ရှေ့သို့
Image

အက်ဖ်အေဖလား အောင်ပွဲခံဖို့ အချိန်မရှိတဲ့အပေါ် မကျေမနပ်ဖြစ်နေတဲ့ ယာဂန်ကလော့ပ်

2:48 PM, 16 May

လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က အသင်း၏ အက်ဖ်အေဖလားအောင်ပွဲခံအခမ်းအနား ပြုလုပ်နိုင်ခြင်း မရှိသေးကြောင်း ဖွင့်ဟပြောဆိုသည်။

စနေနေ့ညပိုင်းက အက်ဖ်အေဖလားဗိုလ်လုပွဲတွင် ချဲလ်ဆီးကို ပယ်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့သော်လည်း လီဗာပူးအဖို့ အောင်ပွဲခံရန် အချိန်မရှိဘဲ အင်္ဂါညပိုင်းတွင် ပရီးမီယားလိဂ်လက်ကျန်ပွဲစဉ်အဖြစ် ရင်ဆိုင်ရမည့် ဆောက်သမ်တန်နှင့်ပွဲစဉ်အတွက် ပြင်ဆင်နေရသည်။

ကလော့ပ်က “စနေညမှာ တစ်ပွဲကစားခဲ့ရတဲ့အသင်းက အင်္ဂါညမှာ နောက်တစ်ပွဲကစားစေတဲ့ ပွဲစဉ်ဇယား ရေးဆွဲခဲ့သူအကုန်လုံးကို ကျေးဇူးတင်ပါတယ်။ တကယ်လို့သာ ဒီပွဲက ကြာသပတေးညမှာ ကစားရမယ်ဆိုရင် ကျွန်တော်တို့အသင်း အောင်ပွဲခံတဲ့အနေနဲ့ အနည်းဆုံးဘီယာတစ်ခွက်တော့ သောက်ပြီးပြီ။ ပြီးရင်တော့ ဆောက်သမ်တန်နဲ့ပွဲစဉ်အတွက် ပြင်ဆင်ရမှာပါ။ ဒါက မုသားတစ်ခုပဲ။ အခုထိ ကျွန်တော် တစ်ခွက်လောက် တောင်မသောက်ရသေးဘူး”ဟု ဆိုသည်။

#လီဗာပူး #ကလော့ပ် #အက်ဖ်အေဖလား