ရှေ့သို့
Image

ရာသီကုန် မန်စီးတီးကနေ ထွက်ခွာတော့မယ့် ဂမ်ဒိုဂန်

10:37 AM, 17 May

ဂမ်ဒိုဂန်က‌တော့ လာမယ့်နွေရာသီမှာ မန်စီးတီးအသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။ ဂွာဒီယိုလာ ပထမဆုံး ခေါ်ယူခဲ့တဲ့ကစားသမားဖြစ်တဲ့ ဂမ်ဒိုဂန်ဟာ အသင်းမှာ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တာဖြစ်ပြီး အသင်းကနေ ထွက်ခွာလို့ရနေပြီလည်းဖြစ်ပါတယ်။

ဂန်ဒိုဂမ်ဟာ ယခုနှစ်ရာသီမှာ ပွဲပေါင်းများစွာ ကစားထားရတဲ့ ကစားသမားဖြစ်ပြီး ကွင်းလယ်နေရာနဲ့အတူ ပရီမီးယား ၃၇ ပွဲမှာ ပွဲ ၂၀ တိတိကစားထားရတာဖြစ်ပါတယ်။ ဂန်ဒိုဂမ်ဟာ ပွဲစဉ်တိုင်းမှာ ကစားချင်တဲ့ ကစားသမားဖြစ်ပြီး မန်စီးတီးကတော့ အဆိုပါအာမခံချက်မျိုး မပေးနိုင်တာဖြစ်ပါတယ်။

အသင်းကတော့ နွေရာသီမှာ အဆိုပါကစားသမား ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ဆိုပေမဲ့ ကစားသမားရဲ့ အခြေအနေအရ ဖြစ်နိုင်ခြေအလွန်နည်းပါးနေတာပဲဖြစ်ပါတယ်။ ဂမ်ဒိုဂန်ဟာ သူ့ရဲ့ကျန်ရှိတဲ့ စာချုပ်သက်တမ်း ၁၂ လအတွင်းမှာ အခြားအခွင့်အရေးကို ရှာနိုင်ခြေရှိနေပါတယ်။ ၂၀၁၆ ခုနှစ်က ပေါင် ၂၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်တဲ့ အဆိုပါကစားသမားကို မန်ချက်စတာလေဆိပ်ရဲ့ ပုဂ္ဂလိကဂျက်လေယာဉ်တစ်စင်းပေါ်မှာ မြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ်ကစားသမား ဂန်ဒိုဂမ် ဒေါ့မွန်မှာရှိစဉ်ကတော့ ရီးရဲလ်မက်ဒရစ်ဟာ အဆိုပါကစားသမားကို လတ်မှတ်ထိုးဖို့ ကြိုးစားခဲ့ပါသေးတယ်။ တနင်္ဂနွေနေ့မှာကန်ရမယ့် ဖလားအဆုံးအဖြတ်ပွဲဖြစ်တဲ့ အက်စတွန်ဗီလာနဲ့ပွဲမတိုင်ခင်မှာ ပိတ်ရက်နှစ်ရက်ပေးထားတာဖြစ်ပြီး အဆိုပါကစားသမား ဘယ်ကိုသွားဖို့ရည်ရွယ်လဲကိုတော့ မသိရသေးဘူးပဲဖြစ်ပါတယ်။ ဂမ်ဒိုဂန်ဟာ မြို့လယ်ခေါင်မှာနေတဲ့ ဂွာဒီယိုလာနဲ့ အိမ်နားနီးချင်းနေတာဖြစ်ပြီး ဘောလုံးကွင်းပြင်ပမှာလည်း နည်းပြကြီးနဲ့ အချိန်ကုန်ဆုံးတတ်လေ့ရှိပြီး အသင်းမှာရှိလာတာ ၆ နှစ်ရှိသွားပြီလည်းဖြစ်ပါတယ်။

သူဟာ အသင်းမှာအရေးပါတဲ့သူဖြစ်ပြီး ဒုခေါင်းဆောင် ၅ ယောက်အနက်တစ်ယောက်ဖြစ်ကာ ဂန်ဒိုရဲ့ ဒုအသင်းခေါင်းဆောင်လုပ်တတ်သူလည်းဖြစ်ပါတယ်။ မကြာသေးခင်က အင်တာဗျူးတစ်ခုမှာတော့ ချန်ပီယံလိဂ်မှာ ရီးရဲလ်ကိုရှုံးနိမ့်ခဲ့ရတာကို အလွန်ကြေကွဲနေကြောင်း ဆိုထားခဲ့ပါတယ်။

မန်စီးတီးသား ပရီးမီးယားလိဂ်ဆုဖလားရပြီး ဂန်ဒိုဂမ်အသင်းကနေ ထွက်ရခဲ့မယ်ဆိုရင် သူဟာ ပရီးမီးယားလိဂ်မှာ အအောင်မြင်ဆုံး ဂျာမန်ကစားသမားဖြစ်လာမှာဖြစ်ပြီး ဖလားလေးလုံးကို ရရှိထားသူဖြစ်သွားမှာဖြစ်ပါတယ်။ သူဟာ အင်္ဂလန်မှာသွားကန်ရတဲ့ သူ့နိုင်ငံရဲ့ဂိုးသွင်းအများဆုံး ကစားသမားလည်းဖြစ်ပါတယ်။

#မန်စီးတီး #ဂမ်ဒိုဂန်