ရှေ့သို့
Image

ကံတရားက လီဗာပူးဘက်မှာ ရောက်နေလို့ ရှုံးသွားတာဆိုတဲ့ တူချယ်

3:34 PM, 15 May

ဖေဖော်ဝါရီလက ကာရာဘောင်းဖလားဖိုင်နယ်မှာ ချဲလ်‌ဆီးဟာ လီဗာပူးကိုပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့သလို ယ‌မန်‌နေ့က အက်ဖ်အေဖလားဖိုင်နယ်မှာလည်း လီဗာပူးကို ပင်နယ်တီအဆုံးအဖြတ်နဲ့ပဲ ထပ်မံရှုံးနိမ့်ခဲ့ပြန်ပြီဖြစ်ပါတယ်။


အချိန်ပိုပြီးဆုံးချိန်အထိ နှစ်ဖက်အသင်းစလုံး တစ်ဂိုးမှမသွင်းယူနိုင်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ကို ထပ်မံသွားခဲ့ရတာဖြစ်ပါတယ်။


လီဗာပူးဟာ ချဲလ်‌ဆီးကို နှစ်ကြိမ်ဆက်တိုက်အနိုင်ယူခဲ့ပြီဖြစ်တာကြောင့် အဆင်မပြေမှုတွေကြုံတွေ့နေရတဲ့အတွက်တော့ ချဲလ်‌ဆီးအတွက်တော့ ယခုနှစ်ရာသီဟာ အလှည့်အပြောင်းများတဲ့ ရာသီတစ်ခုဖြစ်လာခဲ့ပြီဖြစ်ပါတယ်။


ယမန်နှစ်ကရခဲ့တဲ့ ချန်ပီယံလိဂ်အောင်မြင်မှုကြောင့် တူချယ်ဟာ သူ့ရဲ့အသင်းကို ယူအီးအက်ဖ်အေစူပါဖလားနဲ့ ကလပ်အသင်းကမ္ဘာ့ဖလားရအောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ ယခုနှစ်မှာတော့ ပြည်တွင်းမှာတောင် အဆင်မပြေခဲ့ဘူးဖြစ်နေခဲ့ပါပြီ။


အေဗရာမိုဗစ်ခ်ျအပေါ် အစိုးရရဲ့အရေးယူပိတ်ဆို့မှုတွေကြောင့် အသင်းအနေနဲ့ အာရုံပျက်ပြားခဲ့ပေမဲ့ တစ်ခြားအကြောင်းအရင်တစ်ခုကြောင့်ဖြစ်တယ်လို့ တူချယ်ကဆိုပါတယ်။


Talksport ကို သူက “ကျွန်တော်တို့ လီဗာပူးနဲ့ ပွဲချိန် ၂၄၀ ကစားဖူးပြီးတာတောင် သရေရလဒ်ပဲ ရနေတုန်းပဲ။ ဒီတော့ ပင်နယ်တီအဆုံးအဖြတ်ထပ်သွားရပြီး ဒုတိယအကောင်းဆုံးအသင်းပဲဖြစ်ခဲ့ရတာ တော်တော်ရင်နာရပါတယ်။


သူတို့က‌ ဒီလိုစွမ်းဆောင်ရည်မျိုးတွေကို တစ်ပတ်မှာ ၃ ခါလောက်လုပ်နိုင်တဲ့အချိန်မှာ ကျွန်တော်တို့က မလုပ်နိုင်ဘူးဗျ။ သူတို့နဲ့ ယှဉ်ပြီးကစားလို့ရတယ်။ ခြေစွမ်းလည်းယှဉ်လို့ရတယ်။ ဒါပေမဲ့ အဲဒီနေရာမှာတော့ ကွာတယ်ဗျ။ ဒီနေ့ကိစ္စကို ကျွန်တော်တို့ ဘာမှလုပ်လို့မရသလို ကံကသူတို့ဖက်ပါနေတာဆိုတော့ ကျွန်တော်တို့ လက်ခံရပါမယ်” လို့ ဆိုခဲ့ပါတယ်။


ဆက်လက်ပြီး တူချယ်က သူ့အသင်းကို အောက်အသင်းလို့‌ခေါ်တာနဲ့ပက်သက်ပြီး သူ့အသင်းသားတွေသာ ယူနိုင်မယ်ဆိုရင် ဖလားဟာ လက်တစ်ကမ်းမှာ ရှိနေကြောင်း၊ ဒဏ်ရာပြဿနာတွေလည်း ရှိနေကြာင်း၊ သူတို့လည်း ကြိုးစားကစားခဲ့ပေမဲ့ ဂိုးမရှိသရေရလဒ်ကြောင့် ပင်နယ်တီကန်တော့မှ ကံမကောင်း၍ ရှုံးနိမ့်ခဲ့ရကြောင်း ဆိုပါတယ်။


သို့သော်ငြားလည်း ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်း ဂတ်ဘီအက်ဘ်ဟွန်လာဟိုကတော့ တူချယ့်ကို မသနားခဲ့ဘဲ ကွင်းတွင်းကွင်းပြင် ဘယ်လိုကိစ္စတွေရှိရှိ ကစားပွဲကို ကောင်းကောင်းကစားရမှာဖြစ်ကြောင်း၊ ပေါင်သန်း ၉၀ တန်လူကာကူကြီးဝယ်ယူပြီး ထိပ်‌ဆုံးအသင်းနဲ့ ၁၉ မှတ်ကွာတာ ရှက်ဖွယ်အတိဖြစ်ကြောင်း၊ ယခုဖလားကိုသာရနိုင်ခဲ့ပြီး ပရိသတ်တွေကျေနပ်ခဲ့မယ်ဆိုရင်တောင် သူ့အနေနဲ့ချဲလ်ဆီးရဲ့ ခြေစွမ်းကို အားမရကြောင်းဆိုခဲ့ပါတယ်။

#ချဲလ်ဆီး #တူချယ် #အက်ဖ်အေဖလား