ရှေ့သို့
Image

ချဲလ်ဆီး အသင်းကို ရောင်းချမှုမှာ ဗြိတိန်အစိုးရရဲ့ပြောကြားချက်တွေကို ပယ်ချလိုက်တဲ့ အေဘရာမိုဗစ်ချ်

10:39 AM, 17 May

ချဲလ်ဆီးအသင်းရဲ့ ရောင်းရငွေတွေ ဘယ်ကိုရောက်မလဲမေးခွန်းထုတ်တောင်းဆိုနေတဲ့ ဗြိတိန်အစိုးရရဲ့တောင်းဆိုချက်တွေကို အေဘရာမိုဗစ်ချ်ကတော့ ပယ်ချလိုက်ပြီပဲဖြစ်ပါတယ်။

ဗြိတိန်အစိုးရဝန်ကြီးတွေကတော့ ချဲလ်ဆီးအသင်းကိုရောင်းတဲ့အခါ ထွက်လာမယ့် ပေါင် ၄.၅ ဘီလီယံ ဘယ်ကိုရောက်မလဲဆိုတာကို စိုးရိမ်နေကြတာပဲဖြစ်ပါတယ်။ ဗြိတိန်အစိုးရအတွင်းလူရဲ့ပြောပြချက်အရတော့ သတ်မှတ်ချိန်အတွင်း အချိန်မမီခဲ့ရင် ချဲလ်ဆီးကို ရောင်းချမှုဟာ အန္တရာယ်ရှိနိုင်တယ်လို့ဆိုပါတယ်။

ချဲလ်ဆီးအသင်းဟာ LA Dodgers ဘတ်စကတ်ဘောအသင်းရဲ့ပိုင်ရှင်ဖြစ်သူ အမေရိကန်ရင်းနှီးမြုပ်နှံသူ တော့ဘိုလီနဲ့ သဘောတူညီမှုတွေ ရပြီးခဲ့တာလည်းဖြစ်ပါတယ်။ ယူကရိန်းကို ကျူးကျော်ခဲ့တဲ့ ရုရှားသမ္မတပူတင်ကြောင့် အေဘရာမိုဗစ်ချ်တစ်ယောက် ဗြိတိန်အစိုးရရဲ့ အရေးယူပိတ်ဆို့မှုတွေကိုခံရပြီးတည်းက အသင်းကို ရောင်းဖို့ လုပ်ခဲ့တာပဲဖြစ်ပါတယ်။ သို့သော်ဗြိတိန်အစိုးရအဖွဲ့ဝင်တွေကတော့ ရောင်းဝယ်လိုက်တဲ့ငွေတွေကို ကောင်းတဲ့ကိစ္စတစ်ခုဆီရောက်မသွားမှာကို ပူပန်နေကြတာပဲဖြစ်ပါတယ်။

ယခုလအစောပိုင်းမှာထွက်ရှိခဲ့တဲ့ အသင်းကနေ အေဘရာမိုဗစ်ချ်ရစရာရှိတဲ့ ပေါင် ၁.၅ သန်းကိစ္စလိုလည်း ဒီသတင်းကိုလည်း အေဘရာမိုဗစ်ချ်နဲ့ရင်းနှီးတဲ့အသိုင်းအဝိုင်းကငြင်းပယ်ခဲ့ပါတယ်။

#ချဲလ်ဆီး #အေဘရာမိုဗစ်ချ်