ရှေ့သို့
Image

အာဆင်နယ်နဲ့ပွဲက နယူးကာဆယ်ရဲ့ စွမ်းဆောင်ရည်အပေါ် အက်ဒီဟိုဝီ အထူးချီးကျူး

9:46 AM, 17 May

အက်ဒီ ဟိုဝီက ယမန်နေ့ည အာဆင်နယ်နဲ့ပွဲစဉ်မှာ အလွန်ကောင်းတဲ့ ကစားပုံ ပြသခဲ့တဲ့ နယူးကာဆယ် ကစားသမားတွေကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ နယူးကာဆယ်က ဝဲလ်ဆင်၊ ဂူမာရေးစ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အနိုင်ယူကာ အာဆင်နယ်အသင်းရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်ကို အဆုံးသတ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ နယူးကာဆယ်က အကောင်းဆုံး ကစားနိုင်ခဲ့ပြီး နယူးကာဆယ်အတွက် အစဉ်အလားဆိုးတွေကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့တဲ့ပွဲဆိုလည်း မမှားပါဘူး။

ပွဲအပြီးမှာ ဟိုဝီက “ပထမအကျော့ရှုံးပွဲကနေ ကျွန်တော်တို့ အကောင်းဆုံး ပြန်လာနိုင်ခဲ့တာပါ။ အဲ့ဒီနေ့က တော်တော်လေး စိတ်ပျက်စရာကောင်းတဲ့ရက်တစ်ရက်ပါ။ ကျွန်တော်တို့ ခက်ခဲ့တဲ့အခိုက်အတန့်တွေနဲ့ အဲ့ဒီနေ့ ကွင်းထဲက ထွက်ခဲ့ရပါတယ်။ ဒီနေ့ည ဒုတိယပိုင်းကတော့ ဒီနှစ်ရာသီ အကြီးမားဆုံး အပြောင်းအလဲပါ။ ကစားသမားတွေက စိန်ခေါ်မှုတွေ အကောင်းဆုံး ရင်ဆိုင်တုံ့ပြန်နိုင်ခဲ့တာ ကံကောင်းပါတယ်” “ဒီစွမ်းဆောင်ရည်က ကျွန်တော် အသင်းကို ရောက်ပြီးနောက်ပိုင်း အကောင်းဆုံး စွမ်းဆောင်ရည်ပါ။ စိတ်ဓာတ်တက်ကြွစရာကတော့ ကျွန်တော်တို့ ပရိသတ်တွေရှေ့ အကောင်းဆုံး လုပ်ပြနိုင်ခဲ့ပြီး နွေရာသီကို အကောင်းဆုံး ဝင်ရောက်နိုင်တော့မှာပါ”

“ကျွန်တော်တို့ ပြင်းပြင်းထန်ထန် ကစားခဲ့ပြီး ကြံ့ခိုင်မှုအားလည်း ကောင်းခဲ့ပါတယ်။ ဒီပွဲက လွယ်ကူတဲ့ ပွဲတစ်ပွဲ မဟုတ်ပါဘူး။ အာဆင်နယ်က ထိပ်တန်းစွမ်းဆောင်ရည်ပါ။ ကစားသမားတွေကို အသိအမှတ်ပြုရမှာပါ” “ထိပ်သီး၆သင်းထံကနေ တစ်ခုခု ရတာက ကျွန်တော်တို့ မျှော်မှန်းထားတာမျိုး မဟုတ်တဲ့အရာပါ။ အနာဂတ်မြှ အဲ့ဒီလိုအသင်းတွေနဲ့ ကျွန်တေ်ာတို့ ပြိုင်ဆိုင်နိုင်ရပါမယ်။ ကျွန်တော်တို့ ဘယ်မှာမဆို အနိုင်ယူနိုင်တယ်ဆိုတဲ့ ယုံကြည်မှုမျိုး ရှိရပါမယ်။ အဲ့ဒါက ကျွန်တော်တို့ကို ဒီနေ့ ကူညီပေးခဲ့တာပါး နွေရာသီမှာ လုပ်ရမယ့် အခက်ခဲဆုံးအရာက အခုရနေတဲ့ စိတ်ဓာတ်ပိုင်းကို ဆက်ထိန်းပြီး အသင်းမှာ ဟန်ချက်တည်ဆောက်ရမယ်ဆိုတာပါ”လို့ ပြောခဲ့ပါတယ်။

#အာဆင်နယ် #နယူးကာဆယ် #ဟိုဝီ