘူး။ လွန်ခဲ့လတွေကတည်းက ဂျရတ်ကလည်း သူ့ကစားသမားတွေကို အဲ့ဒီလိုပြောထားပြီးဖြစ်မှာပါ" "တနင်္ဂနွေနေ့ပွဲမှာ ဂျရတ်ကို ကျွန်တော်ကတော့ အဲ့ဒီလိုမျိုးမဖြစ်စေချင်ပါဘူး။ လုံးဝကို မဖြစ်စေချင်တာပါ။ သူ့ရဲ့ ပရော်ဖက်ရှင်နယ်အတွက် အဲ့ဒီပွဲကို အနိုင်ရရှိချင်မှာဖြစ်ပြီး သူ့ရဲ့ ကစားသမားတွေကလည်း အဲ့ဒီအတိုင်းဖြစ်မှာပါ" လို့ နဗီးလ်က ပြောပါတယ်။

#လီဗာပူး #မန်စီးတီး #ဂွါဒီယိုလာ #ဂယ်ရီနဗီးလ် #ဂျရတ်